အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်တယ်လို့ GFS Model ခန့်မှန်းချက်မှာတွေ့ရှိနေရ

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်တယ်လို့ GFS Model ခန့်မှန်းချက်မှာတွေ့ရှိနေရ

အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။

 အဲ့ဒီကမှ - အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။

အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)၊ ဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာချိန်မှာ "ကာတာ"နိုင်ငံက ပေးထားတဲ့ အလှည့်ကျအမည် "DANA" ဆိုတာကို ရရှိပါမယ်။

GFS Model ကြိုတင်ခန့်မှန်းချက်အရဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Severe Cyclonic Storm-SCS အဆင့်အထိရောက်နိုင်ကြောင်းတွေ့ရတဲ့အတွက် ဒီကြိုတင်ခန့်မှန်း မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ပြီး "မုန်တိုင်းများကြိုတင်ခန့်မှန်းခြင်းနဲ့ ဆန်းစစ်အတည်ပြုခြင်း ရလဒ်များ" ထွက်ပေါ်လာတဲ့အခါမှသာ မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအားနဲ့ မြန်မာနိုင်ငံအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မဲ့ အခြေအနေ-အနည်းအများကို ထပ်မံလေ့လာတင်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
ခရမအ်းသီး

ခရမအ်းသီး

လွန်ခဲ့သော ၁ နှစ် က

၃၊ ၄ ရက်လောက်ကြိုသိရင် ကောင်းတာပေါ့ ခုတော့ မတ်ပဲ ရေလိုက်ကြဲတွေ မြုပ်ကုန်ပီ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

စည်သူလွင် • ဖြေကြားချက် 1 ခု

မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား

Sawsamson • ဖြေကြားချက် 2 ခု

စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ

kyaw khaing oo • ဖြေကြားချက် 1 ခု

မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ

Wai Linn • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။