အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းကစပြီး - ထိုင်ဝမ်ကျွန်းကိုဝင်မဲ့ တိုင်ဖွန်း KRATHON က ထိုင်ဝမ်ကျွန်းကို ဝင်တိုက်ပြီးရင် အဲ့ဒီနားမှာပဲ အားပျော့ သွားနိုင်တော့မှာဖြစ်ကြောင်း တွေ့ရပါတယ်။
ဒါကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်၊ တောင်တရုတ်ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာတာမရှိတော့ရင် မိုးနှောင်ကာလအဆုံး(အောက်တိုဘာ ၇ ရက်နေ့ခန့်)မှ စပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာသာ နေရာကျဲကျဲ မိုးများနိုင်တဲ့ အခြေအနေသာလျှင်ရှိပါတော့မယ်။
ကျန်ပြည်နယ်တိုင်းတွေမှာ တဖြည်းဖြည်းမိုးနည်းသွားပြီး သီတင်းကျွတ်ပွဲတော်ကာလအတွင်း ခြောက်ခြောက်သွေ့သွေ့နဲ့ ဆင်နွဲနိုင်ကာ မိုးလွန်ကာလအတွင်းမှာလဲ အခါလွန်မိုး/ဖျက်မိုးရွာနိုင်မဲ့ ရန်က လွတ်သွားနိုင်ပါမယ်။
ယနေ့အောက်တိုဘာ ၂ ရက်နေ့မှာ မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ မတ္တရာ၊ မန္တလေး၊ မြင်းခြံနဲ့ မြစ်ငယ် မြို့တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာခန့်(၃ လက်မနှင့် အထက်) မိုးရွာနိုင် မိုးများနိုင်ပါဦးမယ်။ မန္တလေးတိုင်းအတွင်းက ကျန်မြို့တွေမှာတော့ ၅၀ မီလီမီတာအောက် - ၂ လက်မ ခန့်သာ ရွာနိုင်ပြီး စစ်ကိုင်းတိုင်းထဲက ခမ်းပတ်(တမူး)၊ စစ်ကိုင်း၊ ပခန်းကြီး၊ ဘုတလင်၊ မြင်းမူ၊ မြောင် နဲ့ မုံရွာမြို့တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာအထက် ၈၀ မီလီမီတာခန့်(၂.၃၆ လက်မ မှ ၃ လက်မ အထက်) မိုးရွာနိုင် မိုးများနိုင်ပါဦးမယ်။
စစ်ကိုင်းတိုင်းအတွင်းက ကျန်မြို့တွေမှာတော့ ၃၀ မီလီမီတာနှင့် ၄၀ မီလီမီတာအောက် - အများဆုံး ၁ လက်မခွဲခန့်သာ ရွာနိုင်မယ်လို့ ECMWF model forecast မှာ တွေ့ရပါတယ်။
ကျန်ပြည်နယ်တိုင်းတွေအတွက် 60mm to 80mm အထက်(အများဆုံး ၃ လက်မ ဝန်းကျင်)အထိ မိုးရွာနိုင်မဲ့မြို့တွေရှိပါတယ်။
အဲ့ဒါတွေကိုတော့ MMWeather Knowledge Site ပေါ်မှာ တင်ပေးထားတဲ့ ပြည်နယ်တိုင်းအလိုက် မြို့များရဲ့ နောက် ၄ ရက် ကြိုတင်ခန့်မှန်းတွေမှာ VPN သုံးစရာ မလိုပဲကြည့်ပေးကြပါ။
ပြည်နယ်တိုင်းများတွင် နောက်လာမည့် ၄ ရက်အတွင်း ဖြစ်နိုင်ချေရှိသော မိုးလေဝသအခြေအနေများကြည့်ရန် -
(Weather Widget ကြည့်သည့်အခါ နားလည်နိုင်ရန် နမူနာပုံကိုပူးတွဲတင်ပေးထားပါတယ်)
တနင်္သာရီတိုင်း -
https://www.mmweather.org/divisional.../tanintharyi-div
ကရင်ပြည်နယ် -
https://www.mmweather.org/divisional-cities.../kayin-div
မွန်ပြည်နယ် -
https://www.mmweather.org/divisional-cities.../mon-state
ဧရာဝတီတိုင်း -
https://www.mmweather.org/divisional-cities.../ayarwaddy-div
ပဲခူးတိုင်း -
https://www.mmweather.org/divisional-cities-weather/bago-div
ရန်ကုန်တိုင်း -
https://www.mmweather.org/divisional-cities.../yangon-div
ချင်းပြည်နယ် -
https://www.mmweather.org/divisional-cities.../chin-state
ရခိုင်ပြည်နယ် -
https://www.mmweather.org/divisional-cities.../rakhine-state
နေပြည်တော် -
https://www.mmweather.org/divisional-cities.../naypyitaw-div
မကွေးတိုင်း -
https://www.mmweather.org/divisional-cities.../magway-div
မန္တလေးတိုင်း -
https://www.mmweather.org/divisional-cities.../mandalay-div
စစ်ကိုင်းတိုင်း -
https://www.mmweather.org/divisional-cities.../sagaing-div
ကယားပြည်နယ် -
https://www.mmweather.org/divisional-cities.../kayah-state
ရှမ်းပြည်နယ် -
https://www.mmweather.org/divisional-cities.../shan-state
ကချင်ပြည်နယ် -
https://www.mmweather.org/divisional-cities.../kachin-state
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်