ဟင်းနုနယ်နဲ့ အပြန်အလှန်အကျိုးပြု တွဲဖက်စိုက်ပျိုးနိုင်သော အဖော်ပင်များ

07/06/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နူးညံ့ပြီး စားလို့ကောင်းတဲ့ ဟင်းနုနယ်ကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဟင်းနု နယ်ဟာ ကြီးထွားမှုမြန်ဆန်ပြီး အာဟာရဓာတ်လည်းပြည့်ဝတာကြောင့် စားသုံးသင့်တဲ့ ဟင်းသီး ဟင်းရွက် တစ်မျိုးပါ။ နေအိမ်ခြံဝန်းအတွင်းမှာလည်း အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ 

ဟင်းနုနယ်ရဲ့ အားသာချက်တစ်ခုက အပင်ဖြစ်ထွန်းမှု မြန်ဆန်ပြီး လျင်မြန်စွာ ခူးဆွတ်ရိတ်သိမ်းနိုင်တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၄ ပတ်မှ ၆ ပတ်ကြာပြီးနောက် ၎င်းဟာ စားသုံးရန် အဆင်သင့်ဖြစ်ပြီး ဆက်လက်ပွားများနိုင်တာ ဖြစ်ပါတယ်။ များများခူးပေးလေ အချိန်ကြာကြာ ခူးဆွတ်နိုင်လေပဲ ဖြစ်ပါတယ်။ 

အဖော်ပင်စိုက်ပျိုးခြင်းဆိုတာ သီးနှံပင်အချင်းချင်း အပြန်အလှန်အကျိုးပြုနိုင်တဲ့အပင်တွေကို အတူ တကွ တွဲဖက်စိုက်ပျိုးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ ၎င်းနည်းလမ်းဟာ အပင်တွေကို ကျန်းမာသန်စွမ်းစေပြီး ပိုးမွှား၊ ရောဂါများ တိုက်ဖျက်ခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တဲ့ အော်ဂဲနစ် စိုက်ပျိုးရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 

ယခုဆောင်းပါးမှာတော့ ဟင်းနုနယ်ပင်နဲ့  တွဲဖက်စိုက်ပျိုးခြင်းဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမဲ့ အဖော်ပင်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ခရမ်းပင် (Eggplant) 

ခရမ်းပင်နဲ့ တွဲဖက်စိုက်ပျိုးခြင်းဖြင့် နူးညံ့တဲ့ ဟင်းနုနယ်ရွက်တွေဟာ ခရမ်းပင်အရွက်တွေရဲ့ အရိပ်အောက်မှာ ပူပြင်းတဲ့အချိန် ကောင်းစွာရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ခရမ်းပင်ဟာ နေရာချဲ့ထွင်နိုင်တာကြောင့် ဟင်းနုနယ်ပင်အတွက် အရိပ်ပေးနိုင်ပြီး အပူဒဏ်ကြောင့် အပင်တွေ ရှည်ထွက်လာတာမျိုးကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဟင်းနုနယ်ပင်ဟာ ခရမ်းပင်အတွက် မြေဖုံးအုပ်ပေးနိုင်ပြီး ပေါင်းမြက်ပေါက်ရောက်ခြင်းနဲ့ မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးထားနိုင်တာ ဖြစ်ပါတယ်။

ခရမ်းပင်ဟာ ဟင်းနုနယ်ပင်နဲ့ အစာအာဟာရအတွက် ကြီးကြီးမားမား ယှဉ်ပြိုင်တာမျိုး မရှိတာကြောင့် စိတ်ချစွာ တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းပင် စတင်စိုက်ပျိုးချိန်မှာ ဟင်းနုနယ်ကို မျိုးစေ့ချစိုက်ပျိုးနိုင်ပါတယ်။ တွဲဖက်စိုက်ပျိုးရာမှာ အနည်းဆုံး ၆ လက်မ ခြားပြီး စိုက်ပျိုးသင့်ပါတယ်။ ခရမ်းပင်လိုပဲ ခရမ်းချဉ်၊ ငရုတ်နဲ့ ရုံးပတီပင်တွေကိုလည်း ဟင်းနုနယ်နဲ့ တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ (Garlic/ Onion) 

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ရဲ့ ရနံ့ပြင်းပြင်းကို လူတွေကြိုက်နှစ်သက်ကြပေမဲ့ ပိုးမွှားတွေကတော့ ရှောင်ရှားကြပါတယ်။ ၎င်းတို့ဟာ ဟင်းနုနယ်နဲ့ တွဲဖက်စိုက်ပျိုးဖို့ အလွန်ကောင်းမွန်တဲ့ အဖော်အပင်တွေ ဖြစ်ပြီး အဖျက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့မှာ အမြစ်တိမ်တဲ့စနစ်ရှိတာကြောင့် အာဟာရ ရယူယှဉ်ပြိုင်တာမျိုးလည်း မရှိပါဘူး။ ၎င်းတို့ရဲ့  အနံ့အသက်ဟာ ပျပိုး၊ ခရု၊ ပက်ကျိ၊ မွှားပင့်ကူနဲ့ ကျိုင်းကောင်များကဲ့သို့သော အင်းဆက်ပိုးမွှားတွေကို တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူကို ၎င်းရဲ့ ပြင်းထန်တဲ့ရနံ့ကြောင့် သဘာဝပိုးသတ်ဆေး ဖန်တီးပြီးတော့လည်း အပင်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူကို ဆပ်ပြာ၊ ဆီနဲ့ ရေရောပြီး ဥယျာဉ်စိုက်ခင်းအနှံ့ ဖြန်းပေးနိုင်တာဖြစ်ပါတယ်။ အဆိုပါ သဘာဝပိုးသတ်ဆေးဟာ အန္တရာယ်ရှိတဲ့ အဖျက်ပိုးမွှားတွေကို တားဆီးကာကွယ်ပေးမှာ ဖြစ်ပါတယ်။ 

ဟင်းနုနယ်နဲ့ ကြက်သွန်ဖြူကို တွဲဖက်စိုက်ပျိုးသင့်တဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ ကြက်သွန်ဖြူဟာ မြေဆီလွှာထဲကို ဆာလဖာဓာတ် ထုတ်လွှတ်ပေးပြီး အာဟာရပြည့်ဝတဲ့ ဟင်းနုနယ်ရွက်တွေ ရရှိဖို့ကူညီပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၃။ ပဲအမျိုးမျိုး (Peas) 

သီးနှံပင်တွေ စိုက်ပျိုးတဲ့အခါ အဖော်ပင်အနေနဲ့ တွဲဖက်စိုက်ပျိုးရာမှာ ပဲပင်တွေကတော့ မပါမဖြစ်ပါပဲ။ 

ပဲပင်နဲ့ ဟင်းနုနယ်ပင်တို့ဟာ ၁၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိ အေးတဲ့ အပူချိန်ကို ခံနိုင်ရည်ရှိပြီး အာဟာရကြွယ်ဝတဲ့ မြေဆီလွှာကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဲပင်တွေဟာ ဟင်းနုနယ်ရွက်တွေအတွက် လိုအပ်သောအာဟာရဓာတ်ဖြစ်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို မြေကြီးထဲသို့ ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ဟင်းနုနယ်ပင်အတွက် အာဟာရဓာတ်များကို ပေးစွမ်းနိုင်ရုံသာမက သဘာဝ အရိပ်အာဝါသကိုလည်း ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ 

အပူချိန်များလွန်းတာ (သို့မဟုတ်) နေရောင်တိုက်ရိုက်ထိတွေ့ချိန် ပိုမိုကြာရှည်လာတဲ့အခါမျိုးမှာ ရိုးတံရှည်ထွက်လာခြင်း (bolting) ဟာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ရိုးတံရှည်ထွက်လာတဲ့အခါ အပင်ဟာ မျိုးစေ့ထုတ်ဖို့ ဦးတည်သွားမှာဖြစ်ပြီး ဟင်းနုနယ်ရွက်ရဲ့ အရသာကို ခါးသက်စေမှာ ဖြစ်ပါတယ်။ 

ပဲပင်တွေကိုစိုက်ထားမယ်ဆိုရင်တော့ ဟင်းနုနယ် ရိုးတံရှည်ထွက်လာခြင်းမှ ကာကွယ်ရန်အတွက် မြေဆီလွှာကို စိုစွတ်စေပြီး အပင်တွေကို အေးမြနေစေဖို့ အရိပ်ရအောင်ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရိပ်ကောင်းကောင်း ရရှိဖို့အတွက် အပင် အရပ်မြင့်တဲ့ ပဲပင်တွေရဲ့ဘေးမှာ ဟင်းနုနယ်ပင်တွေကို စိုက်ပျိုးထားခြင်းဖြင့် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

၄။ စတော်ဘယ်ရီ (Strawberry) 

စတော်ဘယ်ရီပင်ကိုလည်း ဟင်းနုနယ်ပင်အတွက် သင့်တော်တဲ့ အဖော်ပင်အနေနဲ့ ရွေးချယ်နိုင်ပါတယ်။ 

စတော်ဘယ်ရီပင်နဲ့ ဟင်းနုနယ်ပင်တို့ရဲ့ အမြစ်စနစ်တွေဟာ မြေဆီလွှာအတွင်းမှာ မတူကွဲပြားတဲ့ပုံစံနဲ့ ကြီးထွားကြတာ ဖြစ်ပါတယ်။ စတော်ဘယ်ရီပင်ရဲ့ အမြစ်ဟာ အမြစ်တိမ်သောစနစ် (shallow root system) ရှိပြီး ဟင်းနုနယ်ပင်ရဲ့ အမြစ်ကတော့ မြေအောက်ကို ပိုပြီးနက်နက်ဆင်းနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ စတော်ဘယ်ရီနဲ့ ဟင်းနုနယ်ဟာ အာဟာရနဲ့ နေရာအတွက် ယှဉ်ပြိုင်ရမဲ့အစား ကောင်းမွန်တဲ့အဖော်ပင်တွေအဖြစ် ယှဉ်တွဲစိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။

ပဲပင်များလိုပဲ စတော်ဘယ်ရီပင်ရဲ့ အရွက်တွေဟာလည်း နွေရာသီလို အပူချိန်မြင့်တဲ့အခြေအနေမှာ မြေဆီလွှာကို အေးမြစေဖို့ အရိပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းနုနယ်ပင်ကလည်း စတော်ဘယ်ရီပင်ကို ပြန်လည်ကူညီပေးပါသေးတယ်။ ဟင်းနုနယ်ပင်ကနေ saponin လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပြီး ၎င်းဓာတ်ဟာ စတော်ဘယ်ရီသီးတွေမှာ ရောဂါဖြစ်ပွားနိုင်မှုကို  လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စတော်ဘယ်ရီနဲ့ ဟင်းနုနယ်ဟာ အမှန်တကယ် အပြန်အလှန်အကျိုးပြုတဲ့ အပင်တွေ ဖြစ်ကြပါတယ်။

၅။ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်များ (Herbs)

ဥယျာဉ်စိုက်ခင်းနဲ့ နေအိမ်ခြံဝန်းတွေမှာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ဆေးဖက်ဝင် ဟင်းခတ်အပင်များစွာထဲမှ ပူဒီနာ၊ ပင်စိမ်း၊ စမုန်စပါး၊ တရုတ်နံနံ၊ နံနံပင်၊ ရို့စ်မယ်ရီ၊ တောရှုံးပင် စတဲ့အပင်တွေဟာ ဟင်းနုနယ်ပင်တွေအတွက် အလွန်သင့်တော်တဲ့ အဖော်ပင်တွေ ဖြစ်ပါတယ်။ ဒီဆေးဖက်ဝင်အပင်တွေရဲ့ ယေဘုယျတူညီချက်ကတော့ ၎င်းတို့ရဲ့ ပြင်းထန်တဲ့ရနံ့ပဲဖြစ်ပါတယ်။ 

ဆေးဖက်ဝင်အပင်တွေရဲ့ ပြင်းထန်တဲ့ရနံ့ကြောင့်ပဲ ဟင်းနုနယ်ပင်မှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားများကို ကင်းဝေးစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပျပိုးတွေကို တွန်းလှန်ပေးနိုင်ပြီး အကျိုးပြုပိုးတွေကိုတော့ စိုက်ခင်းအတွင်း လာရောက်အောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ တရုတ်နံနံပင်ဆိုရင် လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုးနဲ့ ကပ်ပါးနကျယ်တွေ လာရောက်အောင် ဆွဲဆောင်နိုင်ပြီး နံနံပင်တွေကတော့ tachinid flies တွေကို ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

၆။ တောင်ကြာကလေး (Nasturtium) 

ဟင်းနုနယ်ပင်ကို အဖျက်ပိုးမွှားတွေဒဏ်ကနေ ကာကွယ်ဖို့အတွက် သင့်တော်တဲ့ အဖော်ပင်တွေနဲ့ ယှဉ်တွဲစိုက်ပျိုးခြင်းဟာ အကျိုးရှိတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ ထို့နည်းတူ အချို့သော ထောင် ချောက်ပင်တွေနဲ့ အတူယှဉ်တွဲစိုက်ပျိုးခြင်းဖြင့်လည်း အဖျက်ပိုးမွှားကျရောက်ခြင်းကို တားဆီးပေးမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ထောင်ချောက်အနေနဲ့ စိုက်ပျိုးနိုင်တဲ့ အပင်ကတော့ တောင်ကြာကလေးပင်ဖြစ်ပါတယ်။ တောင်ကြားကလေးပင်ကဲ့သို့ပင် ဇကွဲပန်း (ပေါက်ပေါက်ဆုပ်ပန်း)၊ ထပ်တရာပန်း၊ ကြက်သွန်ပန်း (alliums) နဲ့ နေကြာပန်းတို့ဟာလည်း ဟင်းနုနယ်နဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ 

ပျပိုးနဲ့ လှေးကျိုင်းတွေဟာ ဟင်းနုနွယ်ပင်တွေအတွက် ဆိုးရွားတဲ့ ပိုးမွှားတွေဖြစ်ပါတယ်။ အဲ့ဒီပိုးမွှားတွေဟာ အပင်ကိုစားသုံးပြီး အရွက်များကို ညစ်ညမ်းစေကာ သုံးမရတော့အထိ ပျက်စီးသွားစေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ တောင်ကြာကလေးပင် အနီးအနားမှာ စိုက်ပျိုးတဲ့အခါ အဖျက်ပိုးတွေဟာ ဟင်းနုနယ်ပင်ထက် အဆိုပါပန်းပင်တွေမှာသာ ကျရောက်မှာ ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.backyardboss.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်