အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်
မိုးလေ၀သကဏ္ဍလမ်းညွှန်
အဆင့်(၁) ပထမဦးစွာ အစိမ်းရောင်လမ်း (Green Way) ဖုန်းဆော့ဝဲလ်ကို ပလေးစတိုး (Play Store) မှ ဒေါင်းလုဒ် (Download) ရယူပါ။ သို့မဟုတ် အစိမ်းရောင်လမ်း (Green Way) ဆော့ဝဲလ်ရှိထားသော ဖုန်းမှ ဇာပြာ (Zapya) ဖြင့် ကူးယူပါ။ ဖုန်းအင်တာနက် (သို့မဟုတ်) ဝိုင်ဖိုင် ဖွင့်ထားရန် လိုအပ်ပါတယ်။

အဆင့်(၂) မှတ်ပုံတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ပါ။

အဆင့် (၃) မှတ်ပုံတင်ခြင်းပြီးဆုံးပါက ပုံတွင် ပြထားသည့် အတိုင်း ပထမဆုံး ပင်မစာမျက်နှာ အပေါ်ဘက်တွင် “ယခုမိုးလေ၀သအခြေအနေ” ဟူ၍ ယနေ့၏ အပူချိန်၊ စိုထိုင်းဆ နှင့် ရာသီဥတု အခြေအနေကို တွေ့ရပါမည်။

အဆင့်(၄) ၎င်းအကွက်အား နှိပ်ကြည့်ပါက ပုံတွင်ပြထားသည့်အတိုင်း “ယနေ့၊ မနက်ဖြန်၊ လာမည့်(၅) ရက်” ဟူ၍ မိုးလေ၀သ ခန့်မှန်းချက်များကို တွေ့ရပါမည်။ ထို့အပြင် နေ့ အပူချိန်နှင့် ညအပူချိန်ကိုလည်း ခွဲခြား၍ ဖော်ပြထားပြီး လေတိုက်နှုန်း၊ စိုထိုင်းဆ နှင့် မိုးရွာရန် ရာခိုင်နှုန်း စသည့် အသေးစိတ် အချက်အလက်များကိုလည်း သိရှိနိုင်ပါသည်။ အောက်ဘက်တွင် မိုးလေ၀သ သတင်း ဆောင်းပါးများကိုလည်း ကြည့်ရှုနိုင်ပါသည်။

အဆင့်(၆) “မနက်ဖြန်” ကိုနှိပ်ကြည့်ပါက မနက်ဖြန်အတွက် မိုးလေ၀သ အသေးစိတ်အချက်အလက်များနှင့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

အဆင့် (၇) “လာမည့်(၅)ရက်”အား ကိုနှိပ်ကြည့်ပါကနောက်(၅)ရက်အတွက် မိုးလေ၀သ အချက်အလက်များကို သိရှိနိုင်မည် ဖြစ်ပါသည်။

Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more