နောက် ၃ ရက် မှ ၅ ရက်အထိ မိုးများနိုင်မည့်အခြေအနေ ဆက်လက်ဖြစ်ပေါ်

26/10/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာလ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ဒေတာများအရ ထူးခြားသည့်မိုးလေဝသအခြေအနေမရှိပါ။ ထိုင်းမိုးလေဝသဌာန မြေပြင်မိုးလေဝသ chart တွင် လေဖိအားနည်းချိုင့်ဝှမ်းသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ပေါ်တွင် တည်ရှိနေပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက် ညနေ ၆ နာရီခွဲအချိန်အထိ ဆိုင်ကလုန်းမုန်တိုင်း HAMOON အကြွင်းအကျန်တိမ်တိုက်များ၊ ရေခိုးရေငွေ့များနှင့် လေဝဲ(VORTEX)သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း CIMSS မိုက်ခရိုဝေ့ပုံရိပ်များတွင် တွေ့ရဆဲဖြစ်ပါတယ်။

ဒီနေ့ post ရေးချိန်မှာတော့ မုန်တိုင်းအကြွင်းအကျန်အခြေအနေမရှိတော့ပဲ လုံးဝပျက်ပြယ်သွားပြီဖြစ်ကြောင်းတွေ့ရပါတယ်။

သို့ပေမဲ့လည်း ဆိုင်ကလုန်းမုန်တိုင်း HAMOON ရဲ့ အရှိန်သက်ရောက်မှုနှင့် နိုင်ငံတောင်ပိုင်းမှ လေဖိအားနည်း ချိုင့်ဝှမ်းအခြေအနေများကြောင့်  ၃ ရက်နှင့် ၅ ရက်အထိ

  • တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး
  • ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်  မိုးနည်းနေနိုင်ပါမယ်။

ဖြစ်ပေါ်နေဆဲ လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)ရယ်၊ အရှေ့ဘက်က ဝင်လာတဲ့ မိုးတိမ်တွေရယ် ဒီ ၂ မျိုးပေါင်းပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ နောက်လာမဲ့ ၆ နာရီအတွင်း နေရာကွက်ပြီး မိုးများနိုင်ပါတယ်။ ရေကြီးရေလျှံဖြစ်နိုင်မဲ့ နေရာတွေ သတိထားကြဖို့ပါ။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်