စပါးစိုက်ပျိုးခြင်းကြောင့်ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့

03/11/2023 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ဆန်သည် မြန်မာနိုင်ငံ၏ အခြေခံစားသုံးသီးနှံဖြစ်၍ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံသူ/ သားများ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ဆောင်မှုအတွက် အဓိကအရေးကြီးသော အခန်းကဏ္ဍ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်အချိန်ပေါ်မူတည်၍ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို အုပ်စု (၄) စုခွဲခြားနိုင်သည်။ 

  • ၁။ နွေစပါး (မတ်လ - ဇူလိုင်) (သွင်းရေရရှိသော ဒေသများတွင် စိုက်ပျိုးသည်။)
  • ၂။ မိုးစပါး (ဇွန်လ - အောက်တိုဘာ) (မိုးအားကိုး စိုက်ပျိုး၍ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသည်။)
  • ၃။ မိုးနှောင်းစပါး (သြဂုတ် - ဇန်နဝါရီ) (မိုးနှောင်းစပါးကို မြစ်ဝကျွန်းပေါ်ဒေသ၏ မြေနိမ့်လွင်ပြင်များတွင် စိုက်ပျိုးသည်။)
  • ၄။ မရင်းစပါး (နိုဝင်ဘာ - မတ်လ) (မြစ်၊ ချောင်းကမ်းဘေးများနှင့် ရေအရင်းအမြစ်နှင့်နီးသော ဒေသများတွင် အဓိက စိုက်ပျိုးသည်။)

၂၀၂၁ ခုနှစ်အချက်အလက်အရ မြန်မာနိုင်ငံတွင် စုစုပေါင်းစိုက်ပျိုးဧရိယာသည် သန်းပေါင်း (၁၁) ဟတ်တာနီးပါးရှိသည်။ စပါးကို တစ်နိုင်ငံလုံးအနှံ့စိုက်ပျိုးပြီး အဓိကအားဖြင့် ဧရာဝတီ၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း၊ ရန်ကုန်တို့တွင် အများဆုံးစိုက်ပျိုးသည်။ ဧရာဝတီသည် စပါးစိုက်ပျိုးမှုအများဆုံးဒေသဖြစ်ပြီး တစ်နိုင်ငံလုံးစပါးစိုက်ပျိုးဧရိယာ၏ ၂၈ % ရှိသည်။ ပဲခူးသည် ဒုတိယ စပါးစိုက်ပျိုးထုတ်လုပ်မှုအများဆုံး ဒေသဖြစ်သည်။ 

မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်တွင် လူဦးရေတိုးမြင့်လာတာနှင့်အမျှ စားနပ်ရိက္ခာတိုးမြင့်အောင်လည်း အလေးပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ တိုးမြင့်လာသော ကမ္ဘာ့လူဦးရေနှင့်အတူ ဆန်စပါးထုတ်လုပ်မှုကို တိုးမြင့်စေရန် နည်းလမ်းများကို စဉ်းစားလာကြသည်။ ၎င်းအထဲတွင် စိုက်ဧရိယာတိုးချဲ့မှု၊ တစ်ယူနစ်မြေဧရိယာတွင် သီးနှံထုတ်လုပ်မှုစွမ်းအား (crop intensity) တိုးမြင့်ခြင်း (တစ်နှစ်ကို နှစ်သီး သုံးသီးစိုက်ပျိုးခြင်း)၊ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်ခြင်း (crop productivity) တို့ပါဝင်သည်။ 

အထွက်နှုန်းတိုးမြင့်အောင်ဆောင်ရွက်ခြင်း နည်းစနစ်များတွင် မျိုးစီမံခန့်ခွဲမှု၊ စိုက်နည်းစနစ်စီမံခန့်ခွဲမှု၊ ရေစီမံခန့်ခွဲမှု၊ မြေသြဇာ (သဘာဝနှင့် ဓါတ်မြေသြဇာ) စီမံခန့်ခွဲမှု၊ ရောဂါနှင့် ပိုးမွှားစီမံခန့်ခွဲမှု၊ ပေါင်းစီမံခန့်ခွဲမှု၊ မှန်ကန်သည့် ရိတ်သိမ်းသည့်စနစ်စီမံခန့်ခွဲမှုတို့ပါဝင်ပြီး ၎င်းအထဲမှ မိမိတို့တတ်နိုင်သည့် အနေအထားဖြင့် အထွက်နှုန်းတိုးမြင့်အောင် လုပ်ကိုင်ဆောင်ရွက်လာကြသည်။ 

မြန်မာနိုင်ငံအနေဖြင့် လူဦးရေတိုးတက်လာသည်နှင့်အမျှ မြို့ပြချဲ့ထွင်မှုများတိုးမြင့်လာခြင်းကြောင့် စိုက်ဧရိယာများတိုးချဲ့နိုင်ခြင်းမရှိပေ။ နည်းပညာလိုအပ်ချက်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် မြေလွတ် မြေရိုင်းများကိုလည်း ချဲ့ထွင်နိုင်ခြင်းမရှိသလို သီးနှံထုတ်လုပ်မှုစွမ်းအားကို တိုးမြင့်အောင်လည်း ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ်မှာပဲ အထွက်နှုန်း တိုးမြင့်အောင် ဆောင်ရွက်နေကြရသည်။ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုကို အထွက်နှုန်းတိုးအောင် အဓိကအားဖြင့် မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာအများအပြားသုံးစွဲခြင်း၊ ရေကို အကျိုးရှိအောင် အသုံးချလာခြင်း၊ ထွန်ယက်စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲခြင်းတို့ကို လုပ်ကိုင် ဆောင်ရွက်လာကြသည်။  

စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် လူတို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှု၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှုမှ မီသိန်း (Methane)၊ နိုက်ထရပ်အောက်ဆိုဒ် (Nitrous oxide) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) ဓာတ်ငွေ့များထုတ်လွှတ်သည်။ 

စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုသည် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိမှု၏ ၉ - ၁၁ % ရှိသည်။

စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ မီသိန်းထွက်ရှိမှုသည် စုစုပေါင်းစိုက်ပျိုးရေးလုပ်ငန်းများမှ ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှု၏ ၁၈% ဖြစ်ပြီး စိုက်ပျိုး‌ရေးလုပ်ငန်းများမှ စုစုပေါင်းမီသိန်းထွက်ရှိမှု၏ ၃၀ % ရှိသည်။

၎င်းအပြင် နိုက်ထရပ်အောက်ဆိုဒ်ထွက်ရှိမှုသည် စုစုပေါင်းစိုက်ပျိုးရေးလုပ်ငန်းများမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု၏ ၁၁ % ဖြစ်သည်။  

မြေကြီးကို ထွန်ယက်ခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး များထုတ်လုပ်ခြင်း၊ စက်ယန္တရားများ အသုံးပြုခြင်း၊ ရေစုပ်စက်ဖြင့် ရေသွင်းခြင်းတို့သည် သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီအသုံးပြုမှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။ သဘာဝမြေသြဇာများ (organic manure) ထည့်သွင်းခြင်း၊ စပါးခင်းတွင် ရေအဆက်မပြတ်ရှိနေခြင်း (continuous flooding) တို့သည် မီသိန်းဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုခြင်းသည် နိုက်ထရပ်အောက်ဆိုဒ် ဓာတ်ငွေ့ကို ဖြစ်ပေါ်စေသည်။ ၎င်းအပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် စုစု‌ပေါင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု၏ ၄၈% ကို ဖြစ်ပေါ်စေသည်။

စပါးစိုက်ပျိုးခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချသောနည်းလမ်းများကို ဆက်လက်ရေးသားဖော်ပြပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်