လာမည့် ၃ ရက်အတွင်း မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်သောဒေသများနှင့် မိုးများ၊ မိုးနည်းနိုင်မည့်ဒေသများ

18/09/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ယနေ့ (၁၈.၉.၂၀၂၃) နေ့လယ် ၁ နာရီ၊ ထိုင်းမိုးလေဝသဌာနမှ weather chart တွင် လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့မှ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အပေါ်အထိ ကျရောက်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလဲ စက်တင်ဘာလ ၁၉ ရက်-၂၀ ရက်အထိ လေထုအထက်အလွှာအတွင်းလေဖိအားနည်းဆဲလ်(Low pressure Cell)ဆက်လက်တည်ရှိနေပြီး အနောက်တောင်မုတ်သုံလေအားကောင်းလျက်ရှိကြောင်း တွေ့ရပါတယ်။

ဤအခြေအနေတွေကြောင့် - 

ကမ်းရိုးတန်းဒေသများနဲ့ ကမ်းရိုးတန်းတလျှောက်မှ ပင်လယ်ပြင်ရေလုပ်ငန်းလုပ်ကွက်များမှာ စက်တင်ဘာလ ၁၉-၂၀ ရက်အထိ မိုးသက်လေပြင်းကျပြီးလှိုင်းကြီးနေနိုင်ပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၇ ပေမှ ၉ ပေ အထိရှိနေပါမယ်။ 

*ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုး/လေ/လှိုင်းအခြေအနေပိုများနိုင်ပြီး ဧရာဝတီနဲ့ တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာတော့ အနည်းငယ်လျော့နိုင်ပါတယ်။

နောက်လာမည့် ၃ ရက်အတွင်း မိုးများနိုင်မည့်ဒေသများ (၆၀ မီလီမီတာမှ မီလီမီတာ ၁၀၀ ကျော်အထိ)

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း။

နောက်လာမည့် ၃ ရက်အတွင်း မိုးအသင်အတင့်ရွာနိုင်မည့်ဒေသများ (၂၀ မီလီမီတာမှ ၅၀ မီလီမီတာအထိ)

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း။

မိုးနည်းနိုင်မည့်ဒေသ(၂၀ မီလီမီတာအောက်) မရှိပါ။

မိုးရေချိန်လက်မဖြင့်သိလိုလျှင် - မီလီမီတာ ÷ ၂၅.၄ = လက်မ

 

စက်တင်ဘာ ၁၇ ရက်နေ့ကရိုက်သော ဂြိုလ်တု-ရေလွှမ်းဓာတ်ပုံ(Flood Sat Image) မှာတော့ ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ရေကြီးတဲ့ အခြေအနေတွေ တွေ့ရပါတယ်။

Photo - ဦးဝင်းနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်