သခွားပင်နဲ့အတူ စိုက်ပျိုးနိုင်တဲ့ အကောင်းဆုံးအဖော်ပင်များ 

13/10/2022 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သခွားပင်ဟာ နေရာများစွာမှာ ပြန့်ကျဲပြီးပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစား ဖြစ်ပါတယ်။ အပင် ကျန်းမာ သန်စွမ်းလေ မြေနေရာပိုယူလေပဲ ဖြစ်ပါတယ်။ ဒီလိုနေရာယူတတ်တဲ့ သခွားပင်တွေနဲ့ အတူယှဥ်တွဲကာ အဖော် ပင်အဖြစ် စိုက်ပျိုးနိုင်တဲ့အပင်တွေလည်း ရှိနေပါတယ်။ မှန်ကန်သင့်တော်တဲ့ အဖော်အပင်တွေကို ရွေးချယ် စိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားများကို ဟန့်တားနိုင်ပြီး ရေ (သို့မဟုတ်) အာဟာရတို့ကို ယှဥ်ပြိုင်ရတာမျိုးလည်း ရှိမှာမဟုတ်တာကြောင့် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

အဖော်ပင်စိုက်ပျိုးခြင်း (သို့မဟုတ်) ယှဉ်တွဲစိုက်ပျိုးခြင်းဆိုတာ ဘာလဲ? 

အဖော်ပင် စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံပင်အချင်းချင်း အထောက်အကူပြုကာ ကြီးထွားဖွံ့ဖြိုးမှုတိုးစေဖို့၊ အဖျက်ပိုးမွှားတွေကို ကာကွယ်နိုင်ဖို့နဲ့ အခြားသော အကျိုးကျေးဇူး ပေးစွမ်းနိုင်မှုအပေါ်မှာ အခြေခံပြီး မတူညီတဲ့ အပင်မျိုးစိတ်တွေကို အတူတကွယှဥ်တွဲစိုက်ပျိုးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်တော်တဲ့ သီးနှံ တွေကို အတူယှဥ်တွဲပြီး စိုက်ပျိုးခြင်းဟာ အကျိုးအမြတ်ရရှိနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ 

ဥပမာအနေနဲ့ စိုက်ပျိုးရေးမှာဆိုရင် ညီအစ်မ ၃ ဖော်ဆိုပြီး အတူယှဥ်တွဲ စိုက်ပျိုးကြတဲ့ အပင်တွေရှိပါတယ်။ ဘူး၊ ဖရုံ၊ သခွား မျိုးနွယ်ဝင်အပင်တွေကို ပြောင်း၊ ပဲပင် စတဲ့အပင်တွေနဲ့ အဖော်ပင်အဖြစ် တွဲဖက်စိုက်ပျိုးကြတာ ဖြစ်ပြီး ဒီနည်းလမ်းဟာ အမေရိကန်နိုင်ငံရဲ့ ရိုးရာစိုက်ပျိုးနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသီးနှံ ၃ မျိုးကို ပေါင်းစပ်ပြီး စိုက်ပျိုးခြင်းဟာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း အနီးကပ်စိုက်ပျိုးကြည့်တဲ့အခါမှာ အချင်းချင်း အပြန်အလှန် အကျိုးဖြစ်ထွန်းစေနိုင်တာ ဖြစ်ပါတယ်။ 

တခါတရံမှာ ကြီးထွားရှင်သန်မှု အလေ့အထ မတူညီတဲ့ အပင်တွေကို ရွေးချယ်စိုက်ပျိုးခြင်းဟာ မြေနေရာ အတွက် ယှဥ်ပြိုင်ရတာမျိုး မရှိသလို မတူညီတဲ့ အာဟာရလိုအပ်ချက်တွေ ရှိနေတဲ့အတွက် မြေဆီလွှာကိုလည်း အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးခြင်းရဲ့ အကောင်းဆုံး အားသာချက် ကတော့ အဖော်ပင်တွေဟာ အဖျက်ပိုးမွှားတွေနဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး စိုက်ခင်းတွေမှာ ပိုး၊ ရောဂါ စီမံခန့်ခွဲရတာကို ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။ ထို့အပြင် မြေနေရာချွေတာနိုင်ခြင်း၊ မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေခြင်း၊ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ ထောက်ပံ့ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ဒါဆိုရင် သခွားပင်တွေနဲ့အတူ ဘယ်လိုသီးနှံတွေကို ယှဉ်တွဲစိုက်ပျိုးနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ 

သခွားပင်အတွက် အကောင်းဆုံးအဖော်ပင်များ 

ပြောင်း၊ ပဲအမျိုးမျိုး 

သခွားပင်တွေဟာ နိုက်ထရိုဂျင်စားသုံးမှုများတဲ့ အပင်တွေဖြစ်ပါတယ်။ ပဲပင်တွေရဲ့ အမြစ်စနစ်ဟာ သခွားပင် အပါအဝင် အခြားသောသီးနှံပင်များ ဖြစ်ထွန်းအောင်မြင်စေဖို့အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်တွေကို မြေဆီလွှာထဲ ပြန်လည်ဖြည့်သွင်းပေးခြင်းဖြင့် အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းဖူးပင်တွေဆိုရင် နေရောင်ခြည်လိုအပ်ပြီး ၎င်းရဲ့အပင်အမြင့်ဟာ သခွားပင်အတွက် အရိပ်ပေးတဲ့ အတွက်ကြောင့် ၎င်းတို့ဟာ အပြန်အလှန်အကျိုးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးဟာ သခွားပင်ရဲ့ နွယ်ပင်ငယ်တွေ တက်နိုင်ဖို့အတွက် ရိုးတံအနေနဲ့လည်း ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန် ထောက်ပံ့မှုအနေနဲ့ သခွားပင်တွေဟာ ပြောင်းဖူးပင်တွေရဲ့ အောက်ခြေမှာ သဘာဝမြေဖုံးပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်ပြီး မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းကာ ပေါင်းပင်တွေ ပေါက်ရောက်မှုကို ဟန့်တားပေး မှာလည်း ဖြစ်ပါတယ်။ 

မုန်လာဥဖြူ၊ မုန်လာဥနီ၊ သကြားမုန်လာ၊ ကြက်သွန်နီ 

အဆိုပါ အမြစ်ဥ ဟင်းသီးဟင်းရွက်တွေဟာ (root vegetable) ဖြန့်ကျက်ပြီး ရှင်သန်ကြီးထွားတာ မဟုတ်သလို မြေနေရာလည်း ယှဉ်ပြိုင်တာမျိုး မရှိတာကြောင့် သခွားပင်တွေနဲ့ ကောင်းစွာအလုပ်လုပ်နိုင်တဲ့ အပင်တွေ ဖြစ် ပါတယ်။ ၎င်းတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအများစုဟာ မြေဆီလွှာအောက်မှာပဲ ဖြစ်ပေါ်ကြတာ ဖြစ်ပါတယ်။ မုန်လာဥ ဖြူဆိုရင် ၎င်းနဲ့တွဲဖက်စိုက်ပျိုးတဲ့ အပင်တွေမှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားတွေကို စိုက်ခင်းဆီ မလာ ရောက်နိုင်အောင် ကာကွယ်ပေးထားခြင်းဟာ ထူးခြားတဲ့အားသာချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မုန်လာဥ ဖြူဟာ သခွားပင်တွေမှာ ကျရောက်တတ်တဲ့  ကျိုင်းပိုးကဲ့သို့ ပိုးမွှားတွေကို ထိရောက်စွာ ဟန့်တားနိုင်တာ ဖြစ်ပါ တယ်။ 

ထပ်တရာပန်း၊ တောင်ကြာကလေး 

ထပ်တရာပန်းဟာ သီးနှံစိုက်ခင်း အတော်များများမှာ တွဲဖက်စိုက်ပျိုးနိုင်တဲ့ ပန်းပင်တစ်မျိုးဖြစ်ပါတယ်။  ထောင်ချောက်သီးနှံ (Trap crop) အနေနဲ့ အသုံးချနိုင်ပြီး ၎င်းတို့ဟာဆိုရင် ကျိုင်းပိုး၊ လှေးပိုး၊ ဂျပိုး အုပ်စုဝင်ပိုးမွှားတွေနဲ့ အရွက်ပေါ်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ အဖျက်ပိုးမွှားတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ထပ်တရာပန်းနဲ့ တောင်ကြာကလေး အပင်တွေဟာ ရေအရင်းအမြစ်လည်း များစွာမလိုအပ်ဘဲ သာမန်ရေဆင်းကောင်းတဲ့ နေရာတွေနဲ့ အာဟာရနည်းတဲ့ မြေဆီလွှာမှာကိုပဲ ကောင်းစွာဖြစ်ထွန်းနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထပ်တစ်ရာပန်းပွင့်တွေဟာ အချိန်အတော်ကြာတဲ့အထိ ပန်းပွင့်နိုင်တာကြောင့် ပန်းပွင့် နေတဲ့ ကာလတစ်လျှောက်လုံးမှာ လိပ်ပြာ၊ ပျားအပါအဝင် အခြားသော ဝတ်မှုန်ကူး အင်းဆက်တွေ လာရောက်နိုင်တဲ့ အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ စိုက်ခင်း ပတ်ဝန်းကျင်မှာ ထပ်တစ်ရာ ပန်းပွင့်တွေ ရှိနေခြင်းအားဖြင့် ဇာတောင်ပိုး၊ လိပ်ခုံးကျိုင်း၊ ကပ်ပါးနဂျီကောင်၊ ပျစားယင် အပါအဝင် အခြားသော အကျိုးပြုအင်းဆက်တွေကိုပါ စိုက်ခင်းဆီသို့ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။  

နေကြာ

နေကြာဟာလည်း ပြောင်းဖူးပင်တွေလိုပဲ နေရာချွေတာပြီး သခွားပင်ရဲ့ နွယ်ပင်ငယ်တွေ တက်နိုင်ဖို့အတွက် ရိုးတံအနေနဲ့ ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ သခွားနဲ့ နေကြာကို အတူစိုက်ပျိုးမယ်ဆိုရင်တော့ သခွားပင်တွေ မစိုက်ပျိုးခင် ၁ ပတ်လောက်ကတည်းက နေကြာပင်တွေကို ကြိုတင်စိုက်ပျိုးထားသင့်ပါတယ်။ နေကြာပင်တွေ ဟာ လျင်မြန်စွာကြီးထွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အမြင့် ၁ ပေခန့် ရောက်ရှိနိုင်မှာ ဖြစ်ပါ တယ်။ နေကြာပင်ဟာ သခွားပင်တွေအတွက် အရိပ်ထောက်ပံ့ပေးနိုင်တာကြောင့် အပူဒဏ်ကိုလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေကြာပန်းတွေဟာ ဝတ်မှုန်ကူး အင်းဆက်တွေဖြစ်ကြတဲ့ လိပ်ပြာ၊ ပျားနဲ့ အခြား အကျိုးပြု အင်းဆက်တွေကိုပါ ဆွဲဆောင်နိုင်တာကြောင့် ဝတ်မှုန်ကူးဖို့လိုအပ်တဲ့ သီးနှံတွေအတွက် အသင့်တော်ဆုံး အဖော်ပင်လည်း ဖြစ်ပါတယ်။ 

တောရှုံးပင်၊ စမုန်စပါး 

ဒီဆေးဖက်ဝင်အပင်တွေဟာလည်း အဖျက်ပိုးမွှားတွေကို တွန်းလှန်နိုင်ကြတာဖြစ်ပြီး ဝတ်မှုန်ကူးအင်းဆက်တွေနဲ့ ကပ်ပါးနဂျီကဲ့သို့ အကျိုးပြုပိုးမွှားတွေ စိုက်ခင်းတွေဆီ လာရောက်အောင် ဆွဲဆောင်နိုင်တာလည်း ဖြစ်ပါတယ်။ 

သခွားပင်နဲ့ တွဲဖက်မစိုက်ပျိုးသင့်သော အပင်များ 

တွဲဖက် မစိုက်ပျိုးသင့်တဲ့ အပင်တွေကတော့ အာလူး၊ ဖရဲ၊ ကလျာဏီ၊ ပင်စိမ်း၊ စမုန်နက်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စတဲ့ အပင်တွေ ဖြစ်ပါတယ်။ 

ဒီအပင်တွေဟာ သခွားပင်တွေအတွက် အဖော်ကောင်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သခွားပင်နဲ့အတူ မြေ၊ ရေ၊ အာဟာရ စတာတွေကို ယှဥ်ပြိုင်လုယူပြီး ကြီးထွားရှင်သန်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ သဘာဝရှိပြီး အမျိုးအစားတူညီတဲ့ အဖျက်ပိုးမွှားနဲ့ ရောဂါတွေ ကျရောက်ဖျက်ဆီးတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကလျာဏီနဲ့ ပင်စိမ်းကဲ့သို့ အပင်တွေဆိုရင် သခွားသီးတွေရဲ့ အနံ့ အရသာပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ဖြစ်ပါတယ်။ ဖရဲပင်တွေဆိုရင်လည်း သခွားပင်တွေလိုပဲ မြေပြင်မှာ ဖြန့်ကျက် ကြီးထွားတာဖြစ်ပြီး တူညီတဲ့ ပိုးမွှားတွေ ကျရောက်တာ ဖြစ်တဲ့အတွက် စိုက်ခင်းထဲမှာ အဖျက်ပိုးမွှားတွေ အများအပြား ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ဖော်ပြပါအပင်တွေကိုတော့ သခွားပင်တွေနဲ့ တွဲဖက်မစိုက်မိပျိုးဖို့ သတိပြုသင့်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.thespruce.com/ 

https://www.masterclass.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်