ဓာတုဆေးအသုံးပြုသူတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များ

17/10/2025 10:32 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

အရာရာတိုင်းမှာ အဆိုးအကောင်းဒွန်တွဲနေသလို ဓာတုဆေးဝါးများ၏ အသုံးပြုမှုမှာလည်း ကောင်းကျိုး နှင့်အတူ ဘေးထွက်ဆိုးကျိုးများက ဒွန်တွဲနေပါတယ်။ လယ်ယာဓာတုပစ္စည်းများ (agrichemicals) တွင် လောင်စာဆီများ၊ ပေါင်းသတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ မြေဩဇာများနှင့် မွေးမြူ ရေးဆေးဝါးများ ပါဝင်ပါတယ်။ လယ်သမားများအနေဖြင့် ဓာတုဆေးများအသုံးပြုရာတွင် မိမိတို့၏ ဘေးကင်းရေး၊ အနီးအနား ရှိသူများ၏ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်အား ကာကွယ်ရန်အတွက် ဓာတုပစ္စည်းများကို သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့တွင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

မည်သည့်ဓာတုပစ္စည်းကိုမဆို အလွန်သတိထား၍ အညွှန်းတွင်ဖော်ပြထားသော ညွှန်ကြားချက် အတိုင်းသာ အသုံးပြုရမည်။ ဓာတုအငွေ့များ ရှုရှိုက်မိခြင်း သို့မဟုတ် တိုက်ရိုက်ထိတွေ့မိခြင်းတို့ကြောင့် ကာလတို နှင့် နာတာရှည် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ 

ဓာတုပစ္စည်းထိတွေ့မှု၏ သက်ရောက်မှုများသည် ဓာတုပစ္စည်းအမျိုးအစားနှင့် ထိတွေ့မှုပမာဏပေါ်တွင် မူတည်ပါသည်။ ဓာတုပစ္စည်းများကို မျိုချမိခြင်း၊ အရေပြားမှတစ်ဆင့် စုပ်ယူမိခြင်း သို့မဟုတ် ရေမွှား၊ ရေငွေ့ သို့မဟုတ် ဖုန်မှုန့်အဖြစ် ရှူရှိုက်မိပါက အဆိပ်သင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မျက်ဆန်ကျုံ့ခြင်း၊ မူးဝေခြင်း၊ ကြွက်သားတက်ခြင်း၊ အရေပြား အကွက်ထခြင်းနှင့် ယားယံခြင်း၊ ဓာတုလောင်ကျွမ်းမှုများ ဖြစ်ပွားခြင်း၊ မွေးရာပါချို့ယွင်းချက်များ၊ အဆုတ်၊ အသည်းနှင့် ကျောက်ကပ်ရောဂါများအာရုံကြောစနစ် ချို့ယွင်းမှုများနှင့် ကင်ဆာရောဂါထိ ဖြစ်ပွားနိုင်သည်။

လိုအပ်သော ဓာတုပစ္စည်းကို ဝယ်ယူမှုမပြုမီ သေချာစွာ သုတေသနပြုလုပ်ရန် အရေးကြီးပါသည်။ ဘေးကင်းစိတ်ချရပြီး ထိရောက်သော ဓာတုပစ္စည်းရွေးချယ်မှုများအတွက် Safety Data Sheet (ဘေးကင်းလုံခြုံရေး အချက်အလက် စာရွက်) များကို အွန်လိုင်းတွင် ရှာဖွေဖတ်ရှုကာ ဝယ်ယူအသုံးပြုရမည်ဖြစ်သည်။ 

ဓာတုပစ္စည်းများကို ဘေးကင်းစွာ သိုလှောင်ရန် အကြံပြုချက်များမှာ

  • သင့်တော်သော သိုလှောင်မှုအတွက် ထုတ်လုပ်သူဖော်ပြထားသော ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။ ဓာတုပစ္စည်းများကို မူရင်းဗူးများအတွင်းသာ သိုလှောင်ထားရှိသင့်ပြီး ဗူးငယ်များအတွင်းသို့ ထည့်၍ ပြောင်းရွေ့သိုလှောင်ခြင်းများ မပြုလုပ်သင့်ပါ။ 
  • ဗူးပေါ်မှ ညွှန်ကြားချက် အညွှန်းများကို မခွာပါနှင့်။
  • ဓာတုပစ္စည်းများကို လေဝင်လေထွက်ကောင်းမွန်ပြီး ဖိတ်စင်မှုများကို ခံနိုင်ရည်ရှိသော ကြမ်းခင်းရှိသည့် အခန်းတွင် သော့ခတ်၍ သိုလှောင်ထားရှိပါ။ 
  • ဓာတုပစ္စည်းများကို ဆေးဖျန်းရာတွင်အသုံးပြုသော ကာကွယ်ပစ္စည်းများနှင့် ရောနှောမထားသင့်ပါ။ 
  • မျက်နှာဖုံး ဖစ်တာ (filter) များကို အသုံးမပြုသည့်အခါ ညစ်ညမ်းနေသော ကာကွယ်ပစ္စည်းများနှင့် ခွဲခြား၍ သိုလှောင်ပါ (ဥပမာ- ဇစ်ပိတ်အိတ်)။ 
  • ဓာတုအရည်များကို ဓာတုအစိုင်အခဲများအပေါ်တွင် မသိုလှောင်ရ။ 
  • ဓာတ်ပြုမှုများ မဖြစ်ပေါ်စေရန် မတူညီသော ဓာတုပစ္စည်းအမျိုးအစားများကို ခွဲခြားသိုလှောင်ပါ။ 
  • တိရစ္ဆာန်အစာများ၊ မျိုးစေ့များနှင့် မြေဩဇာများကို အခြားဓာတုပစ္စည်းများနှင့် ခွဲခြားသိုလှောင်ပါ။ 
  • ဖိတ်စင်နိုင်သည့် ဓာတုဆေးများကို သုတ်သင်နိုင်ရန် သဲ၊ မြေ များကို လက်ဝယ်တွင် ထားရှိပါ။ 
  • မီးစွဲလောင်နိုင်သော အရင်းအမြစ်များကို ဓာတုပစ္စည်းများမှ ဝေးရာတွင် ထားရှိပါ။ 
  • ဝယ်ယူပြီး သိုလှောင် အသုံးပြုသော ဓာတုပစ္စည်းများ၏ မှတ်တမ်းကို စနစ်တကျ ထားရှိပါ။

ဓာတုပစ္စည်းများ ဘေးကင်းစွာအသုံးပြုရန် အကြံပြုချက်များမှာ -

  • စိုက်ပျိုးရေးဆေးဝါးများ အသုံးပြုသူတိုင်း ထိုဆေးဝါးနှင့် လိုအပ်သော ကိရိယာများ နှစ်မျိုးစလုံး ကို အသုံးပြုနိုင်ရန် သင့်လျော်စွာ လေ့ကျင့်ထားရမည်။ 
  • ဓာတုဆေးများ ရောစပ်ရာတွင် ယိုစိမ့် ဖိတ်စင်ခြင်းအန္တရာယ်လျှော့ချရန် သင့်တော်သော ပုလင်း၊ ခွက်များကို အသုံးပြုပါ။ 
  • လိုအပ်သော ဓာတုဆေးပမာဏကိုသာ ရောစပ်ပါ။ 
  • ဆေးများ လောင်းထည့်ခြင်းနှင့် ရောနှောခြင်းပြုလုပ်ရာနေရာသည် လေဝင်လေထွက်ကောင်း မွန်စေရမည်။ အလုံပိတ်အခန်းများဖြစ်ပါက အကြံပြုထားသော တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်း (PPE) များ ဝတ်ဆင်အသုံးပြုရန်။ 
  • ဗူးတွင် ဖော်ပြထားသော အသုံးပြုရန် နှုန်းထားပါဝင်သည့် ဖော်ပြချက်များကို လိုက်နာပါ။ 
  • ဓာတုဆေးဒဏ်ခံနိုင်သောလက်အိတ်များ၊ စုံစီးဝတ်စုံများ၊ မျက်မှန်များနှင့် P2 မျက်နှာဖုံးများ သို့မဟုတ် P3 ရှူစက်များကဲ့သို့သော အကြံပြုထားသည့် ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ပါ။ 
  • ပစ်မှတ်မဟုတ်သော တိရစ္ဆာန်များ သို့မဟုတ် အပင်များကို ဆေးထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
  • ဓာတုဆေးအသုံးပြုပြီးနောက် ကိရိယာများကို သုံးကြိမ်ဆေးကြောပြီး ဆေးကြောရေကို သင့်လျော်စွာ စွန့်ပစ်ပါ။ 

ဓာတုပစ္စည်းများ ဘေးကင်းစွာ စွန့်ပစ်နည်းဆိုင်ရာ အကြံပြုချက်များ:

  • ဓာတုပစ္စည်းများနှင့် စက်ပစ္စည်းများမှ ဆေးကြောရာမှ ရရှိသော ရေဆေးရည်များကို သင့်လျော်စွာ စွန့်ပစ်ရန် ထုတ်လုပ်သူ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။ 
  • ကွန်တိန်နာခွက်များကို သေချာစွာ သုံးကြိမ်ဆေးကြောပြီး အခြားသော နေရာများတွင် အသုံးမပြုနိုင်စေရန် ချွန်ထက်သော အရာဖြင့် ထိုးဖောက်ပါ။
  • အလွတ်ကွန်တိန်နာခွက်များကို ထုတ်လုပ်သူထံသို့ ပြန်လည်ပေးပို့ပါ သို့မဟုတ် သင့်လျော်သော စွန့်ပစ်နည်းများအတွက် သင့်ဒေသန္တရ ကောင်စီနှင့် တိုင်ပင်ဆွေးနွေးပါ။ 
  • ဓာတုပစ္စည်း သိုလှောင်ရုံကို ပုံမှန်စစ်ဆေးပြီး ပိုနေသော သို့မဟုတ် သက်တမ်းကုန်ဆုံးနေသော ဓာတုပစ္စည်းများကို သင့်လျော်သော နည်းလမ်းဖြင့် စွန့်ပစ်ပါ။

ဓာတုဆေးထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများသည်လည်း အောက်ပါအချက်များပါဝင်သော ဘေးကင်းလုံခြုံရေး အချက်အလက် စာရွက် (SDS) ကို ဖော်ပြပေးရန် လိုအပ်ပါသည်။

  • ဓာတုပစ္စည်း၏ မှတ်ပုံတင်အသုံးပြုမှု
  • အသုံးပြုရာတွင် ဂရုပြုရမည့်အချက်များ
  • ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
  • ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့် ဘေးကင်းရေး စီမံချက်များ
  • ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များပင် ဖြစ်သည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်