ယနေ့ ဇူလိုင် ၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ရရှိသော ဒေတာများအရ
🔸 ဧရာဝတီမြစ်
မြစ်ကြီးနား ရေပြန်တက်နိုင်သည်။
မြစ်အောက်ပိုင်းမြို့များ ရေဆက်တက်နိုင်သည်။
🔸 ချင်းတွင်းမြစ်
ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
🔸 မြစ်သာမြစ် - ကလေးမြို့ ရေဆက်တက်နိုင်သည်။
🔸 စစ်တောင်းမြစ် - တောင်ငူ ရေဆက်တက်နိုင်သည်။
🔸 သံလွင်မြစ် - ဘားအံ ရေဆက်တက်နိုင်သည်။
🔸 ငဝန်မြစ် - ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ် ရေဆက်တက်နိုင်သည်။
🔸 တိုးမြစ် - မအူပင် ရေဆက်တက်နိုင်သည်။
🔸 နန့်ယင်း/နန့်ကောင်းချောင်း - မိုးကောင်း ရေဆက်တက်နိုင်သည်။


မိုးရွာသွန်းနိုင်သည့်အခြေအနေများ(ECMWF)
🔸 နောက်လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း(ချင်းတွင်းမြစ်ဖျား)နှင့် ကချင်ပြည်နယ်(ဧရာဝတီမြစ်ဖျား)ဒေသများတွင် မိုးရေချိန် ၁၃၅ မီလီမီတာမှ ၂၃၀ မီလီမီတာ(၅ လက်မအထက် မှ ၉ လက်မအထက်)အထိ ရွာသွန်းနိုင် မိုးများနိုင်သည်။
🔸 ၂၄ နာရီအတွင်း ၃၀ မီလီမီတာနှင့်အထက် ရွာသွန်းနိုင်မည့်ဒေသများ
နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊
🔸 ကျန်ပြည်နယ်တိုင်းဒေသများ
၅ မီလီမီတာ မှ ၁၀ မီလီမီတာခန့်(၀.၁၉ လက်မ မှ ၀.၄ လက်မခန့်)မိုးရေချိန်ရရှိနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more