စွန့်ပစ်မိနေတဲ့ ကြက်သွန်ခွံရဲ့ စိုက်ပျိုးရေးအတွက် အသုံးဝင်ပုံများ

09/05/2022 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

   ကြက်သွန်ဆိုတာ စားဖိုဆောင်သီးနှံတွေထဲမှာ အရေးပါတဲ့သီးနှံတမျိုးဖြစ်ပြီး နေ့စဥ် ချက်ပြုတ် စားသောက်ရာမှာလည်း မပါမဖြစ်ထည့်သွင်းကြတဲ့ သီးနှံတမျိုးဖြစ်ပါတယ်။ စားဖိုဆောင်ကထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေနဲ့ မြေဩဇာတွေပြုလုပ်ဖို့ မကြာခဏမျှဝေလေ့ရှိကြပေမယ့် ကြက်သွန်အခွံတွေနဲ့ ပတ်သတ်လို့ မျှဝေတာတော့ နည်းပါတယ်။

   မကြာခင်ကမှ ကျွန်တော်တို့အိမ်မှာ စိုက်ပျိုးထားတဲ့နှင်းဆီပန်းတွေဟာ တဖြည်းဖြည်းနဲ့အပင်ကျသွားပြီး ကြီးထွားမှုမရှိတော့တာ၊ အရွက်တွေကြွေလာတာမျိုးတွေ တွေ့လာရပါတယ်။ အဲ့ဒီနောက် ကြက်သွန်အခွံတွေကို အပင်ရဲ့ ခြေရင်းမှာ ပုံပေးပြီးတဲ့နောက်မှာတော့ သိသိသာသာ စိမ်းလန်းလာပြီး အဖူးတွေ၊ အပွင့်တွေ ထွက်လာတာကိုပါ တွေ့ရှိလာရပါတယ်။ အများစုကတော့ ကြက်သွန်အခွံတွေကို အမှိုက်လို့သတ်မှတ်ပြီး လွှင့်ပစ်လိုက်ကြမယ် ထင်ပါတယ်။ ကြက်သွန်အခွံမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ပိုးမွှားရောဂါတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့်၊ အိုင်းယွန်း၊ အိုင်အိုဒင်း၊ ဗီတာမင်၊ ပက်တင် စတဲ့အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်အခွံကိုလည်း အခြားသော မီးဖိုချောင်ထွက် သဘာဝစွန့်ပစ်ပစ္စည်းတွေလိုပဲ အကျိုးရှိရှိ အသုံးပြုနိုင်တယ် ဆိုတာကို ဒီဆောင်းပါကနေတစ်ဆင့် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

 

မြေဆွေးပြုလုပ်ရာမှာ ထည့်ပေးခြင်း 

မြေဆွေးပြုလုပ်ရာမှာ တီကောင်လိုသက်ရှိတွေကို ထည့်သွင်းအသုံးမပြုဘူးဆိုရင်တော့ ကြက်သွန်အခွံတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်သွန်အခွံကို မြေဆွေးပုံလုပ်ရာမှာ ထည့်သွင်းပေးခြင်းအားဖြင့် နောက်ဆုံးမှာ အာဟာရဓာတ် ကြွယ်ဝတဲ့ မြေဆွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ တီကောင်လေးတွေထည့်သွင်းထားတဲ့ မြေဆွေးပုံထဲကိုတော့ ကြက်သွန် အခွံမထည့်ပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တီကောင်လေးတွေဟာ ကြက်သွန်ကဲ့သို့ အနံ့ပြင်းတဲ့ ပစ္စည်းတွေကို ကြိုက်နှစ်သက်ခြင်း မရှိလို့ဘဲ ဖြစ်ပါတယ်။ 

 

မြေဖုံးရာမှာ အသုံးပြုခြင်း 

ကြက်သွန်အခွံတွေကို အပင်ခြေရင်းမှာ ပုံပေးတာနဲ့ မြေဖုံးရာမှာ အသုံးပြုတာမျိုးတွေ ပြုလုပ်လို့ရပါတယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် မြေရဲ့အစိုဓာတ်ကိုထိန်းပေးနိုင်သလို ပေါင်းပင်ပေါက်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မြေဖုံးရာမှာ ကြက်သွန်နီ အခွံခြောက်တွေကို အသုံးပြုမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ဆွေးမြေ့သွားစေနိုင်ပြီး အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်တွေ၊ ကယ်လ်စီယမ်ဓာတ်တွေကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ 

 

ပိုးသတ်ဆေး ပြုလုပ်အသုံးပြုခြင်း 

သဘာဝပိုးသတ်ဆေးလို့ ဆိုလိုက်ရင် အများစုသိကြတာက တမာပိုးသတ်ဆေး (ပိုးနှင်ဆေး) ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သွန်ကို အသုံးပြုပြီးတော့လည်း သဘာဝပိုးသတ်ဆေးပြုလုပ်နိုင်ပါတယ်။

ပြုလုပ်နည်း  

- အရင်ဆုံး ကြက်သွန်နီဥအကြီးတစ်လုံးကိုယူပြီး ကြိတ်စက်နဲ့ကြိတ်ချေပါ။

- ၎င်းထဲသို့ ကြက်သွန်အဖြူ ၄ မွှာထည့်ပါ။

- ထို့နောက် ငရုတ်သီးအနီမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။

- ပြီးလျှင် သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ 

- ထို့နောက် ရေအနည်းငယ်ထည့်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။ 

- ပြီးလျှင် ၎င်းထဲသို့ ရေ ၂ ခွက် (သောက်ရေခွက်၊ လက်ဖက်ရည်ပန်းကန်လုံး) ထည့်ကာ ရောမွှေပီး ၁ ညထားပါ။

- မနက်ရောက်လျှင် ဖျော်ရည်ကို ပိတ်စအပါး အသုံးပြုပြီး အနည်အနှစ်များကို စစ်ထုတ်ပါ။ 

- ဖျော်ရည်ရရှိပြီး အသုံးမပြုသေးပါက ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ 

ပိုးသတ်ဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ဖျော်ရည် ၁ ဆ ရေ ၅ ဆ နှုန်းထားနဲ့ အသုံးပြုနိုင်ပါတယ်။ အရေးကြီးတဲ့အချက် တချက်ကတော့ ဖျန်းလိုက်တဲ့ဆေးတွေက အရွက်တွေကို ဖုံးအုပ်ထားနိုင်ပြီး ဆေးအာနိသင်ကြာရှည်ခံစေနိုင်ဖို့ ဆပ်ပြာရည် ၁၀ စက်ခန့်ထည့်ပေးမယ်ဆိုရင် ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ပိုးမွှားကင်းစင်ဖို့အတွက် အသုံးပြုချင်တယ်ဆိုရင်တော့ ၁ ပတ်ကို ၂ ကြိမ်အသုံးပြုနိုင်ပါတယ်။ ဒီပိုးသတ်ဆေးဟာဆိုရင် ပျ၊ ယင်ဖြူနဲ့ ပိုးစေးနှဲတို့လို အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

 

မြေဩဇာ ပြုလုပ်ခြင်း

 ကြက်သွန်နီအခွံ လက် ၂ ဆုပ်စာကနေ ၃ ဆုပ်စာလောက်အထိကို ရေ ၁ လီတာမှာ ၂၄ နာရီ စိမ်ထားရပါမယ်။ ၂၄ နာရီကြာပြီးလို့ အရည်ကိုစစ်ထုတ်ပြီးရင်တော့ မြေဩဇာအရည်အနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဖျော်ရည်နဲ့ ရေကို ဆတူရောစပ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ မြေဩဇာအရည်ကို ၁၅ ရက်တစ်ကြိမ်အသုံးပြုနိုင်ပြီး ၃ လခန့်အကြာမှာ ထိရောက်မှုရှိတဲ့ လက္ခဏာများတွေ့ရမှာ ဖြစ်ပါတယ်။ 

 

Ref: https://www.gkvks.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်