နိုဝင်ဘာ ၈ - ၁၂ ရက်အတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသအခြေအနေများ

06/11/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာလ ၆ ရက် နံနက် ၁၁ နာရီမှာ တွေ့ရတဲ့ မိုးလေဝသဒေတာတွေအရ ယနေ့နဲ့ မနက်ဖြန်မှာ ထူးခြားမိုးလေဝသ ဖြစ်စဉ်တွေဖြစ်နိုင်ချေ အရမ်းနည်းနေတာကြောင့် နိုဝင်ဘာလ ၈ - ၁၂ ရက်ရဲ့ မိုးလေဝသအခြေအနေတွေကိုသာ ပြောပြပေးသွားပါ့မယ်။

NOAA ရဲ့ကြိုတင်ခန့်မှန်းချက်အရ

  • ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ မုန်တိုင်းဖြစ်နိုင်ချေက ၂၀ % သာ ရှိနေကြောင်း
  •  နိုဝင်ဘာလ ၈ ရက်မှ ၂၁ ရက်အထိကာလအတွင်း မိုးရွာသွန်းနိုင်မယ့်အခြေအနေက နှစ်စဉ်ရွာသွန်းမြဲအောက် ၆၅% မှ ၈၀% အထိ လျော့နည်းနိုင်ကြောင်းပဲ ဖြစ်ပါတယ်။ 

METEOBLUE ကြိုတင်ခန့်မှန်းချက်အရ

နိုဝင်ဘာလအတွင်း 

  • ကချင်ပြည်နယ်အထက်ပိုင်းမှာ နှစ်စဉ်နိုဝင်ဘာလအတွင်း မိုးရွာသွန်းခြင်းရဲ့ ပုံမှန်ရွာသွန်းမြဲအောက်
  • ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ်-အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ နိုဝင်ဘာလအတွင်းမိုးရွာသွန်းခြင်းရဲ့ ပုံမှန်ရွာသွန်းမြဲအထက်
  • ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်းတွေမှာတော့ နိုဝင်ဘာလအတွင်းမိုးရွာသွန်းခြင်းရဲ့ ပုံမှန်ရွာသွန်းမြဲခန့်သာ ရွာသွန်းနိုင်ချေရှိကြောင်း ခန့်မှန်းချက်ရှိနေတာတွေ့ရပါတယ်။

WINDY ကြိုတင်ခန့်မှန်းချက်ကတော့ 

နိုဝင်ဘာလ ၁၅ ရက်အထိ ကြိုတင်ခန့်မှန်းချက်မှာတော့ နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းမှ နိုဝင်ဘာ ၁၃ ရက်အတွင်းမှာ အရှေ့ဘက်မှ မိုးတိမ်များဝင်ရောက်လာနိုင်ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်မယ့် အခြေအနေများဖြစ်ပေါ်နိုင်တာကလွဲရင် ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာတော့ တိမ်ကင်းစင်ပြီး သာယာနေနိုင်ကြောင်းတွေ့ရပါတယ်။

Photo - ဦးဝင်းနိုင်

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်