နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းမှာ ဖြစ်နိုင်ချေရှိတဲ့ မုန်တိုင်း ၂ လုံးရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

21/11/2023 16:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အစိမ်းရောင်လမ်းက အဆက်မပြတ်တင်ပေးနေတဲ့ မိုးလေဝသသတင်းတွေမှာ "ဒီနှစ် ၂၀၂၃ ခုနှစ်နဲ့ ရှေ့လာမဲ့နှစ် ၂၀၂၄ ခုနှစ်မှာ အယ်လ်နီညိုဖြစ်မယ်၊ ၂၀၂၃ ခုနှစ် ဧပြီလကတည်းက အယ်လ်နီညိုက အစပျိုးနေပြီ" .. စသည်ဖြင့်အကြိမ်ကြိမ်ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ထို့အတူ အယ်လ်နီညိုဖြစ်တဲ့နှစ်မှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေဖြစ်မယ်၊ အစွန်းရောက်ရာသီဥတုဆိုတာက ပူပြင်းခြောက်သွေ့မှုလွန်ကဲတာ - မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ အပူလှိုင်းများဖြတ်သန်းကျရောက်ခြင်း ..(သို့မဟုတ်) အေးမြစိုစွတ်မှုလွန်ကဲတာ မိုးများတာ၊ ရေကြီးတာ၊ မုန်တိုင်းတွေအဖြစ်များတာ စသည်ဖြင့် ၂ မျိုးစလုံးဖြစ်တတ်ကြောင်းလဲ ရှင်းပြပေးခဲ့ပြီးသလို ဖြစ်ခဲ့တဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကိုလဲ တင်ပြပေးခဲ့ပြီးပါပြီ။

ပုံမှန်ဆိုရင် မိုးရာသီကမုတ်သုံကာလအပြီးမှာပြီးဆုံးပြီးတော့ စိုက်ပျိုးထားတဲ့ မိုးစပါးတွေရိတ်သိမ်းကြ၊ ဆောင်းသီးနှံအတွက်ပြင်ဆင်ကြနဲ့ ပုံမှန် လယ်ယာလုပ်ငန်းတွေလည်ပတ်နေရာကနေ အယ်လ်နီညို/လာနီညာ/အိုင်အိုဒီ + /အိုင်အိုဒီ - ဖြစ်တဲ့ ဒီလိုနှစ်တွေကျတော့ မိုးလေဝသကမမှန်၊ ရာသီဥတုကဖောက်ပြန်နဲ့ တောင်သူ-လယ်သမားများအတွက် "အလွန်ဒုက္ခများပြီး သောကပွားစေတဲ့နှစ်"တွေဖြစ်လာပါတယ်။

မိုးလွန်ကာလဖျက်မိုးတွေက နိုဝင်ဘာလကုန်-၃၀ ရက်နေ့ဆိုရင် ပြီးပြီလို့သတ်မှတ်ထားပေမဲ့ ဒီဇင်ဘာလထဲအထိ ဖျက်မိုးပြဿနာက ဆက်နေတတ်တဲ့နှစ်တွေလဲ အယ်လ်နီညို/လာနီညာနှစ်တွေမှာ ရှိခဲ့ဖူးပါတယ်။ အခု ၂၀၂၃-၂၄ ခုနှစ်မှာလည်း ဒီဇင်ဘာလထဲအထိ ဖျက်မိုးအန္တရာယ်ပေးနိုင်မဲ့အခြေအနေတွေ ရှိလာနိုင်တာတွေ့နေရပါသေးတယ်။

ထူးခြားမိုးလေဝသအခြေအနေအတွက် သင်္ချာပုံစံကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှ ရက်ဝေးခန့်မှန်းချက်(နိုဝင်ဘာလ ၂၇ ရက်နောက်ပိုင်းမှ ဒီဇင်ဘာလ ၅ ရက်အထိ)

🔸 လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်နိုင်ချေ ၂၀%

🔸 ဖြစ်နိုင်သည့်အကြိမ်ရေ - ၂ ကြိမ်

ပထမအကြိမ် - နိုဝင်ဘာ၂၅-၂၆ ရက်နေ့တွင် ထိုင်းပင်လယ်ကွေ့မှတဆင့် ဝင်ရောက်လာသည့် လေဖိအားနည်းရပ်ဝန်းက ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်များသို့ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၂၈-၂၉-၃၀ ရက်များမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကုန်းတွင်းသို့ဝင်ရောက်နိုင်ကြောင်း

ဒုတိယအကြိမ် - ပထမ မုန်တိုင်းကုန်းတွင်းဝင်အပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်အတွင်းဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်း မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်းကို တွေ့ရပါတယ်။

🔸 ပထမမုန်တိုင်း - ဦးတည်နိုင်သည့်နိုင်ငံအနေနဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်လို့ တွေ့ရပါတယ်။

🔸 ဒုတိယမုန်တိုင်း - လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးနောက် မုန်တိုင်းဖြစ်နိုင်/မဖြစ်နိုင်မသေချာသေးပါ။ ကပ္ပလီပင်လယ်အတွင်း မြောက်ဘက်သို့ရွေ့လျားပြီး မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။

မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်သည့်အခြေအနေများ

🔸 á€•ထမမုန်တိုင်း - á€™á€Żá€”á€şá€á€­á€Żá€„á€şá€¸á€á€­á€Żá€€á€şá€›á€­á€Żá€€á€şá€á€„á€şá€›á€ąá€Źá€€á€şá€”á€­á€Żá€„á€şá€á€ťá€ą မရှိသေး။

🔸 á€’ုတိယမုန်တိုင်း - á€œá€ąá€•ဟင်းတိုက်ခတ်ခဟင်း အနည်းငယ်သာရှိနိုင်။

မိုးရွာသွန်းနိုင်ချေ

🔸 á€•ထမမုန်တိုင်း - á€á€”င်ယသဏရဎတိုင်းတ္ဏင်ပိုင်း(မြိတ်မြို့အောက်ဘက်) မိုးအလွန်များနိုင်ပါတယ်။

🔸 á€’ုတိယမုန်တိုင်း - á€™á€˝á€”်ပဟည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးအနည်းငယ်မှအသင့်အတင့်ရွာနိုင်၊ နေရာကွက်မိုးများနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်