လေကာပင်စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးများ

29/04/2022 13:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

လေကာပင်ဆိုတာကတော့ သစ်ပင်များ၊ ခြုံပုတ်သဏ္ဍာန်အပင်များကို အတန်းလိုက် စိုက်ခင်းကို ခြံစည်းရိုးသဖွယ် စိုက်ပျိုးခြင်းဖြစ်ပါတယ်။ များသောအားဖြင့် သစ်သီးခြံ နှင့် ရာသီဥတု ဆိုးရွားမှုဒဏ် ခံရတတ်တဲ့ ဒေသတွေမှာ စိုက်ပျိုးလေ့ရှိကြပါတယ်။ 

ဥပမာ - ဝါးပင်များ၊ ထင်းရှူးပင်၊ အလှပင်များ၊ သစ်သီးပင်များ အတန်းလိုက် စိုက်ခင်းဧရိယာကို ကာကွယ်ပြီး စိုက်ခြင်း 

စိုက်ခင်းအတွက် လေကာပင်စိုက်နည်း 

ကိုယ်သီးနှံနဲ့ အဆင်ပြေမယ့် လေကာပင် အတန်း 1တန်း, 2တန်း သို့မဟုတ် 3တန်း စိုက်နိုင်ပါတယ်။ ဒီလေကာပင်တွေဟာ စိုက်ခင်းဧရိယာကို လုံလောက်စွာကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။ လေကာပင်အတန်း နဲ့ တစ်တန်းဟာ ကိုယ်စိုက်မဲ့အပင် အမြင့်ထက် အဆ10-20ထက်ပိုပြီး မကွာဝေးသင့်ပါဘူး။ ဒါကတော့ စိုက်ခင်းဧရိယာ အကျယ်အပေါ် မူတည်ပါတယ်။ ဥပမာ - အပင်အမြင့် 30ပေခန့်ရှိနေသော လေကာပင် အတန်းကတော့ မြေဧရိယာ 3ဧကလောက်အထိ effective ဖြစ်စေပါတယ်။ 

အရေးကြီးတာကတော့ ပိုးမွှာရောဂါလက်ခံပင်မဖြစ်ဖို့ အဓိကအချက်အနေနဲ့ စဉ်းစားရပါမယ်။ ဘောစကိုင်း၊ မြေပြန့်ချယ်ရီ ကဲ့သို့အပင်များ စိုက်ခြင်းဖြင့် စိုက်ခင်းအတွက် သစ်စိမ်းမြေဩဇာကို ရရှိစေပါတယ်။ 

 

 

အများဆုံးစိုက်တဲ့အပင်တွေကတော့ 

 

1. အမြဲစိမ်းပင်တွေဖြစ်တဲ့ ထင်းရှူးပင်များ ၊ ဝါးပင်များ ၊ ကျောက်ထင်းရှုးပင်များ 

 

2. တစ်နှစ်တစ်ကြိမ်ရွက်ကြွေလေ့ရှိသော  မိုးမခပင် ၊ ပျားရည်ကျိုင်းပင် (honey locust) 

 

3. ခြံပုတ်သဏ္ဌာန်အပင်များဖြစ်သော ချယ်ရီမက်မန်းပင်များ ၊ နှင်းဆီပင်များ၊ ဗိုလ်ကတော်မျက်ခုံးပင်များကို စိုက်ပျိုးနိုင်ပါတယ်။ 

 

လေကာပင်စိုက်ခြင်းရဲ့ အကျိုးကျေးဇူးများ

• အဓိက‌အနေနဲ့ကတော့ လေတိုက်နှုန်းကို လျော့ချပေးပြီး  မြေနဲ့ လေ အပူချိန်ကို ထိန်းညှိပေးပါတယ်။ 

• လေထုစိုထိုင်းစကိုတိုးစေပါတယ်။ 

• မြေရဲ့ ရေ‌ငွေ့ပျံနှုန်းကိုလျော့ချပေးတဲ့အတွက် မြေအစိုဓာတ်ကိုအချိန်ကြာကြာထိန်းပေးနိုင်ပါတယ်။

• နှင်းကျတဲ့ ဒေသများအတွက်ကတော့ နှင်းများပျံ့နှံမှုကို လျော့ချပေးပါတယ်။ 

• အထက်ပါအချက်များကတော့ လေကာပင်များရဲ့ အမြင့်၊ အကွာအဝေး ၊ နေရာဒေသနဲ့ ရွေးချယ်လိုက်တဲ့ လေကာပင်များအပေါ်မူတည်ပါတယ်။ 

• မြေဆီလွှာတိုက်စားမှုကို 10- 20%ထိလျော့ချပေးပါတယ်။ မြေရဲ့ အစိုဓာတ်ထိန်းနှုန်းကို တိုးစေတဲ့အတွက် လေနဲ့အတူ မြေမှုန်လေးများပါသွားမှုကို လျော့ချပေးတဲ့အတွက် စိုက်ပျိုးသင့်တာပဲဖြစ်ပါတယ်။ 

• လေကာပင်တွေဟာ နေအပူချိန်ကိုလျော့ချပေးပြီး ညအပူချိန်ကို ထိန်းညှိပေးတဲ့အပြင် လေပြင်းများ တိုက်ခတ်ခြင်းကြောင့် သီးနှံအလေအလွင့် ပျက်စီးမှုများလျော့ချပေးတဲ့အတွက် သီးနှံအရည်အသွေး ကျဆင်းမှု 44%ထိကိုလျော့ချပေးပါတယ်။ ဟင်းသီးဟင်းရွက်အပင်များအတွက် ပိုသိသာစွာ ကောင်းမွန်စေပါတယ်။

• သစ်သီးခြံတွေဆိုရင်တော့ ဝတ်မှုံကူးမှုကိုတိုးစေတဲ့အတွက် အသီးတင်မှုပိုစေပါတယ်။ လေကြောင့် အပင်ကိုင်းများကျိုးပဲ့ခြင်းကို‌လဲ လျော့ကျစေပါတယ်။ 

• လေကာပင်များကို သစ်ရတဲ့အပင်များ စိုက်ပါက အခြား အကျိုးကျေးဇူးများရနိုင်ပါတယ်။ ပန်းပွင့်တဲ့အပင်များဖြစ်ပါက ပျားများအတွက် အကျိုးကျေးဇူးပိုစေပါတယ်။ ကိုယ်ခြံရဲ့ လုံခြံမှုကို တိုးစေတဲ့အပြင် သစ်သီးပင်များစိုက်ပါက အပိုဝင်ငွေရရှိစေပါတယ်။ 

• ခြံများတစ်ဆက်တည်း‌ဖြစ်‌နေသော နေရာဖြစ်ပါက စိုက်ခင်းတစ်ခုနဲ့တစ်ခုကြား ပိုးမွှားရောဂါကူးစက်ပျံ့နှံမှုကို လျော့ချပေးပါတယ်။ အော်ဂဲနစ်ခြံများတွင် အဓိကပိုလုပ်ဆောင်သင့်ပါတယ်။ 

• စိုက်ခင်းအလှအပကို တိုးစေတဲ့အပြင် လေထုကို ပိုမိုသန့်စင်စေပါတဲ့အတွက် လေကောင်းလေသန့် ပိုရရှိစေပါတယ်။ အိမ်ခြံဝန်းမှာလဲ အလှအပအနေနဲ့စိုက်နိုင်ပါတယ်။ 

 

လေကာပင်စိုက်မယ်ဆိုရင်တော့ 

သေချာစနစ်တကျနဲ့ လေလာရာလမ်းကြောင်းကို ကာအောင်စိုက်ပေးရပါမယ်။ မြေပေါ်မူတည်ပြီး အပင်အမျိုးအစား‌လဲ ရွေးချယ်စိုက်ပျိုးဖို့လိုအပ်ပါတယ်။ စိုက်ခင်းနှင့်အကွာကို ချိန်ဆပြီး အပင်ကြီးလာတာနဲ့ အမျှ အမြစ်ဖျက်ပေးခြင်းကို လုပ်ဆောင်ပေးရန်ပိုအရေးကြီးလှပါတယ်။ 

 

ကျမ်းကိုး

https://www.westtexasnursery.com/types-of-windbreaks

https://forestry.usu.edu/news/utah-forest-facts/windbreak-benefits-and-design

www.nvca.on.ca

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်