စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အတွင်း မိုးများနိုင်သောဒေသများ

06/09/2024 16:02 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာလ ၆ ရက် ညနေ ၃ နာရီရရှိသည့် ဒေတာများအရ

🔸 တိုင်ဖွန်းမုန်တိုင်း YAGI သည် စက်တင်ဘာလ ၆ ရက် ယနေ့နေ့လယ်ပိုင်းမှာ ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်ကို JinShan မြို့အနီးမှ CAT-4 တိုင်ဖွန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း ၁ နာရီ မိုင် ၁၄၀ နီးပါးဖြင့်)ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အနည်းငယ်အားလျော့သွားကာ ဗီယက်နန်အရှေ့ဘက်ကမ်းခြေဆီ ဆက်လက်ဦးတည်ရွေ့လျားမှာ ဖြစ်ပါတယ်။

🔸 ကြိုတင်ခန့်မှန်းချက်များအရ ဗီယက်နမ်ကမ်းခြေကို Cam-Pha မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တဲ့အခါ CT-2 တိုင်ဖွန်းမုန်တိုင်း(လေတိုက်နှုန်း ၁ နာရီ ၁၀၇ မိုင်နှုန်းခန့်ဖြင့်)ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ်အားလျော့သွားကာ လာအိုနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းပြီး ရွှေတြိဂံဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rangpur အထိ မုန်တိုင်းအကြွင်းအကျန်နဲ့ လေပွေလှိုင်းတွေ ဖြတ်သန်းသွားမယ်လို့ ကြိုတင်ခန့်မှန်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဗီယက်နမ်ကမ်းခြေဖြတ်ကျော်ကာနီးမှာ CAT-2 တိုင်ဖွန်းမုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာတာကြောင့် ကြိုတင်ခန့်မှန်းချက်အတိုင်း မုန်တိုင်းအကြွင်းအကျန်၊ လေပွေလှိုင်းများဖြတ်သန်းနိုင်ချေက များလာကြောင်းတွေ့ရပါတယ်။

🔸 တချိန်ထဲမှာဘဲ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက နောက် ၂၄ နာရီအတွင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။)

အခုလို ထူခြားမိုးလေဝသအခြေအနေများကြောင့် -

🔸 မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ စက်တင်ဘာ ၈ ရက်မှ ၁၁ ရက် အထိ ၃ ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာမှ ၃၀၀ မီလီမီတာအထက်အထိ မိုးရွာသွန်းမှုများနိုင်ပါမယ်။ 

🔸 ချင်းပြည်နယ်နဲ့ မကွေးတိုင်းမှာတော့ မိုးရွာနိုင်ချေ ၁၀၀% ရှိသော်လည်း နေရာကွက်ပြီးတော့သာ မိုးများနိုင်ပါမယ်။

🔸 လေပြင်းတိုက်ခတ်နိုင်ချေအနေနဲ့ ကုန်းတွင်းမှာ တစ်နာရီ မိုင် ၂၀ ခန့်နဲ့ ပင်လယ်ပြင်မှာ တစ်နာရီ မိုင် ၃၀ မှ ၄၀ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်း တင်ပြလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်