အားကောင်းနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ ထိုင်းနိုင်ငံပေါ်က အရှေ့လေပွေလှိုင်း(UPPER AIR CYCLONIC CIRCULATION)တွေရဲ့ အရှိန်ကြောင့် နောက်လာမယ့် ၃ ရက်မှ ၅ ရက်အတွင်း (အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီမှ အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီအထိကာလအတွင်း) မှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေမှာ မိုးရေချိန် ၂၀၀ မီလီမီတာအထက်ရွာသွန်းပြီး မိုးများရာက မိုးအလွန်များမယ့် အခြေအနေတွေဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။



ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မကွေး၊ ညောင်ဦးနဲ့ ချင်းပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ်သာရွာနိုင်တာကလွဲရင် လာမယ့် ၅ ရက်တာကာလအတွင်း တစ်နိုင်ငံလုံးမှာမိုးအသင့်အတင့်ရွာနေဦးမယ့် အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။
Photo_ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။