'ကမ္ဘာ့ပထမဆုံး' အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ဆေးကို ဗီယက်နမ် ထုတ်လုပ်

03/06/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဗီယက်နမ်နိုင်ငံဟာ အာဖရိကဝက်အပြင်းဖျား (ASF) ရောဂါ ကာကွယ်ဆေးတစ်မျိုးကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပြီး အဆိုပါကာကွယ်ဆေးကို ကမ္ဘာ့ဈေးကွက်ထဲ ပထမဆုံး တင်ပို့ရောင်းချနိုင်တဲ့နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

AFS ‌ရောဂါဟာ အဆိုးဆုံး တိရစ္ဆာန်ရောဂါတွေထဲက တစ်ခု ဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရှိခဲ့တာပါ။ အဲဒီရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ဗီယက်နမ်နိုင်ငံမှာရှိတဲ့ စုစုပေါင်း ဝက်ကောင်ရေအနက် ၂၀ ရာခိုင်နှုန်းကို သုတ်သင်ပစ်ခဲ့ရပါတယ်။

ဒီရောဂါကို အာဖရိကတိုက်မှာ စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်း ဥရောပနဲ့ အာရှတိုက်တွေထိ ကူးစက်ခဲ့ကာ ကမ္ဘာ့တစ်ဝှမ်းက ဝက်ကောင်ရေ သန်းပေါင်းများစွာကို သေကြေပျက်စီးစေခဲ့ပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကိုတော့ အန္တရာယ်ပေးနိုင်ခြင်းမရှိပါဘူး။

"ဒါဟာ တိရစ္ဆာန်ဆေးကုသမှုလုပ်ငန်းရဲ့ အောင်မြင်မှုသမိုင်းမိုင်တိုင်တစ်ခု ဖြစ်ပါတယ်" လို့ စိုက်ပျိုးရေး ဒုတိယဝန်ကြီး  Phung Duc Tien က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုပါတယ်။

"ရောဂါခံနိုင်ရည်စွမ်းအားက ခြောက်လအထိ ကြာမြင့်မှာ ဖြစ်တာကြောင့် ဒီကာကွယ်ဆေးဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဝက်မွေးမြူရေးလုပ်ငန်းအတွက် အကာအကွယ်တစ်ခု ဖြစ်လာပါလိမ့်မယ်"

ကာကွယ်ဆေး ဖော်စပ်မှုကို အမေရိကန်ပြည်ထောင်စုက  ပညာရှင်တွေနဲ့ ပူးပေါင်းကာ ၂၀၁၉ နိုဝင်ဘာလက စတင်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုကို အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးသုတေသနဝန်ဆောင်မှုလုပ်ငန်းက အတည်ပြုပေးခဲ့တာလို့ Tien က ပြောပါတယ်။

"ဒီအောင်မြင်မှုဟာ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ဗီယက်နမ်ထုတ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေးကို ပြင်ပတင်ပို့နိုင်မဲ့ အခွင့်အလမ်းကလည်း အင်မတန် ကြီးမားပါတယ်" လို့ Tien က ပြောပါတယ်။

ကာကွယ်ဆေးကို ဘယ်အချိန်မှာ တင်ပို့နိုင်မလဲ၊ ဗီယက်နမ်ရဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းအား ဘယ်လောက်ရှိမလဲဆိုတာကိုတော့  Tien က ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဗီယက်နမ်မှာ ASF ရောဂါကူးစက်မှု ကျဆင်းလာနေပြီး မွေးမြူရေးသမားတွေ ခြံတွေ ပြန်တည်ထောင်နေကြပြီ ဖြစ်ပေမဲ့ ဒီဗိုင်းရပ်စ်ရောဂါဟာ အချို့နိုင်ငံတွေအတွင်းက မွေးမြူရေးခြံတွေကို ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Vietnam develops 'world's first' African swine fever vaccine for commercial use - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်