စက်တင်ဘာလ ၁၀ ရက် နံနက် ၆ နာရီ မှ ၁၁ ရက် နံနက် ၆ နာရီ အတွင်းမိုးများနိုင်သည့်ဒေသများ

05/09/2025 13:43 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၅ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ရရှိသည့် Update ဒေတာများအရ

တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်ပင်လယ်ပြင်မှာ စောင့်ကြည့်ရမည့် INVEST-97W နှင့် ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှာ INVEST-96W တို့ စက်တင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီးဖြစ်ပေါ်နေတာတွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်ဘက်မှ 97W က ပိုပြီးအားကောင်းလာနိုင်ကာ ဟောင်ကောင်-မကာအိုတောင်ဘက် ပင်လယ်ပြင်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ 96W ကတော့ 97W နှင့်ပူးပေါင်းသွားနိုင်မယ်၊ 97W သာ ကျန်ခဲ့မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်ကို ECMWF, GFS နဲ့ ICON model forecast တွေမှာ တွေ့နေရပါတယ်။

97W သည် စက်တင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းစသည်ဖြင့်တဆင့်ပြီးတဆင့် အားကောင်းလာနိုင်ပြီးတော့ စက်တင်ဘာလ ၈ ရက် ညပိုင်းမှာ မကာအိုမြို့အနောက်ဘက်၊ တရုတ်ပြည်မအနောက်တောင်ဘက်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ကနဦးကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပြီဖြစ်ပါတယ်။

ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဘက်ကို မုန်တိုင်းအကြွင်းအကျန်များ ရွေ့လျားရောက်ရှိလာပြီး မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့တိုင်ဖွန်းအကြွင်းအကျန်များဝင်ရောက်စဉ်က မိုးတွေရွာသလိုပဲ ရွာဦးမှာဖြစ်ပါတယ်။

ဆိုတော့ မြန်မာနိုင်ငံဘက်တွင် မုန်တိုင်းအကြွင်းအကျန်သက်ရောက်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်းချက်

လက်ရှိအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ - စက်တင်ဘာလ ၁၀ ရက် နံနက် ၆ နာရီ မှ ၁၁ ရက် နံနက် ၆ နာရီ အတွင်း မုန်တိုင်းအကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင်နေရာကွက်၍မိုးသည်းထန်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပါကြောင်း ကြိုတင်ခန့်မှန်းချက်အနေဖြင့် တင်ပြလိုက်ပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်