ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေသည့်အချက်များ (အပိုင်း - ၂)

28/06/2024 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ရာသီဥတုပြောင်းလဲခြင်းကြောင့် မြေဆီလွှာအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့်အချက်များကို အပိုင်း (၁) တွင်ဖော်ပြပေးခဲ့ပြီးဖြစ်သည်။ ယခုအပိုင်း (၂) တွင်မူ ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေသည့်အချက်များအကြောင်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

ပင်ကြွင်းပင်ကျန်စီမံခန့်ခွဲခြင်းနှင့် မထွန်မယက်စိုက်ပျိုးခြင်း

သီးနှံဂေဟစနစ်သည် ပြန်လည်ဖြည့်တင်းပေးသောအရင်းအမြစ်အနေဖြင့် သီးနှံပင်ကြွင်းပင်ကျန်အပေါ်တွင် မှီတင်းနေသည်။ သီးနှံပင်ကြွင်းပင်ကျန်စီမံခန့်ခွဲမှုသည် မြေကြီး၏ ကျန်းမာရေး၊ သီးနှံ၏ ထုတ်လုပ်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်ခြင်းအပေါ်တွင် သိသာသော သက်ရောက်မှုရှိသည်။ မထွန်မယက်စိုက်ပျိုးခြင်းသည် သီးနှံပင်ကြွင်းပင်ကျန် အနည်းဆုံး ၃၀% ကိုထည့်သွင်းပြီး မြေကြီးကိုထွန်ယက်ထိခိုက်ခြင်းမရှိဘဲ စိုက်ပျိုးခြင်းကို ဆိုလိုသည်။ မထွန်မယက်စိုက်ပျိုးခြင်းနှင့် သီးနှံပင်ကြွင်းပင်ကျန်ဖုံးအုပ်စိုက်ပျိုးခြင်းသည် မြေကြီး၏ တည်ဆောက်ပုံနှင့် မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေသည်။ မြေတိုက်စားမှုကို လျော့နည်းစေသည်။ မြေရေထိန်းသိမ်းနိုင်စွမ်းအားကို ကောင်းမွန်စေပြီး အပူချိန်အတက်အကျဖြစ်မှုကို လျော့နည်းစေသည်။ မြေ၏အရည်အသွေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ပေးသည့် စွမ်းအားများကို တိုးမြင့်စေသည်။ 

သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း

သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုသည်မှာ သစ်ပင်၊ သီးနှံ၊ ချုံနွယ်နှင့် တိရစ္ဆာန်မွေးမြူရေးတို့ပါဝင်သော မြေအသုံးချခြင်းကို ဆိုလိုသည်။ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းတွင် ပုံမှန်အော်ဂဲနစ်ပစ္စည်းပါဝင်မှုနှင့် ဇီဝဆိုင်ရာလုပ်ဆောင်မှုတို့ပါဝင်သည်။ ရေနှင့် အာဟာရဆုံးရှုံးမှုကို လျော့နည်းစေသည်။ မြေနှင့်ရေ တိုက်စားခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်သည်။ ထို့အပြင် သီးပင်စိုက်ပျိုးခြင်းဖြင့် သီးနှံအဝန်းအဝိုင်းရာသီ ဥတုကို ပြောင်းလဲစေပြီး သီးနှံနှင့် တိရစ္ဆာန်ဖိစီးမှုကို လျှော့ချစေပြီး အထွက်နှုန်းကို သိသိသာသာ တိုးမြင့်စေသည်။ ရေသွင်းစိုက်ပျိုးသည့် သီးနှံဂေဟစနစ်တွင် ပေါ့ပလာပင်ကို အခြေပြုသော သီးနှံသစ်တောရောနှောစိုက်ခင်းသည် မြေပျက်စီးမှုကို ကာကွယ်တားဆီးပေးပြီး တည်မြဲသော ရေရှည်ဇီဝစိုက်ပျိုးထုတ်လုပ်သည့် လွယ်လင့်တကူလုပ်ကိုင်ဆောင်ရွက်နိုင်သော မြေအသုံးချမှုနည်းလမ်း တစ်ခုဖြစ်သည်။ လေထုထဲမှ ကာဗွန်ဖယ်ထုတ်သည့် ပမာဏသည် အပင်၏မြေအသုံးချမှု၊ အသုံးပြုသော မျိုး၊ နေရာရွေးချယ်ခြင်း၊ စီမံခန့်ခွဲသည့် နည်းလမ်းနှင့် အခြားအချက်များအပေါ်မူတည်၍ ပေါ့ပလာကို အခြေပြုသော စိုက်ခင်းစနစ်တွင် ကာဗွန်ပမာဏများစွာ တွေ့ရှိရသည်။ 

မြေအသုံးချမှုပြောင်းလဲခြင်း

မြေအသုံးချမှုပြောင်းလဲခြင်းသည်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသော ကာဗွန်ပမာဏအပေါ်တွင် များစွာ လွှမ်းမိုးလျက်ရှိသည်။ ဥပမာ- အိန္ဒိယနိုင်ငံတွင် ၁၈၈၀ မှ ၂၀၁၀ ခုနှစ်အတွင်း စားကျက်မြေ၊ ချုံပုတ်မြေနှင့် သစ်တောမြေများ သိသိသာသာ ဆုံးရှုံးလာပြီး သီးနှံစိုက်ဧရိယာနှင့် မြို့ပြချဲ့ထွင်မှုများ တိုးမြင့်လာခဲ့သည်။ သစ်တောဧရိယာသည် ၁၈၈၀ တွင် သန်းပေါင်း ၈၉ ဟတ်တာမှ ၂၀၁၀ တွင် ၆၃ ဟတ်တာသန်းပေါင်းထိလျော့ကျခဲ့သဖြင့် ၂၆ သန်းပေါင်းဟတ်တာထိ ဆုံးရှုံးခဲ့ရသည်။  စားကျက်/  ချုံပုတ်မြေများသည် ၄၅ ဟတ်တာသန်းပေါင်းမှ ၂၅ ဟတ်တာသန်းပေါင်းသို့ လျော့နည်းသွားသဖြင့် ဟတ်တာသန်းပေါင်း ၂၀ ခန့် လျော့နည်းခဲ့ရသည်။ တစ်ဖက်အားဖြင့် စိုက်ပျိုးမြေဧရိယာသည် ၁၈၈၀ တွင် ၉၂ ဟတ်တာသန်းပေါင်းမှ ၂၀၁၀ တွင် ၁၄၀ ဟတ်တာသန်းပေါင်းသို့ ရောက်ရှိလာခဲ့သဖြင့် ၄၈ ဟတ်တာသန်းပေါင်း တိုးမြင့်လာခဲ့သည်။ ဤပြောင်းလဲမှုများသည် လူသားတို့၏ တိုးတက်ဖွံဖြိုးမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်ပြီး လူဦးရေ သိန်းနှစ်ထောင် မှ ၂၀ ရာစုတွင် သိန်း တစ်သောင်းနှစ်ထောင်သို့ ၆၀၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ၎င်းသည် စီးပွားရေးတိုးချဲ့လာမှု၏ ပြယုဒ်တစ်ခုလည်းဖြစ်သည်။ မြေအသုံးချုမှုပြောင်းလဲခြင်းသည် လူတို့ပြုလုပ်သော ကာဗွန်ထုတ်လွှတ်ခြင်းတွင် အများဆုံးပါဝင်ပြီး ဂေဟစနစ်တွင် ကာဗွန်ပမာဏကို လွှမ်းမိုးခြင်းကြောင့် ဤအသွင်ကူးပြောင်းခြင်းသည် လေထုထဲသို့ ကာဗွန်ပမာဏများစွာ ထုတ်လွှတ်ပေးလျက်ရှိသည်။ အသိသာဆုံး နည်းလမ်းမှာ လူဦးရေတိုးမြင့်လာခြင်းကြောင့် အစာလိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် သစ်တောများ ရှင်းလင်း၍ စိုက်ပျိုးလာကြသဖြင့် သစ်တောပျက်စီးခြင်းနှင့် ပြုန်းတီးခြင်းများဖြစ်ကာ ပတ်ဝန်းကျင်ပေါ်မှာ ဖိစီးမှုများ ဖြစ်ပေါ်လာသည်။ သစ်တောပျက်စီးခြင်းနှင့် ပြုန်းတီးခြင်းများကြောင့် အပင်တွင် ကာဗွန်ထိန်းသိမ်းမှုနှင့် သိုလှောင်မှုကို လျော့နည်းစေပြီး ကမ္ဘာ့ကာဗွန်ထုတ်လွှတ်ခြင်း၏ ၁၄ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေသည်။ သစ်တောများကို စိုက်ခင်းမြေများသို့ ပြောင်းလဲခြင်းသည် မြေတွင်းအာဟာရနှင့် အော်ဂဲနစ်ကာဗွန်ပမာဏကို လျော့နည်းစေသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပို၍ အဖြစ်များသည်။ ၎င်းမြေများကို ကာဗွန်လက်ခံသောမြေများအဖြစ်သို့ပြောင်းလဲခြင်းသည် နောင်အနာဂတ်မြေအသုံးချမှု ပြောင်းလဲမှုစနစ်အတွက် မရှိမဖြစ်အ‌ရေးပါသော မြေအသုံးချမှုစီမံခန့်ခွဲမှုစနစ် တစ်ခုဖြစ်ပါကြောင်း လေ့လာဖော်ပြအပ်ပါသည်။

ဇယား - ၁၈၈၀ မှ ၂၀၁၀ အတွင်း အိန္ဒိယနိုင်ငံတွင် မြေအသုံးချမှုပြောင်းလဲပုံစံ (ဧရိယာကို သန်းပေါင်း ဟတ်တာဖြင့် ဖော်ပြသည်။)

ဘိုင်အိုချာနှင့် အခြားမြေပြုပြင်ပစ္စည်းများ

ဘိုင်အိုချာသည် ပင်ကြွင်းပင်ကျန်ဆွေးမြည့်ခြင်းမှ နိုက်ထရပ်အောက်ဆိုဒ်နှင့် မီသိန်းမထွက်လုနီးပါး အင်ဇိုင်းများ၏ အကူအညီဖြင့် ပရိုတင်းများကို အမိုင်နိုအက်ဆစ်အဖြစ်သို့ ဖြိုခွဲပြီး ဇီဝစွမ်းအင်များ မွေးဖွားပေးခြင်းအားဖြင့် မြေကြီးမှ နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချကာ စိုက်ပျိုးရေးထုတ်ကုန်များကို တိုးမြင့်စေပါသည်။ ၎င်းဘိုင်အိုချာအသုံးပြုစနစ်သည် ရာသီဥတုပြောင်းလဲမှုလျှော့ချရာမှာ ကူညီလုပ်ဆောင်ပေးသည်။ ၂၀၁၃ တွင် ပူရာကာရက်သာနှင့် အပေါင်းပါ (Purakayastha et al. 2013) သုတေသနပညာရှင် များက ဘိုင်အိုချာကာဗွန် တည်ငြိမ်မှု၏ ၁၅ ပတ်တာ (weeks) လေ့လာစူးစမ်းမှုအရ ပြောင်းဘိုင်အိုချာတွင် ၂.၃၄ ရာခိုင်နှုန်းကာဗွန်ဆုံးရှုံးမှုရှိပြီး စပါးဘိုင်အိုချာတွင် ၄.၄၉ ရာခိုင်နှုန်းကာဗွန်ဆုံးရှုံးမှုရှိသည်။ ထို့ကြောင့် ပြောင်းဘိုင်အိုချာသည် လေထုထဲမှ ကာဗွန်ဖယ်ထုတ်ခြင်းအတွက်ရေရှည် အလားအလာကောင်းသော ဘိုင်အိုချာတစ်မျိုးဖြစ်ပါကြောင်း လေ့လာဖော်ပြအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်