စက်တင်ဘာလ ၂၅ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ရရှိတဲ့ GloFAS system update အရ -
🔸 နေပြည်တော်(တပ်ကုန်း)ဧရိယာအတွင်းမှ စစ်တောင်းမြစ်ဝှမ်း(စစ်တောင်းမြစ်)အခြေအနေအား MEDIUM LEVEL ALERT သတ်မှတ်သတိပေးထားပြီး အောက်တိုဘာလ ၇ ရက်အထိ MEDIUM ALERT LEVEL ဆက်ရှိနေနိုင်ပါတယ်။
🔸 ပဲခူးတိုင်းတောင်ငူခရိုင်အတွင်းမှာလည် စစ်တောင်းမြစ်ဝှမ်း(စစ်တောင်းမြစ်)ရေကြီးနိုင်မည့်အခြအနေသတိပေးချက် MEDIUM ALERT LEVEL တွင် အောက်တိုဘာလ ၇ ရက်အထိဆက်ရှိနေနိုင်ပါတယ်။

🔸 စစ်တောင်းမြစ်ဝှမ်းတလျှောက် မိုးအသင့်အတင့်ဆက်လက်ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်နယ်စပ် တောင်ကြောများပေါ်မှာ မိုးသည်းထန်နိုင်မည့်အခြေအနေသည်
📌စစ်တောင်းမြစ်အောက်ရေတောင့်နေနိုင်ခြင်း၊
📌နေပြည်တော်တပ်ကုန်း(အထက်ဘက်)မှ မြစ်ရေထပ်ဆင်းလာနိုင်ခြင်းတို့ကြောင့်
🔸ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် မြစ်ရေကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။
🔸မြစ်ကမ်းဘေးရှိအနိမ့်ပိုင်းကျေးရွာ/ရပ်ကွက်များတွင် ရေကြီးနိုင်မည့်အခြေအနေဆက်လက်ဖြစ်ပေါ်နေနိုင်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။