နိုက်ထရပ်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့ကို လျှော့ချပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များ

13/12/2023 17:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ဒေသတွင်းရှိရင်းစွဲနည်းပညာများ၊ စီမံခန့်ခွဲမှုများဖြင့် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချနိုင်သော နည်းလမ်းများတွင် မြေကြီးထဲတွင် ကာဗွန်ကို ပို၍ စုပ်ယူထားခြင်းနှင့် မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းအောင်ပြုလုပ်ခြင်းတို့ ပါဝင်သည်။ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးနည်းလမ်းများတွင် သစ်ရွက်နှင့် သီးနှံအကြွင်းအကျန်များကို မြေကြီးထဲထည့်သွင်းရန်၊ မြေကြီးကို နက်နက်ထွန်ယက်ခြင်းဖြင့် မြေသားတည်ဆောက်ပုံကို ဖျက်ဆီးစေသော ထွန်ယက်စိုက်ပျိုးနည်းစနစ်များကို ရှောင်ရှားရန်၊ မြေကြီးကာဗွန်ထိန်းသိမ်းမှုကို တိုးမြင့်စေသော နည်းလမ်းများသည် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချပေးသောနည်းလမ်းများဖြစ်သည်။

ထို့အပြင် သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်းသည် မြေကြီးထဲတွင် ကာဗွန်သိုလှောင်မှုကို များပြားစေသည်။ စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချသောနည်းလမ်းများထဲတွင် ဗီဇပြောင်းလဲမှုများ၊ ရေသွင်းရေထုတ်စနစ်စီမံခန့်ခွဲမှုများ၊ အပင်လိုအပ်ချက်ပေါ်မူတည်ပြီး ဓာတ်မြေဩဇာထည့်သွင်းခြင်းတို့သည် စိုက်ပျိုးမြေများမှ နိုက်ထရပ်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့ကို လျှော့ချပေးသည်။ 

မီသိန်းထုတ်လွှတ်မှုကို လျှော့ချခြင်း - မြေကြီးသည် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုအတွက်သာမက မီသိန်းဓာတ်ငွေ့ထိန်းသိမ်းမှုအတွက်ပါ လုပ်ဆောင်ပေးသည်။ မြေကြီး၏ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု သို့မဟုတ် ထိန်းသိမ်းမှုအလေ့အထကို မြေကြီး၏ အစိုဓာတ်ပါဝင်မှု၊ နိုက်ထရိုဂျင်ပမာဏ၊ ဂေဟစနစ်ပုံစံက လွှမ်းမိုးသည်။

မြေကြီးထဲတွင် မီသိန်းကို စားသုံးသော ဘက်တီးရီးယားနှင့် မီသိန်းကို ထုတ်လုပ်သော ဘက်တီးရီးယားဟူ၍ ရှိသည်။ မီသိန်းကို ထုတ်လုပ်သော ဘက်တီးရီးယားသည် လေမဲ့အခြေအနေတွင် ရှင်သန်ပေါက်ဖွားသောကြောင့် စပါးခင်းရေလွှမ်းထားသော အနေအထားတွင် မြေကြီးမှ မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်ခြင်းဖြစ်သည်။ စပါးပင်ကြီးထွားမှုအတွင်း မြေကြီးကို ရက်တိုရေထုတ်ပေးခြင်းဖြင့် အောက်ဆီဂျင်ရရှိပြီး မီသိန်းဓာတ်တိုးမှု (မီသိန်းစားသုံးမှု) ဖြစ်ပေါ်ကာ မီသိန်းထုတ်လွှတ်မှုကို လျှော့ချပေးပါသည်။

တိရစ္ဆာန်ချေး စီမံခန့်ခွဲမှု၊ အမိုနီယမ်ဆာဖိတ်ကဲ့သို့သော ဓာတ်မြေဩဇာအသုံးပြုမှုများသည် မီသိန်းထုတ်လုပ်မှု ကို လျော့နည်းစေသည်။ ထို့အပြင် မျိုးရွေးချယ်ခြင်း၊ သီးနှံပင်အကြွင်းအကျန်စီမံခန့်ခွဲခြင်းတို့သည်လည်း စပါးမှ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းစေသော နည်းလမ်းများဖြစ်ကြပါသည်။ စပါးစိုက်ခင်းတွင် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျော့နည်းစေရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။

  • ၁။ စပါးခင်းကို လေဝင်လေထွက်ကောင်းအောင် စိုတလှည့်ခြောက်တလှည့်ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်း။
  • ၂။ ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာများကို အသုံးပြုခြင်း။
  • ၃။ အသီးမတင်သော ပင်ပွားထုတ်လုပ်မှုနည်းသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း။
  • ၄။ အမြစ်ဓာတ်တိုးမှုစနစ်ကောင်းမွန်သောမျိုးများကို စိုက်ပျိုးခြင်း။
  • ၅။ ကာဗွန်နိုက်ထရိုဂျင်အချိုးကျဉ်းသော သဘာဝမြေဩဇာများကို အသုံးပြုခြင်း။
  • ၆။ မျိုးစေ့ကိုတိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း။
  • ၇။ အမိုနီယမ်ဆာဖိတ်ကဲ့သို့သော ဆာဖာပါဝင်သော ဓာတ်မြေဩဇာများကို အသုံးပြုခြင်း။

နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချခြင်း - နိုက်ထရိုဂျင်ဓာတ်မြေဩဇာထိရောက်စွာ အသုံးချစီမံခန့်ခွဲမှုတို့သည် နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချပေးသော နည်းလမ်းဖြစ်သည်။ နိုက်ထရိုဂျင် ဓာတ်မြေဩဇာထိရောက်စွာအသုံးချမှုတွင် စိုက်ပျိုးသည့်မြေနေရာအလိုက် အာဟာရဓာတ်စီမံခန့်ခွဲခြင်း ပါဝင်ပြီး ၎င်းတွင် သီးနှံလိုအပ်ချက်၊ မြေကြီးထဲမှာရှိသော နိုက်ထရိုဂျင်ပမာဏ၊ ဓာတ်မြေဩဇာ ထိထိရောက် ရောက် အသုံးချနိုင်မှုတို့ပါဝင်သည်။

နိုက်ထရိုဂျင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် နိုက်ထရိုဂျင်ထိရောက်စွာ အသုံးချမှုကို တိုးမြင့်စေသည်။ နီထရာပိုင်ရင်း (Nitrapyrin)၊ ဒိုင်စိုက်ယမ်ဒီရာမိုက် (dicyandiamide-DCD) နှင့် ၂-အမိုင်နို-၄-ကလိုရို-၆-မီသိုင်း-ပိုင်ရီမီဒီး (2-amino-4-chloro-6-methyl-pyrimidine, AM) တို့သည် နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချပေးသော နိုက်ထရိုဂျင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည်။ ဓာတုနည်းအားဖြင့်ထုတ်လုပ်ထားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသာမက အပင်မှရရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ရှိသည်။ ၎င်းတို့မှာ တမာဆီ၊ တမာကြိတ်ဖတ်တို့ဖြစ်သည်။

စပါးစိုက်ခင်းတွင် ဒစ်ယမ်ဒိုင်ယာမိုက် (dicyandiamide- DCD) နှင့် ဟိုက်ဒရိုကွိနုံး (hydroquinone) ကို ပေါင်းစပ်အသုံး ပြုခြင်းဖြင့် နိုက်ထရပ်အောက်ဆိုဒ်နှင့် မီသိန်းနှစ်မျိုးစလုံးကို လျော့နည်းစေကြောင်း တွေ့ရှိရသည်။ နိုက်ထရိုဂျင်ကို အရွက်အရောင်တိုင်းတာစစ်ဆေးသည့် ကတ်ပြားအသုံးပြု၍ အပင်လိုအပ်ချက်ကို လိုက်ပြီး ထည့်သွင်းပေးခြင်းအားဖြင့် နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှု လျော့နည်းကြောင်း လေ့လာသိရှိရသည်။

မြေကြီးကို သိပ်သည်းကျစ်လစ်အောင် ထွန်ယက်စိုက်ပျိုးခြင်းကလည်း နိုက်ထရပ်အောက်ဆိုဒ်ထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မြေကျပ်ခြင်းမဖြစ်အောင် တတ်နိုင်သမျှ ထွန်ယက်စိုက်ပျိုးမှုကို လျှော့ချခြင်း၊ ရေသွင်းရေထုတ်စနစ်ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ဘောင်မြှင့်တင်စိုက်ပျိုးခြင်းတို့ ပြုလုပ်ပေးရမည်။

ရေကို လိုအပ်ချိန်ထည့်သွင်းပေးခြင်းသည်လည်း အာဟာရ (နိုက်ထရိုဂျင်) ထိရောက်စွာသုံးစွဲမှုကို တိုးမြင့်စေပြီး သွယ်ဝိုက်သောအားဖြင့် နိုက်ထရပ်အောက်ဆိုဒ်ထွက်ပေါ်မှုကို လျော့နည်းစေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်