မုန်တိုင်းအရွယ်အစားအချင်းမိုင် ၂၆၀ ကျော်ခန့်နဲ့ မုန်တိုင်းမျက်စေ့အချင်း ၂၁ မိုင်ရှိတဲ့ YAGI သတင်းupdate

06/09/2024 09:14 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီ ၂၀ မိနစ်အချိန်အထိ - တိုင်ဖွန်းမုန်တိုင်း CAT-4 တိုင်ဖွန်းအဖြစ်ဆက်လက်ရှိနေဆဲဖြစ်ပြီး ဗဟိုချက်အနီးလေတိုက်နှုန်း 118knots(တနာရီ ၁၃၅ မိုင်ခန့်)သို့ ဆက်လက် လျော့ကျလျက်ရှိပါတယ်။

မုန်တိုင်းအရွယ်အစားအချင်းမိုင် ၂၆၀ ကျော်ခန့်ရှိပြီး မုန်တိုင်းမျက်စေ့အချင်း ၂၁ မိုင်ရှိကြောင်းတွေ့ရပါတယ်။ 

တရုတ်ပြည်မ-ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်အားကျော်ဖြတ်ပြီးနောက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားစဉ် ဗဟိုအနီးလေတိုက်နှုန်း 80 knots(တနာရီ ၉၂ မိုင်နှုန်း)ခန့်အထိ လျော့ကျသွားနိုင်ကြောင်း ယနေ့နံနက်အစောပိုင်းခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

ဗီယက်နမ်ကမ်းခြေကို CAM PHA မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် စက်တင်ဘာ ၈ ရက် ည ၇ နာရီခန့် လာအိုနိုင်ငံမြောက်ပိုင်းမှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဆင့်မှ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များက ရွှေတြိဂံဒေသပေါ်မှ မြန်မာနိုင်ငံအရှေ့ပိုင်းကို ဆက်လက်ဦးတည်ရွေ့လျားဝင်ရောက်ပြီးနောက် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ပေါ်မှ ဖြတ်ကျော်ကာစက်တင်ဘာ ၁၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်အထိ ဆက်လက်ရွေ့လျားသွားမှာဖြစ်ကြောင်း

မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များနဲ့ လေပွေလှိုင်းရွေ့လျားရာလမ်းတလျှောက်မှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသတွင်းရှိဒေသအချို့မှာ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း မိုးသည်းထန်၊ပြီး မိုးများနိုင်ကြောင်း ECMWF ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။

.စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်မှာ ၄၈ နာရီအတွင်း မိုးများနိုင်မဲ့ဒေသတွေဖြစ်တဲ့ - တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသများမှာ ၄၈ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်စုစုပေါင်း အခြေအနေပြ မြေပုံဖြစ်ပါတယ်။

🔴 ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာတော့ မိုးအလွန်များနိုင်ပါမယ်။

တောင်ကျရေများကျဆင်းပြီး .. လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းစတဲ့ ဖြစ်စဉ်များ ဖြစ်လာနိုင်တာကြောင့် အထူးသတိထားကြဘို့ လိုပါမယ်။

စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ တိုင်ဖွန်း YAGI ရဲ့ ရှေ့အဖျားပိုင်းက ဟိုင်နန်ကျွန်းကို စ ပြီး ထိနေပါပြီ။ ဒီနေ့ ညပိုင်းလောက်မှာတော့ မုန်တိုင်းတခုလုံး ဟိုင်နန်ကျွန်းကို ကျော်ဖြတ်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုအချိန်(နံနက် ၁၀ နာရီ ၂၀ မိနစ်)မှာ မုန်တိုင်းဗဟိုအနီးလေတိုက်နှုန်းလဲ 130 knots အောက်ကို တဖြည်းဖြည့် လျော့ကျလာပြီဖြစ်ကြောင်း Real-time  D-MINT chart မှာ တွေ့ရပါတယ်။

🔴 ပင်လယ်ပြင် ရေလုပ်ငန်းများအတွက်တော့ စက်တင်ဘာလ ၁၂ ရက်နောက်ပိုင်းမှသာ ပင်လယ်မှာ လှိုင်း/လေ လျော့သွားနိုင်ပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်