မိုးလေ၀သကဏ္ဍလမ်းညွှန်

26/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်

မိုးလေ၀သကဏ္ဍလမ်းညွှန်

အဆင့်(၁)  ပထမဦးစွာ အစိမ်းရောင်လမ်း (Green Way) ဖုန်းဆော့ဝဲလ်ကို ပလေးစတိုး (Play Store) မှ ဒေါင်းလုဒ် (Download) ရယူပါ။ သို့မဟုတ် အစိမ်းရောင်လမ်း (Green Way) ဆော့ဝဲလ်ရှိထားသော ဖုန်းမှ ဇာပြာ (Zapya) ဖြင့် ကူးယူပါ။ ဖုန်းအင်တာနက် (သို့မဟုတ်) ဝိုင်ဖိုင် ဖွင့်ထားရန် လိုအပ်ပါတယ်။

အဆင့်(၂)  မှတ်ပုံတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ပါ။

အဆင့် (၃) မှတ်ပုံတင်ခြင်းပြီးဆုံးပါက ပုံတွင် ပြထားသည့် အတိုင်း ပထမဆုံး ပင်မစာမျက်နှာ အပေါ်ဘက်တွင် “ယခုမိုးလေ၀သအခြေအနေ” ဟူ၍ ယနေ့၏ အပူချိန်၊ စိုထိုင်းဆ နှင့် ရာသီဥတု အခြေအနေကို တွေ့ရပါမည်။

အဆင့်(၄) ၎င်းအကွက်အား နှိပ်ကြည့်ပါက ပုံတွင်ပြထားသည့်အတိုင်း  “ယနေ့၊ မနက်ဖြန်၊ လာမည့်(၅) ရက်” ဟူ၍ မိုးလေ၀သ ခန့်မှန်းချက်များကို တွေ့ရပါမည်။ ထို့အပြင် နေ့ အပူချိန်နှင့် ညအပူချိန်ကိုလည်း ခွဲခြား၍ ဖော်ပြထားပြီး လေတိုက်နှုန်း၊ စိုထိုင်းဆ နှင့် မိုးရွာရန် ရာခိုင်နှုန်း  စသည့် အသေးစိတ် အချက်အလက်များကိုလည်း သိရှိနိုင်ပါသည်။ အောက်ဘက်တွင်  မိုးလေ၀သ သတင်း ဆောင်းပါးများကိုလည်း ကြည့်ရှုနိုင်ပါသည်။

အဆင့်(၆) “မနက်ဖြန်” ကိုနှိပ်ကြည့်ပါက မနက်ဖြန်အတွက် မိုးလေ၀သ အသေးစိတ်အချက်အလက်များနှင့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

အဆင့် (၇)  “လာမည့်(၅)ရက်”အား ကိုနှိပ်ကြည့်ပါကနောက်(၅)ရက်အတွက် မိုးလေ၀သ အချက်အလက်များကို သိရှိနိုင်မည် ဖြစ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်