လယ်ယာစိုက်ပျိုးမြေများဟာ ကမ္ဘာကြီးရဲ့ကျောက်ကပ်များလား

13/07/2020 19:30 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    လယ်ယာစိုက်ပျိုးမြေများကို ကမ္ဘာမြေကြီးရဲ့ ကျောက်ကပ်များသဖွယ် တင်စားမယ်ဆိုရင်လည်း မှန်နိုင်ပါတယ်။ အဘယ့်ကြောင့်နည်း? ကျွန်ုပ်တို့ခန္တာကိုယ်ထဲတွင်ရှိသော ကျောက်ကပ်၂ ခုဟာ ခန္တာကိုယ်အတွင်းမှာစုဆောင်းရောက်ရှိတဲ့ ရေမှပါလာတဲ့ အညစ်အကြေးများကို ၂၄ နာရီကြာလျှင်တစ်ကြိမ် စစ်ယူပေးပြီး  ခန္တာကိုယ်ကို သန့်စင်စေပါတယ်။ ထိုနည်းတူစွာ စိမ်းလန်းစိုပြေလျှက်ရှိတဲ့ လယ်ယာမြေများဟာ မြေဆီလွှာများယိုယွင်းပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။

     မိုးသည်းထန်စွာရွာသွန်းတဲ့အခါ ရေများဟာ မြေဆီလွှာပေါ်မှာ ဖြတ်သန်းစီးဆင်းသွားကြပါတယ်။ မိုးသည်းထန်စွာ မရွာတဲ့အခါမှာ မိုးရေများက မြေကြီးထဲသို့စီးဝင်ကြပြီး အပင်များရဲ့ အမြစ်များဆီသို့ ရောက်ရှိကြပြီး စိုက်ပျိုးသီးနှံများ၊ နှစ်ရှည်ပင်များရဲ့ ရှင်သန်ကြီးထွားမှုကို ပေးစွမ်းပါတယ်။ အချို့သောအခြေအနေများမှာဆိုရင်တော့ မြေအောက်ထိ ဖြေးညင်းစွာစီးဆင်းကြပြီး မြေအောက်ရေစီးကြောင်းများကို ဖြစ်ပေါ်စေပါတယ်။ မြေကြီးကို ရေက ဖြတ်သန်းစီးဆင်းသွားတဲ့အတွက်ကြောင့် စီးဆင်းရေမှတစ်ဆင့် မြေမှာပျော်ဝင်လျှက်ရှိသော မြေဆီအမှုန်များနှင့် Chemicalများကို သယ်ဆောင်ပါတယ်။ ဥပမာအားဖြင့်ပြောရသော် မြင့်သောကုန်းမြင့်ပေါ်တွင်စိုက်ပျိုးထားသောအကွက်မှ မြေဩဇာများ ရေနဲ့အတူမျောပါရင်း သယ်ဆောင်သွားနိုင်ပါတယ်။ အချို့သော မြေမှုန်များ(aggregates)များဟာ မြစ်ရေစီးကြောင်းမှတစ်ဆင့် မြစ်ဝှမ်းဒေသမှာ နုံးတင်မြေနုများအဖြစ်တည်ရှိကြပြီး စိုက်ပျိုးမြေအတွက် ပိုမိုကောင်းမွန်တဲ့ အဟာရကိုပေးစွမ်းပါတယ်။ ပတ်ဝန်းကျင်ရှိပျော်ဝင်ပစ္စည်းများကို တစ်နေရာမှ အခြားတစ်နေရာသို့ သယ်ဆောင်ပြီး အချို့မှာ ရေကန်များ၊ ချောင်းများ၊ မြစ်များမှတစ်ဆင့် ပင်လယ်ဆီသို့သယ်ဆောင်ပြီး ပြောင်းလဲမှုဖြစ်စဉ်များကို ဖြစ်ပေါ်စေပါတယ်။ ထိုမျှမကသေးပါ၊ လယ်ယာမြေများက ပတ်ဝန်းကျင်ရှိသက်ရှိများရဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ်တွင် များစွာသက်ရောက်မှုရှိနေပါတယ်။ လယ်ယာမြေများတွင် ရေသွင်းခြင်းထုတ်ခြင်းဖြင့် Nitrification မှ denitrification ဖြစ်စဉ်အတွင်းမှာ ပါဝင်နေပါတယ်။ အပေါ်ယံမြေသားပေါ်တွင် ကျက်စားနေထိုင်သော တီကောင်များရဲ့ အခန်းကဏ္ဍဟာလည်း မြေကြီးရဲ့ ကောင်းမွန်စွာထွန်ယက်စိုက်ပျိုးနိုင်မှုအပေါ်မှာ များစွာ ကောင်းကျိုးသက်ရောက်စေပါတယ်။ Wet land လို့ခေါ်ဆိုသတ်မှတ်ရာမှာ ကုန်းတွင်းပိုင်းရှိအချို့သော အင်းအိုင်များနဲ့ ရေသေဘေးမဲ့တောအချို့ကိုလည်း ထည့်သွင်းဖေါ်ပြကြပါတယ်။ ဆောင်းခိုငှက်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် အမှီသဟဲပြုအားထားရာ ကုန်းတွင်းပိုင်းရေနေဒေသများဟာလည်း ကမ္ဘာကြီးရဲ့ ကျောက်ကပ်များပင် ဖြစ်ကြပါတယ်။ ထွန်ယက်စိုက်ပျိုးရာ လယ်ကွက်များကလည်း ပတ်ဝန်းကျင်သက်ရှိများ၏ အရေးပါသော ကွင်းဆက်ကြီးဖြစ်ရာ စိုက်ပျိုးမြေများဟာလည်း ကမ္ဘာကြီးရဲ့ကျောက်ကပ်များသဖွယ် တင်စား‌ဖေါ်ပြကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref; Jim Fredericks, Outreach, and Education, AgSource Laboratories

ပြည့်ဖြိုးသော် (B.Agr.Sc Soil and Water Science)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်