အပင်များတွင် တွေ့ရှိရရတတ်သော အလီလိုပက်သီ (Allelopathy) သက်ရောက်မှု

27/07/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

Allelopathy ဆိုတာဟာ ဂရိစကားလုံး allelon (အချင်းချင်း သို့မဟုတ် အပြန်အလှန်) နဲ့ pathy(ဆင်းရဲဒုက္ခ) ဆိုတဲ့ စကားလုံးတို့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ 

သူ့ရဲ့အဓိပ္ပါယ်ကတော့ အပင်တစ်ပင်ကနေ အခြားအပင်အပေါ် အကျိုးသက်ရောက်မှု တစ်မျိုးမျိုးရှိစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်တာကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ၎င်းဓာတုပစ္စည်းတွေဟာ အပင်ရဲ့ အစိတ် အပိုင်းအသီးသီးကနေ စွန့်ထုတ်နိုင်သလို သဘာဝအတိုင်း ပြိုကွဲဆွေးမြည့်ခြင်းကနေလည်း ထွက်ရှိလာနိုင်တာ ဖြစ်ပါတယ်။ 

Allelopathy ဆိုတဲ့ အသုံးအနှုန်းကို ဩစတြီးယားပါမောက္ခ Hans Molisch က ၎င်းရဲ့ ၁၉၃၇ ခုနစ်မှာထုတ်ဝေခဲ့တဲ့ “The Effect of Plants on each other” စာအုပ်မှာ ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲ့ဒီမတိုင်ခင်ကတည်းက လူအတော်များများဟာ အပင်တွေအချင်းချင်း သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းကို သိရှိထားကြပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေးခေတ် ဂရိနဲ့ ရောမလူမျိုးတွေရဲ့ မှတ်တမ်းတွေအရ အပင်တွေဟာ အချင်းချင်း အဆိပ်သင့်နိုင်ကြောင်း ဖော်ပြခဲ့ကြလို့ဖြစ်ပါတယ်။

Allelopathy ကို မြင်သာအောင်ပြောရရင် အပင်တစ်ပင်ဟာ ၎င်းရဲ့ ကိုယ်ပိုင်ကြီးထွားမှု ပိုမိုအားကောင်းစေဖို့ အတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ အပင်တစ်ပင်ရဲ့ ကြီးထွားမှုကို လုံးဝရပ်တန့်စေနိုင်တဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။ ဥပမာအားဖြင့် ဘရိုကိုလီလို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ ၎င်းရဲ့အနီးမှာ ကြီးထွားရှင်သန်ဖို့ကြိုးပမ်းနေတဲ့ အခြားသော brassicas မျိုးရင်းဝင် မုန်ညင်းပင်နဲ့ ကိုက်လန်ကဲ့သို့ အပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်တာမျိုး ဖြစ်ပါတယ်။ 

Allelopathy ဘာကြောင့် ဖြစ်လာတာလဲ... 

Allelopathy ဆိုတာဟာ မျိုးညှောက်ပေါက်မှု၊ အမြစ်ကြီးထွားမှုနဲ့ အာဟာရစုပ်ယူနိုင်မှုတို့ကို ဟန့်တားပြီး အနီးဝန်းကျင်မှာရှိတဲ့ အပင်တွေအချင်းချင်း ယှဉ်ပြိုင်ဖျက်ဆီးနိုင်တဲ့ ရှင်သန်မှုယန္တရားတစ်ခုဖြစ်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုကဲ့သို့သော အခြားသက်ရှိတွေမှာလည်း allelopathic သက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ 

အလီလိုပက်သီ (Allelopathy) ဆိုတဲ့ အသုံးအနှုန်းဟာ အများအားဖြင့်တော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ သက် ရောက်မှုတွေကို ဖော်ပြရာမှာ အသုံးပြုလေ့ရှိတာ ဖြစ်ပေမဲ့လည်း ၎င်းဟာ အကျိုးပြုတဲ့ သက်ရောက်မှုတွေနဲ့ လည်း သက်ဆိုင်ပါတယ်။ ၎င်းရဲ့ အကျိုးသက်ရောက်မှုဟာ အပင်တွေကို အန္တရာယ်ဖြစ်စေသည့်တိုင် အခြားအကျိုးကျေးဇူးအချို့လည်း ရှိနေတတ်တာကြောင့် ဖြစ်ပါတယ်။

ဥပမာအားဖြင့် အလှစိုက်မြက်တွေနဲ့ မြေဖုံးသီးနှံအများစုမှာဆိုရင် ပေါင်းပင်တွေကို နှိမ်နင်းပေးနိုင်တဲ့ allelopathic ဂုဏ်သတ္တိတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ထို့နည်းတူ (penicillin) ပင်နီဆီလင် မှိုတွေဆိုရင်လည်း ဘက်တီးရီးယားတွေကို သေစေနိုင်တာ ဖြစ်ပါတယ်။ အလီလိုပက်သီကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို allelochemicals လို့ခေါ်ဆိုကြပြီး ၎င်းဓာတုပစ္စည်းတွေကတော့  alkaloids, flavonoids, cyanogenic compounds, cinnamic acid derivatives, benzoxazines, ethylene စတာတွေ ဖြစ်ကြပါတယ်။ 

အလားတူ Allelopathy ရဲ့ အာနိသင်ကို သစ်ကြားသီးပင်တွေမှာလည်း တွေ့ရှိနိုင်ပါတယ်။ သစ်ကြားသီးပင်ရဲ့ အစိတ်အပိုင်းအားလုံးကနေ ဟိုက်ဒရိုဂျူဂလုန်း (hydrojuglone) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို ထုတ်လုပ်နိုင်ပြီး ၎င်းဓာတ်ဟာ အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါမှာ allelotoxin လို့ခေါ်တဲ့ အဆိပ်ရှိပစ္စည်းအဖြစ်ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

သစ်ကြားသီးပင်ရဲ့  အမြစ်တွေ၊ ဆွေးမြည့်နေတဲ့ အရွက်တွေနဲ့ အကိုင်းအခက်တွေ အားလုံးဟာ အနီးဝန်းကျင်ရှိ မြေဆီလွှာထဲကို ဂျူဂလုန်း (juglone) ဓာတ်တွေ ထုတ်လွှတ်ပြီး အခြားသော အပင်များစွာရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Solanaceae မျိုးရင်းဝင် အပင်တွေဖြစ််ကြတဲ့ ခရမ်းချဉ်၊ ငရုတ်ကောင်း၊ အာလူးနဲ့ ခရမ်းသီးပင်တွေရဲ့ ကြီးထွားရှင်သန်မှုကို ဟန့်တားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ဇလပ် (azaleas)၊ ထင်းရှူးပင်နဲ့ ပန်းသီးပင်များကဲ့သို့သော သစ်ပင်တွေနဲ့  ချုံပင်များပင်လျှင် juglone ဓာတ်ကို ခံနိုင်ရည်မရှိကြပါဘူး။ 

ထို့အပြင် တောင်ဇလပ်၊ ခိုင်ရွှေဝါပန်း၊ စပါး၊ ပဲနဲ့ နှံစားပြောင်းပင်တွေမှာလည်း Allelopathy အာနိသင်တွေရှိတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အခြားတစ်ဖက်မှာတော့ juglone ဓာတ်ကို ခံနိုင်ရည်ရှိပြီး ဆိုးရွားတဲ့အာနိသင်လုံးဝမပြတဲ့ အပင်များစွာလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ 

Allelopathy ရဲ့ လက္ခဏာများ

ကံမကောင်းစွာနဲ့ပဲ ဥယျာဉ်စိုက်ခင်းတွေမှာ  allelopathy ရဲ့ လက္ခဏာတွေကို သိသိသာသာ မတွေ့ရတတ်ပေမဲ့လည်း ၎င်းတို့ကို ခန့်မှန်းလို့တော့ ရနိုင်ပါတယ်။ ဥပမာအားဖြင့် အပင်အတွက် သင့်တော်တဲ့ပတ်ဝန်းကျင်အခြေအနေတွေ အရင်းအမြစ်တွေအားလုံး ထောက်ပံ့ပေးထားပေမဲ့လည်း စိုက်ပျိုးပြီးမကြာခင်မှာပဲ သေဆုံးသွားတာမျိုး၊ ကြီးထွားဖွံ့ဖြိုးမှု တဖြည်းဖြည်းလျော့ကျသွားတာမျိုး တွေ့ရမယ်ဆိုရင် အနီးပတ်ဝန်းကျင်မှာ allelopathy သက်ရောက်မှုရှိနေတဲ့ အပင်တစ်မျိုးမျိုး ရှိနေလားဆိုတာ သတိပြုသင့်ပါတယ်။

တချို့နေရာတွေမှာတော့ သစ်ကြားသီးပင်ကဲ့သို့ အပင်တွေ မရှိပေမဲ့လည်း အပင်တွေကိုထိခိုက်နိုင်တဲ့ အခြားသော တရားခံအပင်တွေလည်း ရှိနေနိုင်သေးတာ ဖြစ်ပါတယ်။ အချို့သောအပင်တွေမှာ ပါဝင်နေတဲ့ allelotoxins တွေကြောင့် မတူညီတဲ့ အပင်အမျိုးမျိုးကို ထိခိုက်စေနိုင်တာလည်း ဖြစ်ပါတယ်။

ဥပမာအားဖြင့် နေကြာပင်ရဲ့ အစိတ်အပိုင်းအားလုံးမှာဆိုရင် အခြားသောအပင်တွေရဲ့ မျိုးစေ့အညှောက်ပေါက်ခြင်းနဲ့ ပျိုးပင်တွေရဲ့ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ allelopathic အဆိပ်တွေ ပါရှိနေတာဖြစ်ပါတယ်။ ၎င်းရဲ့ အကျိုးသက်ရောက်မှုဟာ အလွန်ထင်ရှားတာကြောင့် ပေါင်းပင်ထိန်းချုပ်ရေးမှာ ၎င်းတို့ကို အသုံးပြုဖို့အတွက် ဆက်လက်လေ့လာလျက်ရှိပါတယ်။ 

ဥယျာဉ်စိုက်ခင်းတွေထဲမှာ allelopathic အပင်တွေရှိနေလို့ အရမ်းကြီး စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး။ သင့်တော်တဲ့အကွာအဝေးမှာ ထားရှိစိုက်ပျိုးမယ်ဆိုရင် အတူယှဉ်တွဲ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ မြေဆီလွှာဟာ အဆိပ်ဓာတ်တွေကို အချိန်ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတာဟာ မြေဆီလွှာရဲ့အရည်အသွေးပေါ်မှာလည်း မူတည်နေတာဖြစ်ပါတယ်။ ရွှံ့စေးဆန်ပြီး ကြပ်နေတဲ့မြေတွေမှာဆိုရင် အဆိပ်အတောက်တွေ အချိန်ကြာကြာ ပိတ်မိနေနိုင်တာ ဖြစ်ပါတယ်။ ရေကောင်းစွာ စိမ့်ဝင်နိုင်တဲ့ မြေဆီလွှာမှာဆိုရင် အနီးနားမှာရှိနေတဲ့ အပင်တွေရဲ့ အမြစ်ဇုန်အောက်ကို အဆိပ်အတောက်တွေ ရွေ့လျားသွားမှာ ဖြစ်ပါတယ်။ 

ကျန်းမာတဲ့ မြေဆီလွှာမှာဆိုရင် အကျိုးပြုသက်ရှိတွေ အများအပြားပါရှိနေခြင်းဟာ ဒီဖြစ်စဉ်အပေါ်မှာ အထောက်အကူပြုပုံ ရပါတယ်။ မြေဆီလွှာထဲမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာလည်း ကောင်းကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အဆိပ်အတောက်များကို ဖြိုခွဲ ချေဖျက်ပေးနိုင်တဲ့အပြင် ပိုမိုကောင်းမွန်တဲ့ မြေသားဖွဲ့စည်းမှုအဖြစ်သို့ ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း allelopathic ဖြစ်စဉ်ကို ကူညီပေးနေတဲ့ ဇီဝသက်ရှိတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ 

သဘာဝမှာရှိနေတဲ့ Allelopathy

Allelopathy ဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဟာ သဘာဝမှာ တစ်စုံတစ်ခု ဖောက်ပြန်သွားတာမျိုး မဟုတ်ပါဘူး။ သတ်မှတ်ထားပြီးသား Allelopathy ပမာဏဟာ သဘာဝစနစ်တွေထဲမှာ ပါဝင်နေပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် Allelopathy ဟာ သစ်တောသစ်ပင်တွေ ပြန်လည်ထူထောင်ရေးမှာလည်း အရေးပါတဲ့နေရာမှ ရှိနေတာ ဖြစ်ပါတယ်။ 

အပင်တွေဟာ တစ်ခါတစ်ရံမှာ အကန့်အသတ်ရှိတဲ့ ရေ၊ နေရောင်ခြည်နဲ့ အာဟာရတွေအတွက် ယှဉ်ပြိုင်ရာမှာ ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ခြင်းမပြုဘဲ ပြိုင်ဆိုင်လေ့ရှိကြပေမဲ့ ၎င်းပြိုင်ဆိုင်မှုနဲ့ allelopathy ဟာ ယခင်ကထင်ထားတာထက် တစ်ခုနဲ့တစ်ခု ပိုမိုဆက်စပ်မှုရှိ/ မရှိ ဆက်လက် သုတေသနပြုနေကြတာလည်း ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.thespruce.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်