အောက်တိုဘာလအတွင်း ဖြစ်ပေါ်နိုင်မည့် ထူးခြားမိုးလေဝသအခြေအနေများ

27/09/2024 09:29 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ရရှိသည့်ဒေတာများအရ

🔸 မိုးလေဝသဖြစ်နိုင်ချေ

၂၀၂၄ ခုနှစ်ရဲ့ စက်တင်ဘာလ အကုန် အောက်တိုဘာလအကူးမှာ တောင်တရုတ်ပင်လယ်ရဲ့ မြောက်ပိုင်းနဲ့ အရှေ့ဘက်(ဖိလစ်ပိုင်အရှေ့)မှာ မုန်တိုင်းတွေဖြစ်လာပေမဲ့ တောင်တရုတ်ပင်လယ်ထဲကို ဝင်လာမဲ့ အရိပ်အယောင်မတွေ့ရပါဘူး။

🔸 တရုတ်ပြည်မကြီးပေါ်နှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့၏ လေဖိအားများ/လေဖိအားနည်းကွာခြားချက်များကြောင့် အရှေ့မြောက်ဘက်မှ လေစီးကြောင်းနှင့်အတူ မိုးတိမ်များရွေ့လျားဝင်ရောက်လာနိုင်သည့် အခြေအနေကိုလည်းတွေ့နေရပါတယ်။ (ပုံ-၁)

🔸 ထူးခြားသော မိုးရွာသွန်းနိုင်သည့်အခြေအနေ

💦💦 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဖျားပိုင်းတို့တွင် မိုးရွာသွန်းမှု အလွန်များနိုင်မည့်အခြေအနေတွေ့နေရပါသည်။ (ပုံ-၂)

🔸 အောက်တိုဘာလအတွင်းပြည်နယ်နှင့်တိုင်းများအလိုက် ရွာသွန်းနိုင်သည့် မိုးအခြေအနေ (ပုံ-၃)

💦 ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲအထက် မိုးရွာသွန်းပြီး

💦 စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အတိုင်းသာ ရွာသွန်းနိုင်မည်ဖြစ်ကြောင်း တွေ့ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်