အိမ်တွင်းစိုက်ပျိုးတဲ့ အပင်များနဲ့ အလင်းရောင်လိုအပ်ချက်

13/10/2020 19:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    သင့်အနေနဲ့ အိမ်အတွင်းမှာ အပင်တွေ စိုက်ပျိုးဖို့ စိတ်ကူးရှိနေတယ်ဆိုရင် ပထမဆုံးကြုံတွေ့ရမှာကတော့ အပင်တွေအတွက် အလင်းရောင် အလုံအလောက်ရရှိအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာပဲ ဖြစ်ပါတယ်။ အပင်တွေရှင်သန် ကြီးထွားဖို့အတွက် နေရဲ့ သဘာဝအလင်းရောင်ကသာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာတိုးတက်မှုတွေကြောင့် အပင်တွေအတွက် အလင်းရောင်ကို တီထွင်ဖန်တီးပြီး စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ မိမိရွေးချယ်လိုက်တဲ့ အလင်းရောင်အမျိုးအစား၊ အလင်းပမာဏနဲ့ အပင်ကို အလင်းရောင်ပေးတဲ့ကြာချိန်တို့ အပေါ်မူတည်ပြီး အကျိုးကျေးဇူးတွေ များစွာ ရှိပါတယ်။ ယနေ့ခေတ်မှာ တီထွင်ဖန်တီးထားတဲ့ အလင်းရောင်တွေကို အိမ်တွင်းအလှစိုက်အပင်တွေအတွက်သာမဟုတ်ဘဲ အမိုးအကာတွေနဲ့ စိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းကြီးတွေမှာပါ အသုံးပြုနေကြပြီဖြစ်ပါတယ်။ 

အပင်တွေဘာလို့ အလင်းရောင်လိုအပ်တာလဲ ?

      သက်ရှိမှန်သမျှ ရှင်သန်ကြီးထွားနိုင်ဖို့အတွက် စွမ်းအင်ဆိုတာ လိုအပ်ပါတယ်။ ကျွန်တော်တို့လူသားတွေအတွက် အစားအစာကနေ စွမ်းအင်ကို ရရှိပါတယ်။ အပင်တွေအတွက်ကတော့ အလင်းမီစုအစာဖွဲ့စည်းခြင်းဆိုတဲ့ ဖြစ်စဥ်ကနေရရှိပါတယ်။ အလင်းမီစုအစာဖွဲ့စည်းခြင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ကာဗွန်ဒိုင်အောက်ဆိုက်+ရေ+(အလင်းစွမ်းအင်) ---> ဂလူးကို့စ်+အောက်စီဂျင်

      အလင်းမီစုအစာဖွဲ့စည်းခြင်း ဖြစ်ပေါ်နေစဥ်အတွင်း အပင်များဟာ ၎င်းတို့အရွက်များ၏ ကလိုရိုဖီးလ်မှတစ်ဆင့် အလင်းစွမ်းအင်ရရှိပါတယ်။ ၎င်းစွမ်းအင်ကို အသုံးပြုပြီး လေထဲမှရရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အမြစ်ကနေစုပ်ယူပြီး အပင်ရဲ့ ပင်စည်နဲ့ အရွက်တွေဆီပို့ဆောင်ပေးတဲ့ ရေတို့ကို ပေါင်းစပ်ကာ သကြား ဓာတ်တစ်မျိုး (ဂလူးကို့စ်) ကိုထုတ်ပေးပါတယ်။ ရရှိလာတဲ့ ဂလူးကို့စ်တွေက်ို စွမ်းအင်ထုတ်ခြင်းနဲ့ ကစီဓာတ်အဖြစ် အသွင်ပြောင်းရာမှာ အသုံးပြုပြီး သိုလှောင်ထားပါတယ်။ ဒီဖြစ်စဥ်မှာဆိုရင် အောက်စီဂျင်ကို ထုတ်ကုန်တစ်ခုအနေနဲ့ ထုတ်လုပ်ပေးပါတယ်။ 

      မိမိရဲ့ အိမ်တွင်းစိုက်ခင်းတွေအတွက် အလင်းရောင်အသုံးပြုတော့မယ်ဆိုရင် လိုအပ်တဲ့အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ 

အလင်း၏ အရောင်

      ကျွန်ုပ်တို့ဟာ အလင်းရဲ့ လှိုင်းအလျားကိုသိဖို့အတွက် အလင်းရောင်စဉ်လို့ ခေါ်တဲ့ သတ်မှတ်ချက် တစ်ခုကို အသုံးပြုပါတယ်။ အလင်းရောင်စဥ်ကို နာနိုမီတာဖြင့်တိုင်းတာပြီး အလင်းရောင်စဉ်ဟာ အပင်ကြီးထွားမှုအပေါ်  မည်သို့သက်ရောက်ကြောင်းရှင်းပြရာမှာ အလွန်အသုံးဝင်ပါတယ်။ အိမ်တွင်း အပင်စိုက်ပျိုးသူတွေအနေနဲ့ အပင်တွေကို အလင်းရောင်ပေးတဲ့အခါမှာ ၄၀၀ မှ ၇၀၀ နာနိုမီတာအတွင်းရှိတဲ့ အလင်းရောင်စဥ်ကိုပေးတာဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ အပင်ရဲ့ ကြီးထွားမှု အဆင့်များပေါ်မူတည်ပြီး နာနိုမီတာပမာဏ အမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

      ၁။ အပြာရောင် - ၄၀၀ မှ ၄၉၀ နာနိုမီတာအတွင်း ရှိပြီး အပင်ပိုင်းကြီးထွားမှုကာလအတွင်း အသုံးပြုနိုင်ပါတယ်။ 

     ၂။ လိမ္မော်-အနီရောင် - ၅၉၀ မှ ၇၀၀ နာနိုမီတာအတွင်း ရှိပြီး အပွင့်နဲ့ အသီးသီးတဲ့ ကာလတွေမှာ အသုံးပြုနိုင်ပါတယ်။ 

      ၃။ အစိမ်းရောင် - ၄၉၀ မှ ၅၈၀ နာနိုမီတာအတွင်း ရှိပြီး အပင်ရဲ့ ကြီးထွားမှုအပေါ်သက်ရောက်မှု နည်းနည်းပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်တွေဟာ သဘာဝအရ အစိမ်းရောင်ရှိနေပြီးသား ဖြစ်နေလို့ပါ။ 

အလင်း ပြင်းအား 

       ပြင်းအားဆိုတာကတော့ အပင်နဲ့ထိတွေ့တဲ့ အလင်းရဲ့ ပမာဏတစ်ခုကို ပြောတာဖြစ်ပါတယ်။ ၎င်းပြင်းအားဟာ မိမိအသုံးပြုတဲ့ အလင်းအမျိုးအစား၊ မီးသီး၏စွမ်းအား (ဗို့အား) နှင့် အသုံးပြုသောမီး၏ အနေအထားပေါ် မူတည်၍ ကွဲပြားပါတယ်။ 

အလင်းကြာချိန် 

      အလင်းကြာချိန်ဆိုသည်မှာ အပင်နဲ့ အလင်းရောင်ကို ထိတွေ့ပေးထားတဲ့ ကာလကိုဆိုလိုပါတယ်။ ပုံမှန်အားဖြင့် အပင်တွေဟာ တစ်နေ့ကို အလင်းရောင် ၁၆ နာရီ မှ ၁၈ နာရီ ရရှိလျှင် ကောင်းကောင်း ရှင်သန်ကြီးထွားနိုင်ပါတယ်။ ၎င်းထက်အချိန်ကြာကြာပိုပေးလျှင်လည်း အပင်ကြီးထွားမှုမှာ သက်ရောက်မှု မရှိတာ တွေ့ရပါတယ်။ အပင်အား ပန်းပွင့်ရန်လိုအပ်သည်နှင့်တစ်ပြိုင်နက် ၁၂ နာရီမှ - ၁၄ နာရီအထိ မီးရောင်အောက်၌ ထားသင့်ပါတယ်။ အသီးနှင့် အပွင့်များဖြစ်ပေါ်လာဖို့အတွက် လိုအပ်ရင် လိုအပ်သလို အမှောင်ထဲမှာ ထားရတာမျိုးတွေလည်း ရှိပါတယ်။ 

အပင်အမျိုးအစားနှင့် ကြီးထွားမှုအဆင့် 

      အပင်အမျိုးအစားပေါ်မူတည်ပြီး အလင်းပြင်းအားအမျိုးမျိုးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် တောထဲမှာပေါက်ရောက်သော အပင်များဟာ အပူပိုင်းဒေသများမှာ ပေါက်ရောက်သော အပင်များလောက် အလင်းရောင်များများ မလိုအပ်ပါဘူး။ အပင်ကြီးထွားမှု အဆင့်များအပေါ်မူတည်ပြီး လိုအပ်တဲ့ အလင်းပမာဏကလည်း မတူညီနိုင်တာကို သိထားရပါမယ်။ 

အလင်းရောင်ပေးသည့် နေရာ

     အလင်းရောင်အား အပင်နဲ့ဝေးတဲ့ နေရာမှာ ထားပါက အပင်များမှ ထုတ်ယူသောအလင်းပမာဏကြောင့် အပူဖြစ်ပေါ်လာခြင်းဟာလည်း နည်းမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် သီးနှံစိုက်ပျိုးထားတဲ့ ဧရိယာရဲ့ စတုရန်းပေတစ်ခုစီမှာ စွမ်းအင်အနေနဲ့ ၃၀ မှ ၅၀ ဝပ် လိုအပ်ပါတယ်။ မိမိရဲ့ သီးနှံစိုက်ပျိုးထားတဲ့ အဆောက်အအုံအတွင်းမှာ အလင်းရောင်ပေးတဲ့နေရာ ရွေးချယ်ခြင်းဟာလည်း အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

- https://www.trees.com/indoor-grow-lights

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်