ထိုင်းပင်လယ်ကွေ့မှာဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ

22/11/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🌀 INVEST-99W ဟာ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့အနောက်ဘက် ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို နိုဝင်ဘာလ ၂၇ ရက်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွေမှာ ရွေ့လျားဝင်ရောက်လာပြီး လေတိုက်နှုန်း  တစ်နာရီ မိုင် ၄၀ အထိ ရှိလာနိုင်ကာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မယ့် မိုးလေဝသအခြေအနေများ

🔸 ပင်လယ်ပြင်အခြေအနေ

မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့က စပြီးတော့ အရှေ့ဘက်မှ လေပြင်းတိုက်ခတ်တာ တစ်နာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိ ရှိနိုင်ပါတယ်

နိုဝင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ မိုးလဲရွာလာနိုင်မဲ့ အခြေအနေများရှိကြောင်းတွေ့ရပါတယ်။

💦 မိုးရွာသွန်းနိုင်မည့်အခြေအနေ

ကုန်းတွင်းပိုင်းမှာမိုးရွာနိုင်မဲ့ အခြေအနေတော့အလွန်နည်းပါးတာတွေ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းတောင်ပိုင်းဒေသအချို့မှာသာ မိုးရွာနိုင်ပါတယ်။ တနင်္သာရီတိုင်တောင်ပိုင်း မြိတ်မြို့အောက်ဘက်ဒေသတွေမှာတော့ မိုးများနိုင်ကြောင်းကို တွေ့ရပါတယ်။

⛈ တနင်္သာရီတိုင်းတောင်ပိုင်းအစွန် ကော့သောင်းမြို့မှာ နိုဝင်ဘာလ ၂၆ ရက်၊ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ မိုးရေချိန် ၁၄၅ မီလီမီတာအထိ ရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း၊ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။

ဦးဝင်းနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်