တိုင်းဒေသကြီးအားလုံး မေလအထိ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် ၁.၅ - ၂°C ပိုပူနိုင် (၂၀၂၄ မိုးရာသီကာလအား ကြိုတင်ခန့်မှန်းခြင်း)

20/02/2024 13:51 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာရရှိတဲ့ NOAA-National Oceanic and Atmospheric Administration is a scientific and regulatory agency က ထုတ်ပြန်တဲ့ The El Niño-Southern Oscillation (ENSO) အစီရင်ခံစာမှာ -

၂၀၂၄ ခုနှစ် ဧပြီလအထိ အယ်လ်နီညိုအစွန်းရောက်ရာသီဥတုဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေမဲ့အခြေအနေက ၁၀၀% ရှိနေဆဲဖြစ်ပြီး၊ မေလနဲ့ ဇွန်လတွေမှာ အယ်လ်နီညိုမဟုတ်-လာနီညာမဟုတ် ကြားနေရာသီဥတုဖြစ်စဉ်(Neutral) ဖြစ်နိုင်ချေ ၇၉% နဲ့ ဩဂုတ်လမှ နိုဝင်ဘာလအတွင်း လာနီညာအစွန်းရောက်ရာသီဥတုဖြစ်စဉ် ဖြစ်နိုင်ချေက ရာခိုင်နှုန်း ၇၀ အထက်ကို ရောက်လာကြောင်း တွေ့ရပါတယ်။

ဒီအစီရင်ခံစာအရ -

  • မြန်မာနိုင်ငံရဲ့ ဒေသအားလုံးနီးပါးမှာ ၂၀၂၄ ခုနှစ်-မေလအထိ နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် ၁.၅°C မှ ၂°C အထိ ပိုမိုနေမှာဖြစ်ကြောင်း
  • ဇူလိုင်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နှစ်စဉ်ရွာသွန်းမြဲအောက် ၃၀ မီလီမီတာမှ ၄၀ မီလီမီတာအထိသာ မိုးရေချိန်ရရှိနိုင်မှာဖြစ်ကြောင်း Meteoblue ရဲ့ Seasonal Forecast အခြေအနေကနေ တွေ့ရပါတယ်။

အခုလိုတွေ့ရတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ

  • နွေရာသီအကုန်-မိုးဦးကာလအတွင်းမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေပြီး ဘင်္ဂလားပင်လယ်အော်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများဖြစ်ပေါ်ခြင်းမရှိရင်တော့ မိုးဦးမိုးရွာသွန်းမဲ့အခြေအနေက အတော်ကို နည်းနေနိုင်ကြောင်း
  • မိုးလယ်ကာလနဲ့ မိုးနှောင်းကာလအတွင်းမှာတော့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များမရှိဘဲNeutral(ပုံမှန်ရာသီဥတုဖြစ်စဉ်)နဲ့ လာနီညာဖြစ်နိုင်ချေမြင့်တက်လာတာကြောင့် မိုးလယ်ကာလမှာ ပုံမှန်မိုးရွာသွန်းနိုင်ပြီး မိုးနှောင်း/မိုးလွန်ကာလတွေမှာ မိုးပြန်များလာနိုင်ကြောင်း သုံးသပ်ရပါတယ်။

ရာသီဥတုဖြစ်နိုင်ချေကြိုတင်ခန့်မှန်းချက်များဟာ ပင်လယ်ပြင်မှဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများရဲ့ အမြဲပြောင်းလဲတတ်တဲ့ သဘာဝရှိတာကြောင့် မိုးဦး/မိုးလယ်/မိုးနှောင်းကာလ ၃ ခုစလုံးမှာ ဖြစ်ပေါ်တတ်တဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်များကို သတိထားစောင့်ကြည့်ကြဖို့လိုအပ်ပြီး ထူးခြားမိုးလေဝသဖြစ်စဉ်ဖြစ်ပေါ်နိုင်မဲ့အခြေအနေကြိုတင်တွေ့ရတာနဲ့ ကျနော့်အနေနဲ့ အသိပေးတင်ပြပေးသွားမှာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်