မြေကို နေကင်ခြင်း

13/02/2020 15:00 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြေအောင်းရောဂါ၊ မှိုတွေ၊ ဘက်တီးရီးယားတွေကို သုတ်သင်တဲ့ သဘာ၀နည်းလို့ နာမည်တပ်လိုက်ရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။

    ခေါင်းစဉ်လှအောင် စာရေးသူက မြေကိုနေကင်ခြင်းလို့ နာမည်ပေးလိုက်မိပါ၏။ အခြားသော ကျွမ်းကျင်သူတွေရဲ့ အခေါ်အဝေါ်မှာတော့ တစ်မျိူးပြောင်းလဲခေါ်ဆိုမှု ရှိနိုင်ပါတယ်။

    တောင်သူဦးကြီးများ အများစုကြုံတွေ့ရတဲ့ ပိုးပြသနာမှာ အဓိက (၂) မျိုး ရှိပါတယ်။ ပထမကတော့ အင်းဆက်ဖြစ်ပြီး၊ ဒုတိယက‌တော့ မှိုနဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ဓာတုပိုးသတ်ဆေးတွေ အမြဲအသုံးပြုခြင်းဟာ ‌စာရေးသူတို့ချစ်တဲ့ ကမ္ဘာမြေအတွက် ရေရှည်မကောင်းနိူင်ပါဘူး။ အခုမျှဝေမယ့် နည်းလမ်းလေးက အတော်ကို ထိရောက်မှုရှိပါတယ်။ အော်ဂဲနစ်ဆန်ဆန်လဲသွားချင်တယ် ပိုးတွေလဲ သေစေချင်တယ် ဟုတ်ကဲ့ ဒီနည်းလမ်းကိုစာရေးသူတို့ စကြည့်ကြမယ်။

    Soil Solarization ဆိုတာ မြေကိုနေလှမ်းတဲ့ သဘာ၀နည်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်ရှိ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီနည်းလမ်းက အကျိုးပြုကြောင်း ရေးသားထုတ်ဝေတဲ့စာစောင်တွေရှိသလို မြေဆီလွှာဆရာကြီးတချို့ရဲ့ ကိုးကားချက်တွေလည်း များစွာရှိပါတယ်။ ဒီနည်းလမ်းဟာ လွယ်ကူရိုးရှင်းပြီး လေးဆင့်ပြုလုပ်ရပါတယ်။ နှစ်တစ်နှစ်ရဲ့ အပူပြင်းဆုံးအချိန်မှာ ဒီနည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။ အချိန်အတိုင်းအတာအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်ထိ ပြုလုပ်ပေးရပါမယ်၊ 

၁။ ပထမဆုံးအနေနဲ့ ၁ ပေအနက်ထိ ၁၆ သွား သို့မဟုတ် မိမိအဆင်ပြေရာ စက်ပစ္စည်းတစ်ခုနဲ့ မြေပြင်ပြီး မွှပစ်ရပါမယ်။ အဲ့တာပြီးတဲ့နောက်မှာ လက်တစ်ဆုပ်မြေစာခဲအသေးရသည်အထိ တစ်ဆင့်တိုးပြီး မှုန့်ညက်စေရပါမယ်။ ဒါ့အပြင် မြေပြင်ပေါ်မှာ မြက်တစ်ပင်ကအစ ရိုးပြတ်တွေအဆုံး မကျန်ခဲ့အောင်ထိရှင်းပြီး အဝေးကိုပစ်ပါ။

၂။ ဒုတိယအဆင့်မှာ မြေကို သေချာစွာညှိပြီး (leveling) ညီအောင် ချိန်ညှိပေးရပါတယ်။

၃။ တတိယအဆင့်မှာတော့ အစိုဓာတ်ကောင်းမွန်စွာရဖို့ ရေလောင်းပေးရပါမယ်။  ရေလောင်းတဲ့နေရာမှာတော့ ဒီလုပ်ငန်းမစတင်မီ တစ်ကြိမ်သာ စိုနေအောင်လောင်းရုံပါပဲ ။

၄။ စတုတ္ထအဆင့်မှာ ပလတ်စတစ်အကြည်စကိုဝယ်ပြီး ထိုမြေတွေအပေါ်မှာ အုပ်ပေးရပါမယ် လေလွင့်ပါသွားမှာစိုးရင်တော့ ပလတ်စတစ်စကို ခဲဖိထားပေါ့။

အသေးစိတ်ရှင်းလင်းချက်

    နည်းလမ်းကတော့ နေရဲ့ အပူစွမ်းအင်ကို မြေကြီးထဲမှာ စုဆောင်းဖမ်းယူပြီး အပူပေးခြင်း ဖြစ်ပါတယ်။ (၈၀ - ၁၄၀ ဒီဂရီဖာရင်ဟိုက်) နေရောင်ခြည်ရဲ့အပူချိန်ကို လှောင်ထားတဲ့ သဘောဆိုရင် မမှားပါဘူး။ ရေသွင်းဖို့လိုတဲ့အချက်ကတော့ ပလတ်စတစ်အောက်မှာ ပူနွေးစိုစွတ်တဲ့ အခြေအနေကို ဖန်တီးနိူင်ဖို့ ဖြစ်ပါတယ်။ အပူချိန်ကြောင့် အငွေ့မပျံသွားတဲ့ ရေထုရဲ့ အပူစိုထိုင်းစကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဒါ့ထက်ရှင်းအောင် မြင်သာအောင်ပြောရရင်တော့ ကျွန်တော်တို့ ချွေးထုတ်ခန်းရောက်တဲ့ ခံစားချက်မျိုးနဲ့ ဆင်ပါတယ်။ တအားပူပီး ပြုတ်အိုက်လာရင် မခံနိူင်သလိုပါပဲ။ မြေထဲကပိုးတွေကို ချွေးထုတ်ခန်းလုပ်ပေးတဲ့သဘောလို့ ဥပမာပေးရင် ရှင်းပြီး မြင်သာသွားမယ်ထင်ပါတယ်။ ဒါ့ကြောင့် မြေကိုနေကင်ခြင်းမှာ အစိုဓာတ်ရှိတဲ့မြေက ပိုပြီး အကျိုးရှိစေတာဖြစ်ပါတယ်။

    မှိုနဲ့ ဘက်တီးရီးယားအချို့ဟာ အပေါ်ယံမြေသားမှာ နေထိုင်တာများတဲ့အတွက် ဒီနည်းလမ်းဟာ ဖြူစေယီရမ်ရွက်ညှိုး၊ ဗာတီကူလမ်ပင်ညှိုး၊ ဖိုက်တိုသိုးရားအမြစ်ပုပ် စတဲ့ မှိုကျတဲ့ ရောဂါတွေရန်က တော်တော်ကြီး ကင်းရှင်းသွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ နီမတုတ်တွေရဲ့ ကျရောက်မှုလည်း တတ်နိုင်သမျှ အတိုင်းအတာအထိ လျှော့ချနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ယခုလိုပြုလုပ်ခြင်းဟာ မြေမှာပါ၀င်တဲ့ အဟာရအချို့လည်း အပူကြောင့် ပျော်၀င်ပြီး ‌‌အပင်ပြန်စိုက်တဲ့အခါ မြေဆီဩဇာကောင်းလာစေနိုင်ပါတယ်။ မြေထဲက အကျိုးပြုအဏုဇီ၀ပိုးတွေရဲ့ လုပ်ဆောင်မှုကိုလည်း များစွာအကျိုးပြုစေပါတယ်။ သတိပြုရန်လိုတဲ့အချက်တွေကတော့ ဒီလိုလုပ်ထားတဲ့ ကာလတွေမှာ စိုက်ပျိုးခြင်းကို လုံး၀ရပ်နားထားရပါမယ်။ အဲ့တစ်ရာသီကိုတော့ မြေလှပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

    ဒီလိုလုပ်တာဟာ ဥယျာဉ်ခြံနဲ့ ဧကများစွာမကျယ်၀န်းတဲ့ စိုက်ပျိုးသူတွေသာ လုပ်နိုင်ကြပါတယ်။ စိုက်ဧရိယာများတဲ့သူအဖို့တော့ အသေးစိတ်ဖို့ မလွယ်ကူနိူင်ပါဘူး။ ဒါပေမယ့် နှစ်စဉ် စိုက်ခင်းမှာ ရောဂါတွေပဲ ခဏခဏကျနေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပေးပါရစေ။ မြေလှပ်ချိန်အကောင်းဆုံးကတော့ နွေရာသီကာလမှာ ၂ - ၃ လ ခန့် ပြုလုပ်ရုံပါပဲ။

တောင်သူများကြီးပွားတိုးတက်ကြပါစေဟု ဆန္ဒပြုလျှက်။

ပြည့်ဖြိုးသော် B.Agr.Sc (Soil and Water Science)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်