အစွန်းရောက်ရာသီဥတု လာနီညာ ယနေ့မှ စ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်

17/10/2025 14:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

NOAA NWS Climate Prediction Center မှ အောက်တိုဘာလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ -

အစွန်းရောက်ရာသီဥတုအခြေအနေ လာနီညာ (La Niña)ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ကာ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ပုံမှန်ရာသီဥတုအခြေအနေ(Neutral)သို့ ပြန်လည်ကူးပြောင်းနိုင်ချေ ၅၅% ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

လာနီညာ အစွန်းရောက်ရာသီဥတုအခြေအနေဖြစ်လာသည့်အတွက် -

🔸မိုးရွာသွန်းနိုင်သည့် အခြေအနေ 

ကမ်းရိုးတန်းနဲ့ ကမ်းရိုးတန်းအနီး ပြည်နယ်တိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ - နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အောက်တိုဘာလကုန်အထိ နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှာ နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းပြီး

🔸အပူချိန်အခြေအနေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ဧရာဝတီတိုင်းမှအပ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အနည်းငယ်အအေးပိုနိုင်ပြီး

မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၅°C မှ ၁°C အထိ လျော့နည်းနိုင်(အအေးပိုနိုင်ကြောင်း)

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် လျော့နည်းနိုင်ကာ အအေးပိုနိုင်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။

🔸ပင်လယ်ပြင်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မိုးလွန်ကာလအတွင်း ဖြစ်ပေါ်တတ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း အကြိမ်ရေ ၁ ကြိမ်မှ ၂ ကြိမ်ခန့် ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ အရှေ့မြောက်မုတ်သုံလေတိုးဝင်မှုကြောင့် လှိုင်းလေပြင်းထန်နိုင်ပါတယ်။

လာနီညာဖြစ်ပေါ်သည့်ကာလအတွင်းအအေးပိုပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားတတ်သည့်အတွက် ဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေထိုင်ကြပါရန်လည်း တိုက်တွန်းလိုပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်