အမြစ်ပုပ်တဲ့အပင်တွေကို ကယ်တင်ဖို့သုံးနိုင်တဲ့ စပါဂနမ်ရေညှိခြောက်

22/03/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

စပါဂနမ်ရေညှိခြောက်ဆိုတာဟာ မျိုးစိတ်ပေါင်း ၃၈၀ ရှိတဲ့ ရေညှိမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ တွေ့နေကြဖြစ်တဲ့ ရေညှိအပင်မျိုးတော့ မဟုတ်ပါဘူး။ ၎င်းဟာ ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေ့ရှိရတဲ့ စပါဂနမ်ရေညှိ​ခြောက် (sphagnum moss) အများစုကိုတော့ ရေတိမ်ရေဝပ်ဒေသ (wet land) တွေ၊ စိမ့်မြေတောတွေ (marsh)၊ သစ်တောတွေနဲ့ နွံတော (bog) တွေကနေ ရယူကြတာ ဖြစ်ပါတယ်။ စပါဂနမ်ရေညှိ​ခြောက်နဲ့ ရေညှိဆွေး (peat moss) နှစ်မျိုးလုံးဟာ စပါဂနမ်ရေညှိမျိုးစိတ် အပင်များကနေ ခြောက်သွေ့သေဆုံးပြီးနောက် ရရှိလာတဲ့ ပစ္စည်းတွေဖြစ်ကြပါတယ်။ ၎င်းတို့ထဲမှာ တခါတရံ မြက်ပင်တွေ၊ ရိုးတံတွေနဲ့ နွယ်ပင်တွေ အပါအဝင် အခြားသော အပင်ငယ်များကိုပါ ရောစပ်ထုတ်လုပ်ထားလေ့ရှိပေမဲ့ ၎င်းတို့ကြောင့် စပါဂနမ်ရေညှိခြောက်ရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တို့ကိုတော့ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ 

စပါဂနမ်ရေညှိခြောက် (Sphagnum Moss) နဲ့ ရေညှိဆွေး (Peat Moss) တို့ရဲ့ ကွာခြားချက်

စပါဂနမ်ရေညှိခြောက်နဲ့ ရေညှိဆွေး ၂ မျိုးလုံးဟာ ကြီးမားလှတဲ့ စပါဂနမ်ရေညှိမျိုးစိတ်ကနေ ဆင်းသက်လာတာကြောင့် ၎င်းတို့ဟာ နည်းပညာအရဆိုရင်တော့ တူညီတဲ့ အပင်တွေဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ နှစ်မျိုးကို ဘယ်လိုရယူသလဲဆိုတဲ့နေရာမှာတော့ သိသာတဲ့ကွာခြားမှု ရှိနေတာဖြစ်ပါတယ်။ 

ရေညှိဆွေး (Peat Moss)

ရေညှိဆွေး (Peat Moss) ဟာ စပါဂနမ်ရေညှိမျိုးစိတ်တွေ ပေါက်ရောက်ရာ နွံတောနဲ့ ရေဝပ်ဒေသတွေရဲ့ အောက်ခြေမှ သေဆုံးပျက်စီးပီးသား ရေညှိတွေကို စုဆောင်းရယူခြင်းဖြင့် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဆိုပါသေဆုံးပြီးသား ရေညှိတွေမှာဆိုရင် အခြားသော ဆွေးမြည့်ပျက်စီးနေတဲ့ အပင်များနဲ့ အင်းဆက်တွေပါ ရောစပ်ပါဝင်နိုင်တာကြောင့် ၎င်းဟာ အော်ဂဲနစ်အာဟာရဓာတ်တွေ အလွန်ကြွယ်ဝတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ ဆွေးမြည့်ပျက်စီးနေတဲ့ ပစ္စည်းတွေရဲ့ အောက်ခြေမှာ တွေ့ရှိရတဲ့ ရေညှိဆွေးတွေဟာ နှစ်ပေါင်းများစွာ သက်တမ်းရှိနိုင်တာ ဖြစ်ပါတယ်။ 

ရေညှိဆွေးကို အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေရော ဥယျာဥ်စိုက်ခင်းတွေမှာပါ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ၎င်းကို သဲမြေနဲ့ ရောစပ်အသုံးခြင်းဖြင့် လိုအပ်တဲ့အစိုဓာတ်ကို ထိန်းထားနိုင်မှာဖြစ်ပြီး ရွှံ့ဆန်တဲ့မြေနဲ့ ရောစပ်သုံးပြုမယ်ဆိုရင်တော့ မြေဆီလွှာကို ပြေလျော့စေပြီး ရေစိမ့်ဝင်နိုင်မှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ တစ်ခုသိထားသင့်တာကတော့ ရေညှိဆွေးဟာ စပါဂနမ်ရေညှိခြောက်ထက်ကို အက်စစ်ဓာတ်ပိုများစေနိုင်တာကြောင့် အက်စစ်ဓာတ်ကို မကြိုက်နှစ်သက်တဲ့ အပင်တွေမှာ အသုံးမပြုမိဖို့ဘဲ ဖြစ်ပါတယ်။ 

စပါဂနမ်ရေညှိခြောက် (Sphagnum moss)

စပါဂနမ်ရေညှိခြောက် (Sphagnum moss) ကတော့ နွံတောများနဲ့ ရေဝပ်ဒေသများရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ရှင်သန်နေဆဲ ရေညှိများကနေ စုဆောင်းရယူကြတာဖြစ်ပါတယ်။ အဆိုပါရေညှိများကို စုဆောင်းရယူပြီးတဲ့နောက် အခြောက်လှန်းကာ နောက်ဆုံးထွက်ပစ္စည်းကို အခြားသော ခြောက်သွေ့တဲ့ပစ္စည်းများနဲ့ပေါင်းစပ်ခြင်းမပြုလုပ်ဘဲ စပါဂနမ်ရေညှိအတုံးများဖြစ်အောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ထို့ကြောင့် စပါဂနမ်ရေညှိခြောက်နဲ့ ရေညှိဆွေးတို့ဟာ အလွန်ဆင်တူပေမဲ့လည်း ၎င်းတို့ရဲ့ ဖွဲ့စည်းဖြစ်ပေါ်မှုမှာတော့ အဓိကကွာခြားချက်ရှိ​ကြတာ ဖြစ်ပါတယ်။ 

စပါဂနမ်ရေညှိခြောက်ကို ဘယ်လိုအသုံးပြုလို့ရသလဲ

စပါဂနမ်ရေညှိခြောက် (Sphagnum moss) ကို အသုံးပြုခြင်းဟာ အိုးနဲ့စိုက်ပျိုးတဲ့အပင်တွေမှာ အစိုဓာတ်ကို ထိန်းသိမ်းဖို့ရာအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ၎င်းတို့ရဲ့ ခိုင်ခံ့တဲ့အမျှင်ဓာတ်တွေကြောင့် ချိတ်ဆွဲစိုက်ပျိုးရတဲ့ အပင်တွေမှာလည်း ဆွဲဆောင်မှုတစ်ခုအဖြစ်နဲ့ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။ စပါဂနမ်ရေညှိခြောက်ဟာ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ရုံသာမက အမြစ်ကုပ်တွယ်အားလည်း ကောင်းစေတာကြောင့် သစ်ခွပင်တွေ စိုက်ပျိုးရာမှာ ပွားစာအနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ထို့အပြင် အိမ်တွင်းအလှစိုက်ပျိုးတဲ့ ဆာကူးလက်စ် (succulent) ကဲ့သို့ အပင်လေးတွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ၎င်းဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တယ်ဆိုသော်လည်း ရေအလွန်အကျွံစုပ်ယူတာမျိုး မရှိတဲ့အတွက် အမြစ်ပုပ်တဲ့ ပြဿနာများတွေကိုလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။  

အိမ်တွင်းအလှစိုက်အပင်လေးတွေ စိုက်ပျိုးတဲ့အခါ အများဆုံးကြုံတွေ့ရတတ်တာက ရေလောင်းများပြီး အမြစ်ပုပ်ကာ သေဆုံးသွားခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ အမြစ်ပုပ်တဲ့အပင်တွေကို ကယ်တင်ဖို့ရာအတွက် စပါဂနမ်ရေညှိခြောက်ကို (sphagnum moss) ကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး အမြစ်ပုပ်စပြုနေတဲ့ အပင်ကို အိုးထဲကနေထုတ်ယူပြီး မြေသား (သို့မဟုတ်) ပွားစာ အရောအနှောတွေကပ်နေတဲ့ အမြစ်ကို သေချာ ဆေးကြောခြင်းဖြင့် စတင်ပါ။ ပုပ်နေတဲ့အမြစ်များကိုဖြတ်တောက်ဖို့ရာအတွက် ပိုးသတ်ထားတဲ့ ဓား (သို့မဟုတ်) ကတ်ကြေး ကိုအသုံးပြုကာ ဖြတ်တောက်ပြီးနောက် ထိခိုက်ထားတဲ့ အပင်ကို စိုစွတ်သန့်စင်တဲ့  sphagnum moss ထည့်ထားသော ခွက်ထဲမှာ ထားရှိရမှာ ဖြစ်ပါတယ်။ အပင်ပြန်လည်ကျန်းမာလာတဲ့အထိ ၎င်းကို တစ်လ သို့မဟုတ် ထို့ထက်ကြာအောင်ထားရှိနိုင်ပါတယ်။ 

အက်စစ်ဓာတ်ကို ကြိုက်နှစ်သက်တဲ့ အပင်တွေကိုစိုက်ပျိုးရာမှာ မြေဆီလွှာပြင်ဆင်မှုအဖြစ် ပါဝင်ပစ္စည်းအများအပြားအသုံးပြုရမယ်ဆိုပါက စပါဂနမ်ရေညှိဆွေး (sphagnum peat moss) ဟာ သင့်တော်တဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ အော်ဂဲနစ်ဓာတ်များကို ပေါင်းထည့်ပေးနိုင်သလို မြေဆီလွှာကိုလည်း အနည်းငယ် အက်စစ်ဓာတ်ဆန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ အက်စစ်ဓာတ်နှစ်သက်တဲ့ အပင်တွေ စိုက်ပျိုးဖို့ရာအတွက် မြေပြင်ရာမှာ ရေညှိဆွေးကို မြေဆီလွှာထဲ အနက် ၆ လက်မအထိရောက်အောင် ထားပေးရမှာ ဖြစ်ပါတယ်။ အရည်အသွေးတကယ်ကောင်းတဲ့ စပါဂနမ်ရေညှိတွေဆိုရင် ၂ နှစ်ဝန်းကျင်ထိ ကြာရှည်ခံနိုင်ပြီး မြေဆီလွှာကို အက်စစ်ဓာတ်ရရှိနေစေမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ စပါဂနမ်မှာရှိတဲ့ အက်စစ်ဓာတ်ဟာ ရေညှိဆွေးလောက်မများတာကြောင့် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

Sphagnum moss ဟာ သူကိုယ်တိုင်ကတော့ မည်သည့်အာဟာရဓာတ်ကိုမျှ သယ်ဆောင်ထားတာမျိုး မရှိပါဘူး။ သို့ပေမဲ့ သူ့ရဲ့ အဓိကအခန်းကဏ္ဍကတော့ အပင်များအတွက် လေဝင်လေထွက်နဲ့ အစိုဓာတ်ကို ပေးဆောင်ခြင်းဖြစ်ပါတယ်။

အပင်တွေကို မြေသြဇာကျွေးလိုက်တဲ့အခါမှာ စပါဂနမ်ရေညှိတွေဟာ အာဟာရဓာတ်များကို စုပ်ယူထားနိုင်ပြီး အမြစ်များကနေ နောက်ပိုင်းမှာ တ​ဖြေးဖြေး စုပ်ယူစားသုံးနိုင်တာ ဖြစ်ပါတယ်။ အပင်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သာ မြေသြဇာကျွေးပါက စပါဂနမ်ရေညှိနဲ့ စိုက်ပျိုးထားခြင်းဟာ အပင်ကြီးထွားမှုအတွက် ပြဿနာရှိနိုင်မှာ မဟုတ်ပါဘူး။ 

ဆောင်းပါးများ သတင်းများ ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်း"မှ ကူးယူ ဖော်ပြပါသည်ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်