အပင်တွေမှာ အောက်စီဂျင် လိုသလား

20/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင်တွေက အောက်စီဂျင် ပြန်ထုတ်ပေးတာလေ သူတို့ကလည်း လိုအပ်လို့လား ဆိုရင်ရော။

အလင်းမှီပြီး အစာချက်လုပ်တဲ့ လုပ်ငန်းစဉ်မှာဆိုရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရယူပြီးတော့ အမြစ်ကနေ ရေကို စုပ်ယူပြီး အဲ့ ()ခုပေါင်း အလင်းနဲ့ အစာချက်လုပ်တာဖြစ်ပါတယ်။ ပြီးတော့မှ အောက်စီဂျင်ကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်။

အပင်တွေက အောက်စီဂျင်လိုသလား?

လိုပါတယ်။ အပင်တွေက အောက်စီဂျင်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပင်ဆဲလ်တွေမှာ အောက်စီဂျင်တွေပါပါတယ်။

ဘာကြောင့် အောက်စီဂျင်ကို လိုအပ်သလဲ?

အပင်တွေမှာ respiration ဆိုတဲ့ ဖြစ်စဉ်တစ်ခုရှိပါတယ်။ အဲ့လို ဖြစ်စဉ်ကတော့ အပင်တွေ အလင်းမှီစုအစာချက်လုပ်တဲ့ ဖြစ်စဉ်အတိုင်းကိုမှ ပြောင်းပြန်ဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။ လေပြန်ထုတ်သလိုဖြစ်ပါတယ်။ အဲ့လိုလုပ်ငန်းစဉ်က အပင်တွေရဲ့ ဆဲလ်အတွင်းမှာဖြစ်ပေါ်ပါတယ်။ ဆဲလ်တစ်ခုချင်းစီကနေပြီးတော့ စွမ်းအင်တွေကို သူတို့ဘာသာထုတ်လုပ်တဲ့အခါမျိုးမှာ အောက်စီဂျင်ကို ပြန်သုံးပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်ပေးပါတယ်။

တိရိစ္ဆာန်တွေမှာဆိုရင် စားလိုက်တဲ့ အစားအစာကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဆဲလ်တွေအတွက် ပြန်စုပ်ယူပြီးတော့ စွမ်းအားတိုးတက်အောင်လုပ်ကြပါတယ်။ အပင်တွေမှာလည်း အဲ့လိုဖြစ်စဉ်တွေရှိပါတယ်။ သူတို့လည်း အောက်စီဂျင်တွေကို လိုအပ်ပါတယ်။

ပုံမှန်နေ့ခင်းပိုင်းတွေမှာဆိုရင် အပင်တွေကနေ အောက်စီဂျင်ကိုထုတ်လုပ်ပေးနိုင်နေတာကြောင့်မို့ အပင်တွေက အောက်စီဂျင်တွေကို မသုံးဘူးလို့ထင်နေကြပါတယ်။ သူတို့ကိုယ်တိုင် အောက်စီဂျင်ကိုမထုတ်လုပ်နိုင်တော့တဲ့ အခြေအနေမျိုး၊ အလင်းရောင်မရတော့တာမျိုးဆိုရင် အစာမချက်တော့ပဲ respirationဆိုတဲ့ ဖြစ်စဉ်ကိုလုပ်ဆောင်ကြပါတယ်။ အစာမချက်လုပ်တော့ရင် အောက်စီဂျင်တွေကို လိုအပ်လာကြပါတယ်။

အဲ့ဒါကြောင့်မို့ ညဖက် ရေလောင်းထားတဲ့ အပင်တွေဆို ညိုးသလိုလိုတွေဖြစ်နေတတ်ပါတယ်။ လေမရှိလို့ အပင်ကလည်း ရေကို မစုပ်ယူနိုင်တာမျိုး ဖြစ်တာပါ။ ငယ်ငယ်တုန်းက တူတူပုန်းတိုင်း ကစားရင် နတ်ဖွက်တယ်ဆိုတာမျိုးဆိုတာက အပင်ကလည်း အောက်စီဂျင်ကိုသုံးတယ်။ လူကလည်း အောက်စီဂျင်ကို သုံးပြီးတော့ အပြိုင်လုကြတဲ့အချိန်မျိုးမှာ အပင်က နိုင်ပြီး လူမှာ အောက်စီဂျင်ပြတ်လပ်တာမျိုးကြောင့် ခေါ်မကြား အော်မကြားဖြစ်တာမျိုးပါ။

အပင်တွေက အောက်စီဂျင်မရှိပဲ အသက်ရှင်နေနိုင်လား?

မနေနိုင်ပါဘူး။ အပင်တွေရဲ့ ဆဲလ်တွေကိုလည်း အားရှိအောင် လုပ်ပေးမှ သူတို့လည်း လောကကြီးအတွက် အောက်စီဂျင်တွေ ပြန်ပြီးတော့ ထုတ်လုပ်ပေးနိုင်မှာပေါ့။

https://www.gardeningknowhow.com/garden-how-to/info/can-plants-live-without-oxygen.htm

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်