တိုင်ဖွန်းမုန်တိုင်း BUALOI၏ သက်ရောက်မှုကြောင့် သတိပြုရမည့် ပြည်နယ်တိုင်းဒေသများ

29/09/2025 09:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာလ ၂၈ ရက် ည ၁၀ နာရီ ၂၀ မိနစ်မှာ တိုင်ဖွန်းမုန်တိုင်းဗဟို ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အထိ မြန်မာပြည်မှာ နေရာအနှံ့အပြားမိုးရွာနိုင်၊ နေရာကွက်ပြီး မိုးများနိုင်ပါမယ်။ 

🔸၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းယာဂိမုန်တိုင်းအကြွင်းအကျန်များလောက် မိုးများနိုင်ခြင်းမဖြစ်၊ ရေကြီးရေလျှံခြင်းဆိုးရွားစွာဖြစ်ခြင်း မရှိနိုင်ပေမဲ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီ ၂၀ ခန့်မှန်းချက်များအရ

အရှေ့ဘက်မှ ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင်ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျား လာမည်ဖြစ်သည်။ အရွယ်အစားအချင်းမိုင် ၃၀၀ ကျော်နှင့် CAT-1 အဆင့်ရှိနေသော၊ တိုင်ဖွန်းမုန်တိုင်း BUALOI ၏အကြွင်းအကျန်များ လေပွေလှိုင်းများနှင့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်းမှ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရွေ့လျားပြီး ပိုမိုအားကောင်းလာမည့်လေဖိအားနည်းရပ်ဝန်း အရှိန်သက်ရောက်မှုများကြောင့် -

•  ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၂ ရက်အတွင်း မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် လေပြင်း တနာရီ မိုင် ၃၀ ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၈ ပေခန့်အထိ ရှိနိုင်ပါတယ်။ ဤကာလအတွင်း ပင်လယ်ပြင်ခရီးသွားခြင်းနှင့် ရေလုပ်သားများပင်လယ်သို့ထွက်ခွာခြင်းများကို ရှောင်ကြဉ်သင့်ပါတယ်။

•  ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် 100mm to 220mm(၄ လက်မ မှ ၈ လက်မအထက်အထိ) ဒေသအလိုက်ရွာသွန်းရရှိနိုင်ပါတယ်။

•  မကွေးတိုင်းတွင် မိုးရွာသွန်းမှုလျော့နည်းနေနိုင်ပြီး၊ ၇ ရက်အတွင်း မိုးရေချိန် 40-90mm(၁.၅၇ လက်မ မှ ၃.၅၄ လက်မခန့်)ရွာသွန်းရရှိနိုင်ပါမယ်။ မကွေးတိုင်းအတွင်း နေရာကွက်၍မိုးသည်းထန်နိုင်မည့်အခြေအနေကို သတိပြု-ဂရုစိုက်ကြရပါမယ်။

သဘာဝဘေးအန္တရာယ်ရှိနိုင်သည့် ပြည်နယ်/တိုင်းဒေသများ

•  ရခိုင်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်း၊ ချင်းပြည်နယ် မိုးသည်းထန်နိုင်/မိုးရေချိန်များနိုင် - ၇ ရက်အတွင်း မိုးရေချိန် 200+ mm= ၈ လက်မခန့်

•  မကွေးတိုင်း၊ မန္တလေးတိုင်း မိုးပြတ်တောင်းရွာသွန်းမှုစိပ်ပြီး ယာယီမိုးသည်းထန်နိုင်ခြင်းကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ပွားနိုင် - (၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 90-100mm= ၄ လက်မခန့်)

•  မိုးပြတ်တောင်းရွာသွန်းခြင်း/ခေတ္တမျှမိုးသည်းထန်နိုင်ခြင်းတို့ကြောင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ  ကုန်းမြင့်/တောင်ထူထပ်သည့်ဧရိယာများတွင် မြစ်/တောင်ကျချောင်းရေများ ရုတ်ချည်းမြင့်တက်လာနိုင်

•  လယ်ကွင်းပြင်များ၊ သစ်ပင်မြင့်များရှိသည့်ဧရိယာများတွင် လျှပ်စီးလက်/မိုးကြိုးပစ်ခြင်းအန္တရာယ်ရှိနိုင်

•  ချင်း၊ ကချင်၊ ရှမ်း-မြောက်နှင့် ရခိုင်ပြည်နယ်များတွင် တောင်စောင်းများတွင်မိုးသည်းထန်ခြင်းကြောင့် တောင်ကျချောင်းရေကျဆင်းပြီး၊ မြေပြို/တောင်ပြိုခြင်းများ၊ ရုတ်ချည်းရေကြီးခြင်းများဖြစ်နိုင်

ဤကာလအတွင်း စက်တင်ဘာလ ၂၉ ရက် မှ အောက်တိုဘာ ၅ ရက်အတွင်း)ဖြစ်ပေါ်လာနိုင်မည့် မိုးသည်းထန်နိုင်ခြင်း၊ တောင်ကျချောင်းရေကျဆင်းမှုကြောင့် ရုတ်ချည်းရေကြီးနိုင်ခြင်း၊ မြစ်ရေ(စစ်တောင်းနှင့် သံလွင်)မြင့်တက်လာနိုင်ခြင်းတို့ကို သတင်းအချက်အလက်ရရှိသည်နှင့် တင်ပြအသိပေးနေမည်ဖြစ်ပါ၍ မိုးလေဝသအခြေအနေသတင်းများကို မပြတ်ဂရုစိုက်ကြည့်ရှုမျှဝေပေးကြပါရန်တိုက်တွန်းပါတယ်။

ပြည်နယ်တိုင်းများအလိုက် ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန် -

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weathe

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်