သခွားပင်နှင့် ထပ်တရာပန်းကို ဘာကြောင့်တွဲဖက်စိုက်ပျိုးသင့်တာလဲ

10/12/2024 12:06 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အဖော်ပင်စိုက်ခြင်းဆိုတာဟာ သင့်တော်ရာ ပန်းပင်များ၊ အသီးအနှံပင်များနဲ့ ဟင်းသီးဟင်းရွက် အပင်များကို အနီးကပ် အတူတကွစိုက်ပျိုးခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူကြိုက်များတဲ့ စိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်ပြီး အပင်အချင်းချင်း အပြန်အလှန်အကျိုးပြုကာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရရှိစေရန် အထောက်အကူပြုကြတာ ဖြစ်ပါတယ်။ သင့်တော်ရာ သီးနှံပင်များကို အတူယှဉ်တွဲစိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင်တွေရရှိလာစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အပင်တွေအချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်တဲ့ပုံစံတွေကတော့ သဘာဝနည်းဖြင့် ပိုးမွှားထိန်းချုပ်နိုင်ခြင်း၊ ၀တ်မှုန်ကူး အင်းဆက်တွေရဲ့ လုပ်ဆောင်မှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ အပင်နဲ့ မြေဆီလွှာရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အရိပ်ရရှိစေခြင်း၊ အထောက်အကူရရှိစေခြင်း၊ ပေါင်းနှိမ်နင်းပေးနိုင်ခြင်းနဲ့ ရောဂါကျရောက်မှုကို ခံနိုင်ရည်ရှိစေခြင်းစသည်ဖြင့် ရှိကြပါတယ်။ 

ယခုဆောင်းပါးမှာတော့ ထပ်တရာပန်း (ချစ်တီးပန်း) နဲ့ သခွားပင်တွေကို ဘာကြောင့် အတူတကွ ယှဥ်တွဲစိုက်ပျိုးသင့်သလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ထပ်တရာပန်းပင်တွေဟာ အဖျက်ပိုးမွှားများကို ဟန့်တားပေးရာမှာ အထူးအသုံးဝင်ပါတယ်။ သီးနှံအတော်များများနဲ့လည်း အတူတကွစိုက်ပျိုးနိုင်တဲ့ ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ ဥယျာဉ်စိုက်ခင်းများရဲ့ ဘေးပတ်လည် (သို့မဟုတ်) မိမိအဓိကထားစိုက်ပျိုးမဲ့ သီးနှံရဲ့ အနီးဝန်းကျင်မှာ စိုက်ပျိုးထားခြင်းဖြင့် ၎င်းတို့ရဲ့ ပြင်းထန်တဲ့ အနံ့အသက်ကြောင့် အဓိကသီးနှံပင်မှာ ကျရောက်တတ်တဲ့ အဖျက်ပိုးမွှားများကို ဟန့်တားပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် အပူဒဏ်နဲ့ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိခြင်းတို့ကြောင့်လည်း အပင်စိုက်ပျိုးသူအများစု အထူးနှစ်သက်ကြတာ ဖြစ်ပါတယ်။ 

သခွားပင် စတင်စိုက်ပျိုးတဲ့အချိန်မှာ သင့်တော်တဲ့အပူချိန်ကတော့ ၂၁ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ စိုက်ပျိုးပြီးနောက် ကောက်ရိုးဖြင့် မြေဖုံးပေးခြင်းဟာ သင့်တော်တဲ့အပူချိန်နဲ့ အစိုဓာတ်ကို ကောင်းစွာထိန်းထားနိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ ပက်ကျိများနဲ့ ခရုများရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ သခွားပင်တွေဟာ ယေဘုယျအားဖြင့် အမြင့် ၆ ပေအထိ ကြီးထွားနိုင်တာကြောင့် သခွားပင်များကို စတင်စိုက်ပျိုးချိန်မှာကတည်းက သင့်လျော်တဲ့နေရာလွတ် (ပင်ကြား၊ တန်းကြား) ထားပေးခြင်းဖြင့် စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းစေပြီး ပိုးမွှားရောဂါကျရောက်မှုကို အထိုက်အလျောက် လျော့နည်းစေမှာဖြစ်ပါတယ်။ အထူးသဖြင့် မှိုရောဂါများကျရောက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သခွားပင်မှာ ကျရောက်တတ်တဲ့ အဖျက်ပိုးနဲ့ ရောဂါတွေကတော့ ပျပိုး၊ ရွက်ဖြတ်ပိုး၊ ပိုးစိမ်းကောင်၊ သခွားကျိုင်းနဲ့ မှဲ့ပြောက်စွန်း မှိုရောဂါတွေပဲ ဖြစ်ပါတယ်။ 

ထပ်တရာပန်းဟာ အစွမ်းထက်တဲ့ ပန်းပင်ဖြစ်ပါတယ်။ အဖျက်ပိုးမွှားများကို ဟန့်တားဖို့ရာ ၎င်းတို့ရဲ့ အစွမ်းထက်ရနံ့အပြင် ၎င်းတို့ရဲ့ ဝတ်မှုန်ပါဝင်မှု မြင့်မားခြင်းဟာ ဝတ်မှုန်ကူးအင်းဆက်များဖြစ်တဲ့ ပျားနဲ့ လိပ်ပြာများကိုပါ ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ထပ်တရာပန်းရဲ့ဝတ်မှုန်ဟာ ထိပ်ကပ်နာနဲ့ ပန်းနာရင်ကျပ် ရောဂါများရှိတယ်ဆိုရင် တုံ့ပြန်မှုများဖြစ်ပေါ်နိုင်တာကြောင့် အဆိုပါ ကျန်းမားရေးအားနည်းချက် ရှိတဲ့သူတွေဆိုရင် ဂရုပြုသင့်ပါတယ်။ 

ထို့အပြင် ထပ်တရာပန်းဟာ သီးနှံပင်များကို ဖျက်ဆီးစားသောက်တဲ့ အဖျက်ပိုးမွှားများကို နှိမ်နင်းပေးနိုင်သော သားရဲအင်းဆက်များဖြစ်တဲ့ လိပ်ခုံးကျိုင်း၊ ပင့်ကူ၊ ဓားပြယင် စတဲ့ အင်းဆက်များကို စိုက်ခင်းဝန်းကျင်သို့ လာရောက်အောင် ဆွဲဆောင်နိုင်တာ ဖြစ်ပါတတယ်။ ထို့ကြောင့် ထပ်တရာပန်းများကို သခွားအပါအဝင် အခြားသောဟင်းသီးဟင်းရွက် စိုက်ခင်းများမှာ အဖျက်ပိုးမွှားများကို ကာကွယ်ဟန့်တားရန်အတွက် ထောင်ချောက်သီးနှံအဖြစ် မကြာခဏအသုံးပြုကြတာ ဖြစ်ပါတယ်။ ထပ်တရာပန်းပင်များဟာ သခွားပင်များနဲ့သာမက ပန်းဂေါ်ဖီစိမ်း၊ ခရမ်းသီး၊ ခရမ်းချဉ်၊ အာလူးနဲ့ ကိုက်လန် စတဲ့ ဟင်းသီးဟင်းရွက်များနဲ့လည်း တွဲဖက်စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ 

သခွားပင်နဲ့ တွဲဖက်စိုက်ပျိုးနိုင်သော အခြားအပင်များ

သခွားပင်ဟာ နေရာများစွာမှာ ပြန့်ကျဲပြီးပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစား ဖြစ်ပါတယ်။ အပင် ကျန်းမာသန်စွမ်းလေ မြေနေရာပိုယူလေ ဖြစ်ပါတယ်။ ဒီလို နေရာယူတတ်တဲ့ သခွားပင်တွေနဲ့ အတူယှဥ်တွဲကာ အဖော်ပင်အဖြစ် စိုက်ပျိုးနိုင်တဲ့ အပင်တွေလည်း ရှိနေပါတယ်။ အဆိုပါ အပင်တွေကတော့ ပြောင်း၊ ပဲအမျိုးမျိုး၊  မုန်လာဥဖြူ၊ မုန်လာဥနီ၊ သကြားမုန်လာ၊ ကြက်သွန်နီ၊ တောင်ကြာကလေး၊ နေကြာ၊ တောရှုံးပင်၊ စမုန်စပါး စတဲ့အပင်တွေဖြစ်ကြပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်