အောက်တိုဘာ ၇ - ၁၀ ရက်အတွင်း သဘာဝဘေး သတိပြုရမည့် မြို့နယ်များ

08/10/2025 13:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာ ၇ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

 

🔸မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်သည့် ပြည်နယ်/တိုင်းများ -  ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်

🔸အနိမ့်ပိုင်းဒေသများတွင် ရေကြီးနိုင်သည့်အခြေအနေဖြစ်ပေါ်နိုင်သော ပြည်နယ်တိုင်းများ - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်

🔸နေရာကွက်ပြီး မိုးများနိုင်သဖြင့် တောင်ပြို/မြေပြိုခြင်းဖြစ်နိုင်သည့် ပြည်နယ်/တိုင်းများ - ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်

🔸နေရာကွက်၍မိုးသည်းထန်ခြင်းကြောင့် စိုက်ပျိုးမြေများနှင့် အနိမ့်ပိုင်းလူနေရပ်ကွက်များ၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည့်/ဖြစ်ပေါ်တတ်သည့် ပြည်နယ်တိုင်း/ဒေသများရှိနိုင်ပါသည်။

🔸အနိမ့်ပိုင်းဒေသများ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးနိုင်သည့်အခြေအနေဖြစ်ပေါ်နိုင်သော ပြည်နယ်တိုင်းများ - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊  ရခိုင်ပြည်နယ်။

🔸နေရာကွက်ပြီး မိုးများနိုင်သဖြင့် တောင်ပြို/မြေပြိုခြင်းဖြစ်နိုင်သည့် ပြည်နယ်/တိုင်းများ - ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်

🔸မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်ဒေသများနှင့် ကမ်းနီးပင်လယ်ပြင်တို့တွင် လှိုင်းလေပြင်းထန်နိုင်သည်။

နေရာကွက်၍မိုးသည်းထန်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဟန့်အတားဖြစ်စေနိုင်ပြီး တောင်ထူထပ်သောဒေသများတွင် မြေပြိုနိုင်ခြင်း၊ မြစ်ချောင်းများ၏ရေမြင့်တက်လာနိုင်သည့်အခြေအနေကို သတိထားစောင့်ကြည့်ခြင်းများ သတိပြုဆောင်ရွက်သင့်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်