မြေနည်းနည်းနဲ့ များများစိုက်မယ်

28/05/2020 15:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အပင်လည်းစိုက်ချင်တယ် မြေနေရာကလည်းမရှိဘူး၊ မြေနေရာတော့ရှိတယ် ခပ်ကျဉ်းကျဉ်းပဲ၊ ဘာစိုက်ရကောင်းမလဲ။ 

    ဒီလိုကြုံရတဲ့သူတွေအတွက် မြေနည်းနည်းနဲ့ များများစိုက်နိုင်မယ့် နည်းလမ်းတစ်ခုကို မျှဝေပါရစေရှင့်။ Square Foot Garden (စကွဲဖု ဂါးဒန်း) ဆိုတဲ့ နည်းလမ်းလေးဖြစ်ပါတယ်

    ဒီနည်းလမ်းကိုတော့ ၁၉၇၀ ပြည့်နှစ်ပိုင်းမှာ အငြိမ်းစားအင်ဂျင်နီယာကြီး  Mel Bartholomew က တီထွင်ခဲ့တာပါတယ်။ မြေအကျယ်ကြီးမှာ  စိုက်ပျိုးပြုစုချိန် အများကြီးပေးရတဲ့အပေါ်  စဉ်းစားအဖြေရှာရင်း တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေမှာ စကွဲဖုဂါးဒန်းတွေက ရေပန်းစားလာခဲ့ပါတယ်။ ဖောင်ဒေးရှင်းတစ်ခုအနေနဲ့တည်ထောင်ပြီး တစ်ကမ္ဘာလုံးကို ဒီနည်းပညာတွေပြန့်ပွားအောင် လုပ်ဆောင်နေပါတယ်။ 

စကွဲဖုဂါးဒန်းဆိုတာ ဘယ်လိုမျိုးလဲ?

    အကျဉ်းချုပ်ပြောရရင် စိုက်ဘောင်တွေကို လေးထောင့်ကျကျ အကွက်တွေရိုက်ပြီး စိုက်ပျိုးတဲ့နည်းလမ်းဖြစ်ပါတယ်။

    ၄ ပေ ပတ်လည်အကျယ်နဲ့ ၆ လက်မ ကနေ ၁ ပေအမြင့် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ ဘယ်နေရာကမဆို စိုက်ကွက်ရဲ့အလယ်ကို လက်လှမ်းမှီအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

    ခြံရဲ့အောက်ခံမျက်နှာပြင်က ကွန်ဂရစ်ခင်းထားရင်ပဲဖြစ်စေ မြေကြီးပဲဖြစ်စေ မြက်ခင်းပဲဖြစ်စေ ကိစ္စမရှိပါဘူး။ ဘာလို့ဆိုတော့ စိုက်ဘောင်အကွက်လေးတွေကို စိုက်ပျိုးလို့အကောင်းဆုံးဖြစ်မယ့် မြေတွေဖြည့်မှာမိုလို့ပါ။ မြေစပ်နည်းကတော့ ဒီစိုက်ပျိုးနည်းမှာ အရေးကြီးဆုံးပါပဲ။

မြေစပ်နည်း 

စိုက်ဘောင်တစ်ကွက်ကို

အုန်းဆံမှုန့် ၁/၃

တီကျစ်မြေဆွေး ၁/၃( မြေကြီးမှာ လေဝင်လေထွက်ကောင်းနေစေဖို့နဲ့ အစိုဓာတ်ကိုထိန်းထားနိုင်ဖို့ အဓိကလိုအပ်ပါတယ်)

သဘာဝမြေဆွေး ၁/၃(ကိုယ်တိုင်ပြုလုပ်နိုင်)

မြေဆွေးမရှိရင်တော့ အုန်းဆံမှုန့်မြေဆွေးကို ထည့်နိုင်ပါတယ်။

    ဒီသုံးမျိုးကို ဆတူရောစပ်ပြီး စိုက်ဘောင်အကွက်တွေကိုဖြည့်ရမှာပါ။ ဒီလို စိုက်ဘောင်အကွက်တွေကို မြေဖြည့်ပြီးသွားရင်တော့ စိုက်ဘောင်အကွက်လေးတွေပေါ်မှာ သီးနှံများများစိုက်နိုင်ဖို့ တစ်ပေပတ်လည် အကွက်လေးတွေရိုက်ပါမယ်။ စနစ်တကျနဲ့ သီးနှံအစုံဝင်နိုင်ဖို့အတွက် လုပ်တာဖြစ်ပါတယ်။ တည်ထောင်သူကတော့ နောက်ပိုင်းပြုလုပ်ရလွယ်ကူစေဖို့ သစ်သားလေးတွေနဲ့ အကွက်ချဖို့ အကြံပေးထားပါတယ်။ ကျွန်မတို့ဒေသမှာပေါတဲ့ ဝါးခြမ်းလေးတွေနဲ့လည်း  သုံးလို့ရနိုင်ပါတယ်။

    ဒီလိုဆိုရင်တော့ ဘာမြေသြဇာမှမထည့်ရဘဲ လုံလောက်တဲ့စိုက်ပျိုးမြေကို ရရှိသွားပါပြီ။ အကွက်ငယ်တစ်ကွက်မှာ သီးနှံတစ်မျိုးနှုန်း စိုက်နိုင်ပါတယ်။ ပင်ကြားတန်းကြားတွေလည်း ထည့်စဉ်းစားစရာမလိုဘဲ သမရိုးကျနည်းအတိုင်း စိုက်ပျိုးနိုင်ပါတယ်။ ဒီနေရာမှာ ယှဉ်ပြိုင်စိုက်ပျိုးနည်းစနစ်လို တစ်ပင်နဲ့တစ်ပင် အကျိုးပြုနေတဲ့ အမျိုးအစားတွေကို တစ်ကွက်ထဲအတူတူစိုက်ခြင်းက အရည်အသွေးကောင်းစေသလို ရောဂါပိုးမွှားတွေရဲ့ရန်ကိုကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်ရှင်။ ( အတူတကွတွဲဖက်စိုက်ပျိုးသင့်တဲ့ သီးနှံတွေကို ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြပေးသွားပါမယ်)။

    ကဲ...ဒါဆိုရင်တော့ ၄ ပေ ပတ်လည်ကျယ်တဲ့ မြေနေရာလေးမှာ သီးနှံ ၁၆ မျိုးတောင်စိုက်ပျိုးစားသုံးနိုင်မှာဖြစ်ပါတယ်။

source - https://www.youtube.com/watch?v=f2FxJimob84


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်