လာမည့် ၁ ပတ်အတွင်း နိုင်ငံအနှံ့မုတ်သုံမိုး အသင့်အတင့်ဆက်လက်ရွာနိုင်

10/09/2025 13:36 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

လာမည့် ၁ ပတ်အတွင်း အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေ - မာချီလီပတ်တနမ်(Machilipatanam)မြို့အနီးမှာ အမြင့်ပေ ၅၀၀၀ အထက်၊ လေပွေလှိုင်း(Upper Air Cyclonic Circulation)တစ်ခုဖြစ်နိုင်ပြီး တောင်တရုတ်ပင်လယ်မှာလည်း အလားတူ အထေက်အမြင့်ပေ ၅၀၀၀ အထက်မှာ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နိုင်ပါတယ်။

ဒီအခြေအနေကြောင့် အနောက်တောင်မုတ်သုံလေက ဘင်္ဂလားကင်လယ်အော်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာအားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ အားအနည်းငယ်မှ အားအသင့်အတင့်သာရှိနိုင်ပါတယ်။

မြန်မာနိုင်ငံပေါ်မှာ နိုင်ငံအနှံ့မုတ်သုံမိုး အသင့်အတင့်ဆက်လက်ရွာနိုင်ပြီး "မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှအပ" မိုးများနိုင်မည့်အခြေအနေများလျော့နည်းနေပါလိမ့်မယ်။ 

စက်တင်လ ၂၀ ရက်ကျော်မှသာ ပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းတွေကြောင့် မုတ်သုံအားပြန်ကောင်းလာနိုင်ပြီး မိုးများနိုင်သည့်အခြေအနေများပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။

မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခန့်မှန်းချက်ကြည့်ရန် -

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weather

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်