လေသန့်စင်ပေးနိုင်တဲ့ အလှစိုက် သဇင်မင်းအပင်

12/10/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Spider plant

သိပ္ပံအမည် - Chlorophytum comosum 

Spider Plant လို့ခေါ်ကြတဲ့ ပင့်ကူပင် (သို့မဟုတ်) သဇင်မင်းပင်ကို အွန်လိုင်းမှာ ဒါမှမဟုတ် အပြင်မှာ စာဖတ်သူတို့ မြင်ဖူး တွေ့ဖူးကြမယ်ထင်ပါတယ်။ သူ့ရဲ့မူရင်းဒေသကတော့ အာဖရိကရဲ့ တောင်ပိုင်းဒေသတွေနဲ့ အပူပိုင်းရာသီဥတုရှိတဲ့ ဒေသတွေပဲဖြစ်ပါတယ်။ ပင့်ကူပင် ဟာဆိုရင် ဆွဲဆောင်မှုအရှိဆုံး အိမ်တွင်းအလှစိုက်ပင်များထဲမှ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပင်ကူပင်မှာ မျိုးကွဲ ၂ မျိုးရှိပါတယ်။

ပထမတစ်မျိုးက Vittatum (ဗစ်တာတမ်) လို့ခေါ် ပြီး အရွက်ရဲ့ အလယ်ဗဟိုမှာ အဖြူရောင်အစင်းကြောင်းပါတာဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ Variegatum (ဗယ်ရီဂါတမ်) လို့ခေါ်ပြီး အရွက်ရဲ့ ဘေးအနားသတ်မှာ အဖြူရောင် အစင်းကြောင်းပါရှိတာ ဖြစ်ပါတယ်။

ပင့်ကူပင်ရဲ့ ဘယ်မျိုးကိုပဲ ရွေးချယ်ပါစေ မျက်စိပသာဒဖြစ်ပြီး ဆွဲဆောင်မှုရှိတာကြောင့် မိမိအိမ်အတွင်းမှာ စိုက်ပျိုးထားရှိဖို့ သင့်တော်တဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်။  

သူတို့ရဲ့အားသာချက်ကတော့ အိမ်အတွင်းရော အိမ်အပြင်မှာပါ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ ပုံမှန်ပြုစုစောင့်ရှောက်ရုံနဲ့ အပင်အသစ်တွေပွားပေးနိုင်ပါတယ်။ သူတို့မှာဆိုရင် လေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။ သူတို့ကို အိမ်အတွင်းမှာ စိုက်ပျိုးမယ်ဆိုရင် ရေဆင်းကောင်းတဲ့အိုးကို ရွေးချယ်ရပါမယ်။ သဘာဝအတိုင်းအပြင်မှာ စိုက်ပျိုးတာမဟုတ်လို့ မြေဆီသြဇာကောင်းတဲ့ မြေကိုရွေးချယ်ပေးဖို့လည်း လိုအပ်ပါတယ်။ အက်စစ်ဓာတ်ဆန်တဲ့ မြေအမျိုးအစားကိုနှစ်သက်တဲ့ အပင်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အိမ်တွင်းအလှစိုက်အပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အသင့်သုံးစပ်မြေတွေကို အွန်လိုင်းရော အပြင်မှာပါ အလွယ်တကူ ဝယ်ယူလို့ရနေပြီဖြစ်ပါတယ်။ ပန်းအိုးကို နေရောင်တိုက်ရိုက်မကျဘဲ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးမှာ ထားပေးသင့်ပါတယ်။ မနက်ခင်းပိုင်း နေရောင်တိုက်ရိုက်ထိတွေ့တာမျိုးကတော့ ပြဿနာမရှိနိုင်ပေမယ့် ညနေပိုင်းနေရောင်ဆိုရင်တော့ အခန့်မသင့်ရင်အရွက်တွေ လောင်နိုင်တာကြောင့် သတိပြုရပါမယ်။ ပင့်ကူပင်ဟာ ကြီးထွားမှု မြန်ဆန်တာကြောင့် နှစ်စဥ်အိုးအသစ်နဲ့လဲပေးတာမျိုး၊ မြေအသစ် ပြန်လဲပေးတာမျိုးတွေလည်းလုပ်ပေးသင့်ပါတယ်။ 

ပင့်ကူပင်တွေဟာ ရေစိုလွန်း ခြောက်လွန်းတဲ့ အခြေအနေကို မနှစ်သက်တာကြောင့် ရေကိုချိန်ဆပြီး လောင်းပေးဖို့လိုအပ်ပါတယ်။  ရေကိုနေ့တိုင်း အလွန်အကျွံလောင်မိမယ်ဆိုရင် အမြစ်ပုပ်ပြီး အပင်သေသွားနိုင်တာကြောင့် မြေသားခြာက်မှတစ်ကြိမ် ရေလောင်းပေးသင့်ပါတယ်။ ဒီပင့်ကူပင်တွေကို မြေသြဇာအနေနဲ့ ဘိုရွန် (လက်ချား) ဓာတ်ပါဝင်တဲ့ ရွက်ဖျန်းမြေသြဇာများကို ဖျန်းပေးသင့်ပါတယ်။ နွေရာသီလိုအခြေအနေမျိုးမှာဆိုရင်တော့ ၁ လ ၁ ကြိမ်လောက်မြေသြဇာ ဖျန်းပေးသင့်ပါတယ်။ ဆောင်းတွင်းနဲ့ မိုးတွင်းမှာတော့ သူ့သဘာဝအရ ကြီးထွားမှု နှေးကွေးတာဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ 

သူတို့ဟာ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ကြိုက်နှစ်သက်တဲ့ အပင်တွေဖြစ်ပါတယ်။ ရေဝပ်ပြီး အမြဲစိုစွတ်နေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ပင့်ကူပင်တွေဟာ ပိုး၊ ရောဂါဆိုးဆိုးရွားရွား ကျရောက်တာမျိုးမရှိတဲ့ အပင်တွေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မွှားပင့်ကူ၊ ပျ၊ ယင်ဖြူ စတဲ့ပိုးတွေ ကျရောက်တတ်ပါတယ်။ အဓိကသတိထားရမှာက ရေကို ခဏခဏ မလောင်းမိဖို့ပဲ ဖြစ်ပါတယ်။  ကျန်းမာသန်စွမ်းတဲ့ ပင့်ကူပင်တွေဆိုရင် အမြင့်အားဖြင့် ၃ ပေလောက်အထိရှည်လျား ကြီးထွားနိုင်ကြပါတယ်။ ကျန်းမာတဲ့အပင်တွေကနေ အပင်အသစ်တွေ ထွက်လာလေ့ရှိပြီး ၎င်းအပင်တွေကို မူလအပင်အရင်းမှ ဖဲ့ယူကာ ထပ်ပွားစိုက်ပျိုးနိုင်ပါတယ်။ 

သက်တမ်းဘယ်လောက်ရှိလဲ?

ဒီအကြမ်းခံတဲ့ အိမ်တွင်းအလှစိုက် ပင့်ကူပင်ဟာ သက်တမ်းကြာရှည်တဲ့ အပင်ဖြစ်ပါတယ်။ သဘာဝမှာဆိုရင် ကျန်းမာသန်စွမ်းတဲ့ ပင့်ကူပင်တွေဟာ နှစ်ပေါင်း ၂၀ လောက်ထိရှင်သန်နိုင်တယ်လို့ သိရပါတယ်။ အပူပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တွေဖြစ်လို့ အေးတဲ့ရာသီဥတုနဲ့ အပူချိန်နည်းတဲ့ အခြေအနေတွေဟာ ၎င်းတို့ရှင်သန်ကြီးထွားနိုင်ဖို့ အန္တရာယ်ရှိတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ 

အဆိပ်ရှိလား? 

ပင့်ကူပင်ဟာ လူနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အဆိပ်မဖြစ်စေပါဘူး။ 

ဒါကြောင့် အိမ်တွင်းအလှပင်လေးတွေ စိုက်ပျိုးဖို့ စိတ်ကူးရှိတယ်၊ ဝါသနာပါတယ်ဆိုရင်တော့ မျက်စိပသာဒလည်းဖြစ် ဆွဲဆောင်မှုလည်းရှိပြီး ကာဗွန်မိုနောက်ဆိုဒ်လို အဆိပ်ဓာတ်ငွေ့တွေကိုဖယ်ရှားပေးနိုင်ပြီး လေသန့်စင်ပေးတဲ့ ပင့်ကူပင်လေးတွေကိုရွေးချယ်စိုက်ပျိုးကြည့်ကြပါလို့ အကြံပြုရင်း...

Source 

- https://www.trees.com/house-plants/spider-plant

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်