မိုက်ကိုရိုက်ဇာမှိုဆိုတာ ဘာလဲ?

19/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်တွေရဲ့ (၈၀) ရာခိုင်နှုန်းက မိုက်ကိုရိုက်ဇာမှိုတွေနဲ့ တူတူရှင်သန်နေထိုင်ကြပါတယ်။ အဲ့လို အပင်နဲ့ မှိုလေးတွေ ယှဉ်တွဲနေထိုင်ကြတဲ့ ပုံစံက (၂)ဦး (၂) ဖက် အဆင်ပြေတဲ့ ပတ်သက်မှုပါပဲ။ ဒါဟာ နှစ်သန်းပေါင်း ၄၅၀ ကျော်ကတည်းက ရှိလာတဲ့ ပုံစံဖြစ်ပါတယ်။ အကျိုးတူ ဆက်နွယ်မှုတွေဆိုတာက မိုက်ကိုရိုက်ဇာမှိုနဲ့ အပင်အမြစ်တွေကြားထဲက ပတ်သက်ဆက်နွယ်မှုတွေကနေ စတင်ပါတယ်။

ပထမအဆင့်အနေနဲ့ အမြစ်နားက မိုက်ကိုရိုက်ဇာမှိုစပိုးလေးတွေက အညှောင့်လေးတွေပေါက်လာပါတယ်။ ပြီးတော့ အမြစ်ထဲကို မှိုမျှင်လေးတွေက ထိုးဖောက်ဝင်ရောက်သွားကြပါတယ်။ အမြစ်ဆဲလ်ထဲမှာ မှိုမျှင်လေးတွေက ပွားများလာပြီးတော့ သူတို့ (၂) ခုကြားမှာ သကြားနဲ့ အာဟာရတွေကို ပြောင်းလဲမှုတွေ လုပ်ကြပါတယ်။

နောက်ဆုံးမှာတော့ မှိုမျှင်လေးတွေက အပင်အမြစ်အပြင်ဖက်မှာပဲ ပွားများကြီးထွားလာပြီးတော့ အမျှင်လေးတွေကနေ ပိုပိုကြီးထွားတဲ့ ပင့်ကူမျှင်ပုံစံလေးတွေဖြစ်လာကြပါတယ်။ အဲ့ဒါဟာ အမြစ်တွေကြီးထွားနိုင်တဲ့ ဧရိယာထက် အဆ (၇၀၀) နီးပါးလောက်အထိ ပွားလာတာပါ။

သူတို့ပွားများနိုင်တဲ့ နေရာတွေကနေတစ်ဆင့် အာဟာရတွေကို အမြစ်လေးတွေကနေ စုပ်ယူလာနိုင်ကြတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ အဲ့ဒါက အပင်သက်တမ်းတစ်လျှောက်လုံး ရနိုင်မဲ့ အကျိုးကျေးဇူးပဲဖြစ်ပါတယ်။

မြေသားမှာ ကျွန်တော်တို့ ပြုပြင်ကြတဲ့ အလေ့အကျင့်တွေကြောင့်မို့ မြေကြီးထဲက မိုက်ကိုရိုင်ဇာတွေက လျော့နည်းလာပါတယ်။ အဲ့တော့ ဆုံးရှုံးသွားတဲ့ မိုက်ကိုရိုက်ဇာလေးတွေကို ကျွန်တော်တို့ ဘယ်လိုပြန်ဖြည့်ပေးနိုင်မလဲဆိုတာကို တွေးရပါမယ်။

စပိုးလေးတွေကို အမြစ်နားမှာ ပြန်လည်ဖြည့်တင်းပေးခြင်းပေးက သူတို့လေးတွေကို အညှောင့်ပေါက်ပြီး အမြစ်ထဲမှာ ရှင်သန်စေပါတယ်။ ပြီးတော့ သူတို့ကြီးထွားလာစေခြင်းအားဖြင့် မိုက်ကိုရိုက်ဇာမှိုမျှင်လေးတွေကနေပြီးတော့ မြေကြီးထဲကအာဟာရတွေကို ရရှိစေပါတယ်။ မြေကြီးထဲမှာ မှိုမျှင်လေးတွေက ကြီးထွားလာစေတယ်။ ပြီးတော့ မြေကြီးထဲကရေနဲ့ အာဟာရတွေကို အပင်ဆီကို ပြန်ပို့တယ်။ အပင်တွေကို ကြီးထွားစေတယ်။ အပင်အမြစ်တွေနားမှာ အလုံးလေးတွေလိုမျိုး တွယ်ကပ်နေတဲ့ပုံစံကြောင့် မြေဆီသြဇာတွေကို လွယ်လွယ်စုပ်ယူလာနိုင်စေပါတယ်။ ဒါကြောင့်မို့ မြေဆီသြဇာကျွေးရတာကို လျော့ချနိုင်ပြီးတော့ မြေဆီသြဇာတွေကြောင့်ဖြစ်လာနိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ အပင်တွေကလည်း ပရိုတင်းချက်လုပ်ဖို့အတွက်ကို နိုက်ထရိုဂျင်ကို များများလိုအပ်ပါတယ်။ များများလိုအပ်တော့ မြေကြီးထဲကနေ များများစုပ်ယူပြီးတော့ စိုက်ပျိုးမြေတွေဟာဆိုရင် နိုက်ထရိုဂျင် ချို့တဲ့မှုတွေ ဖြစ်လာပါတယ်။

ကျွန်တော်တို့ သိထားကြတဲ့အတိုင်း (၇၈) ရာခိုင်နှုန်းသော နိုက်ထရိုဂျင်တွေက လေထုထဲမှာ ရှိတာဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသာ လေထုထဲကနေစုပ်ယူပြီး အသုံးပြုနိုင်ကြပေမဲ့ နိုက်ထရိုဂျင်ကိုတော့ လေထဲကနေ တစ်ခါတည်းသုံးလို့မရပါဘူး။

သူတို့က နိုက်ထရိုဂျင်ကို ပျော်ဝင်နိုင်တဲ့ပုံစံနဲပဲ စားသုံးနိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားတွေကတော့ လေထုထဲကနိုက်ထရိုဂျင်ကို စုပ်ယူနိုင်ပါတယ်။ ပြီးတော့ အဲ့နိုက်ထရိုဂျင်တွေကိုပဲ ပျော်ဝင်နိုင်တဲ့ ပုံစံကိုပြောင်းလဲပေးပါတယ်။ 

ရိုင်ဇိုဘီယမ်ဘက်တီးရီးယားတွေက မြေပဲပင်တွေလိုမျိုး ပဲမျိုးရင်းဝင်အပင်တွေမှာနေပြီးတော့ အပင်တွေအတွက် နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးပါတယ်။ အပြန်အလှန်အားဖြင့်တော့ ဘက်တီးရီးယားတွေကို အပင်တွေကနေ နေစရာနေရာနဲ့ အစားအစာတွေကို ထောက်ပံ့ပေးပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့ အပင်လေးတွေနဲ့ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားလေးတွေက အပြန်အလှန်အကျိုးရှိတဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

ထွန်းဝင်းကျော်

https://www.youtube.com/watch?v=-dhdUoK7s2s 

https://www.youtube.com/watch?v=oUhD_oFDv-4&t=2s

https://www.youtube.com/watch?v=v88gbtKBTv4&t=4s

https://www.youtube.com/watch?v=uukhM3-feQk&index=5&list=PLbsjvner28-GKt8F6YmFaDK8KcZLB-iLd

https://www.youtube.com/watch?v=z-x12sUNVYg

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်