စစ်တောင်းမြစ်ရေဆင်းလာခြင်းကြောင့် မြစ်အောက်ဘက်ဒေသများ အလွန်အမင်းရေကြီးနိုင်သည့်အခြေအနေလျော့နည်းလာ

16/09/2024 09:28 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၁၅ ရက် ည ၁၂ နာရီ ၅ မိနစ်အချိန်တွင် စစ်တောင်းမြစ်၊ တောင်ငူအထက်ပိုင်းနဲ့ အောက်ဘက်ဒေသတွေမှာ ဒီရက်အတွင်း မိုးအရမ်းများတာ မရှိတော့လို့ တောင်ငူရဲ့ အထက်ဘက် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက်နားအထိတော့ ပြန်ကျလာတာတွေ့ရပြီးတောင်ငူအောက်ဘက် စစ်တောင်းမြစ်ရေအခြေအနေက ရွှေကျင်အထိ "စိုးရိမ်ရေမှတ်အောက်၊ သတိပေးရေမှတ်(Warning Level) " ကို ရောက်လာတာတွေ့ရပါတယ်။ ဒီမြစ်ရေအခြေအနေက စက်တင်ဘာ ၂၁ ရက်မှာတော့ ပုံမှန်နီးပါးအထိ ပြန်ကျနိုင်ချေရှိနေတယ်လို့လဲ GFH ခန့်မှန်းချက် update မှာတွေ့ရပါတယ်။

စစ်တောင်း-ပဲခူးတူမြောင်းနဲ့ ပဲခူးမြစ်အောက်ချေဆုံရာ တာဝမှာတော့ တူးမြောင်းက ရေအမှတ်က သတိပေးရေမှတ်(Warning Level)အောက်အတော်များများအထိကျနေတာလည်း တွေ့ရပါတယ်။

အခုလိုအခြေအနေအရ ၁၇ ရက်မှ ၂၁ ရက်အတွင်း ရေထရက်မှာ ပင်လယ်ဒီရေတက်တဲ့ အချိန်နဲ့ စစ်တောင်းမြစ်အထက်ပိုင်းက ရေဆင်းလာရင်တောင် အန္တရာယ်များနိုင်မဲ့ ဒေသတွေ လျော့သွားပါမယ်။ 

ဒီရက်ပိုင်းမှာ မိုးအခြေအနေကြိုတင်ခန့်မှန်းချက်အရလဲ စက်တင်ဘာ ၂၁ ရက်အထိတော့ မိုးက ပုံမှန် မိုးတွင်းကာလမိုးရွာသလောက်သာ မွန်းလွဲ ညနေပိုင်းတွေမှာ မိုးအသင့်အတင့်ရွာနိုင်မယ်လို့ ခန့်မှန်းရတာကြောင့် - စစ်တောင်းမြစ်အထက်ပိုင်းက ရေဆင်းလာတာထပ်မံလျော့နည်းနိုင်ပြီး ပဲခူးမြို့နဲ့ ပဲခူးအောက်ဘက် တာဝ၊ သနပ္ပင်၊ သက္ကလ စတဲ့ ဒေသတွေမှာလဲ "အလွန်အမင်းရေကြီးခြင်းဖြစ်နိုင်မဲ့ အခြေအနေ" နည်းသွားတာတွေ့ရပါတယ်။

ပဲခူးမြစ်ရေလည်း ကျဆင်းသွားမှာဖြစ်တာကြောင့် ပဲခူးမြစ်နှင့်ထိစပ်နေတဲ့ ရန်ကုန် အရှေ့ပိုင်းဒေသတွေနဲ့ သံလျင်ဘက်ကမ်းက အနိမ့်ပိုင်းဒေသတွေအတွက် ရေကြီးနိုင်မယ့် အခြေအနေ လျော့နည်းသွားနိုင်ကြောင်း၊ 

ဒီရေတက်ရက်တွေမှာတော့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအတွင်းမှ အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအနေနဲ့ မနက်ပိုင်းနဲ့ ညနေပိုင်း ရေတက်ချိန်များမှာ ဆက်လက်သတိရှိကြစေချင်ကြောင်း ခန့်မှန်းတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်