လေဖိအားနည်းမုန်တိုင်းဖြစ်လာခဲ့ရင် တိုင်းဒေသကြီးအချို့ မိုးပြန်များလာနိုင်

16/10/2023 16:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 

အောက်တိုဘာလ ၂၁ ရက်နေ့မှာ တောင်တရုတ်ပင်လယ်မှာ INVEST-99W က ဗီယက်နမ်ကမ်းခြေမှာ အားယူနေတဲ့အချိန်ဖြစ်နေပြီး ဒီဘက် ဘင်္ဂလားပင်လယ်အော်မှာက လေဖိအားနည်းရပ်ဝန်းတစ်ခု အစပျိုးပါမယ်။ အဲ့ဒီကမှ မုန်တိုင်းဖြစ်လာနိုင်မယ့်အခြေအနေက ၅၀% အထိ သေချာလာတယ်။ တောင်တရုတ်ပင်လယ်ဘက်က 99W ကတော့ မုန်တိုင်းဖြစ်လာနိုင်ချေ ၉၀% အထိရှိနေပြီးပြီ။

ဒီအခြေအနေတွေကို ပြီးခဲ့တဲ့ ၃/၄ ရက်လောက်ကတည်းက စောင့်ကြည့်ခဲ့ပေမဲ့ သင်္ချာပုံစံမော်ဒယ်တွေက ခန့်မှန်းတာတွေတအားကွဲလွဲနေလို့ရယ် ရေဘေးအခြေအနေတွေက မပြီးပြတ်သေးတာကြောင့် ဒီနေ့အထိ စောင့်ခဲ့ပါတယ်။

ဒီနေ့မှာတော့ NOAA-GFS05, Meteoblue NEMS, CANADA GEMS နဲ့ ဂျာမဏီက ICON မော်ဒယ်တွေအပြင် ECMWF(ဥရောပ)မော်ဒယ်တွေပါ အောက်တိုဘာလ ၂၀ ရက်ဝန်းကျင် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တော့မယ်ဆိုတာ ကြိုတင်ခန့်မှန်းချက်တွေ တွေ့လာရပါတယ်။

နောက် ၅ ရက်မှ ၇ ရက်(နာရီ ၁၂၀ မှ ၁၆၈ နာရီ) အတွင်း ဖြစ်နိုင်သည့်မိုးလေဝသအခြေအနေ

အဲ့ဒီကြိုတင်ခန့်မှန်းချက်အတိုင်း လေဖိအားနည်း မုန်တိုင်းဖြစ်လာခဲ့ရင် .. 

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ မိုးတွေနေရာကွက်ပြီး ပြန်များလာနိုင်ပါမယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့ မိုးက မရွာသလောက်ပါးနေပါမယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်