အိမ်တွင်းအလှစိုက်အပင်တွေအတွက် သိထားသင့်တဲ့အချက်များ

01/12/2021 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    ယနေ့ခေတ်မှာဆိုရင် အိမ်တွင်းအလှစိုက်အပင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပြီဖြစ်ပါတယ်။ နေအိမ်တွေ၊ ရုံးတွေ၊ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာပါ အလှစိုက်ပျိုးနေကြတာဖြစ်ပါတယ်။ စိုက်ပျိုးတဲ့နေရာမှာလည်း အပင်အမျိုးအစား စုံလင်စွာရွေးချယ်နိုင်ပြီး အွန်လိုင်းရော အပြင်မှာပါ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ အိမ်တွင်းအလှစိုက်အပင်အများစုဟာ မြန်မာ့ဒေသမျိုးရင်းတွေထက် အာဖရိကနဲ့ အမေရိကဘက်ကမျိုးရင်းတွေက များကြပါတယ်။ သို့သော်လည်း အပင်အများစုဟာ အပူပိုင်း၊ သမပိုင်းရာသီဥတုတွေကို ကြိုက်နှစ်သက်တဲ့ အပင်တွေဖြစ်ကြတာမို့ စိုက်ပျိုးပြုစုမှု အနည်းငယ်လုပ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာလည်း အလွယ်တကူ ရှင်သန်ပေါက်ရောက်နိုင်ကြပါတယ်။ အိမ်တွင်း အလှစိုက်ပင်အများစုရဲ့ ရှင်သန်ပေါက်ရောက်နိုင်မှု အလေ့အထတွေဟာ တူညီကြပါတယ်။ ဒါ့အပြင် အိမ်တွင်းအလှစိုက်အပင်တွေဟာ မျက်စိပသာဒဖြစ်သလို ပတ်ဝန်းကျင်လေထုကိုလည်း သန့်စင်ပေးနိုင်ကြပါတယ်။ ယခုဆောင်းပါးမှာတော့ အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးထားရှိတဲ့အခါ သိထားသင့်တဲ့ အခြေခံကျတဲ့အချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ကျန်းမာသန်စွမ်းတဲ့ အပင်ကိုရွေးချယ်ပါ

    အပင်တွေစိုက်ပျိုးဖို့ ရွေးချယ်တဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့အပင်တွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အွန်လိုင်းကနေပဲဝယ်ဝယ်၊ အပြင်မှာပဲဝယ်ဝယ် အပင်ရဲ့အကြောင်းကို သေချာရှင်းပြနိုင်ပြီး  ယုံကြည်စိတ်ချရတဲ့နေရာမျိုးကနေဝယ်ဖို့ အကြံပြုလိုပါတယ်။ အပင်ဝယ်တဲ့အခါမှာ အပင်ရဲ့ ကျန်းမာသန်းစွမ်းမှု၊ အရွယ်အစား၊ အရွက်တွေရဲ့အခြေအနေ၊ ပင်စည်ရဲ့အနေအထား၊ အပင်ရဲ့အရောင်အသွေးနဲ့ သွင်ပြင်လက္ခဏာတွေကို သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ အမြင်မှာလှရုံနဲလည်း အပင်ကိုမရွေးချယ်သင့်ပါဘူး။ အရွက်တွေ ညိုမဲနေတာမျိုး၊ အရွက်တွေကြွေပြီး အဝါရောင်ပြောင်းနေတာမျိုး၊ ပိုးရောဂါကျနေတဲ့အပင်မျိုး၊ မြေက စိုထိုင်းဆ အရမ်းများနေတာမျိုး၊ ပင်စည်ပျော့ပျောင်းပြီး ပုံမှန်ထက်သေးနေတာမျိုး၊ ပင်စည်ကပုံမှန်မဟုတ်ဘဲ ရှုံ့တွနေတဲ့ အပင်မျိုးတွေဆိုရင် ရှောင်ရှားသင့်ပါတယ်။ ဒီလိုအပင်တွေဟာ သက်တမ်းမရှည်သလို အခန့်မသင့်ရင် ရောဂါတွေတောင် သယ်ဆောင်လာနိုင်တာမို့ အခြားအပင်တွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်ရွေးချယ်ဖို့ အခက်အခဲရှိတယ်ဆိုရင် အပင်နဲ့ ပတ်သက်ပြီး သိနားလည်တဲ့သူ (သို့မဟုတ်) ကောင်းစွာအကြံပေးရှင်းပြနိုင်တဲ့ နေရာမျိုးကနေပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အပင်တွေကို ပထမဆုံးအနေနဲ့ စပြီးစိုက်မယ့်သူဆိုရင်တော့ စိုက်ပျိုးပြုစုရတာလွယ်တဲ့ အပင်အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာ - ကျိကျိတက်ဂမုန်း၊ ယောက္ခမလျှာ၊ ရွှေလာငွေလာစပ်ကြား စတဲ့အပင်တွေကို ရွေးချယ်သင့်ပါတယ်။ 

အလင်းရောင်ရရှိမှုနှင့် နေရာအနေအထား  

    အိမ်မှာ (သို့မဟုတ်) ရုံးခန်းတွေမှာ အပင်တွေထားရှိတော့မယ်ဆိုရင် နေရာကို ကြိုတင်ပြီး ရွေးချယ်ထားသင့်ပါတယ်။ အဆင်ပြေမယ့်နေရာမှာ အလွယ်တကူ ထားလိုက်တာမျိုးမဟုတ်ဘဲ အပင်တွေအတွက် သဘာဝအလင်းရောင် ကောင်းကောင်းရမယ့်နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ မိမိစိုက်ပျိုးမယ့်အပင်ရဲ့ သဘောသဘာဝကိုလေ့လာပြီး စိုထိုင်းဆများတာကို ကြိုက်နှစ်သက်တဲ့ အပင်လား၊ ခြောက်သွေ့တာကို ကြိုက်နှစ်သက်တဲ့ အပင်လား၊ အလင်းရောင်ကိုပိုကြိုက်လား၊ အရိပ်ရတာကို ပိုနှစ်သက်လားဆိုတာတွေကိုလည်း သိထားသင့်ပါတယ်။ မိမိစိုက်ပျိုးမယ့်နေရာဟာ အပင်ထားဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ နေရာအများကြီးမယူဘဲ ချိတ်ဆွဲပြီးစိုက်ပျိုးလို့ရတဲ့ အပင်တွေကို ရွေးချယ်နိုင်ပါတယ်။ အလင်းရောင်ရရှိမှုဟာ အပင်ရဲ့ ကျန်းမာသန်စွမ်းမှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အလင်းကို လိုသလောက်ကောင်းစွာမရတဲ့ အပင်တွေဟာ ပိုးမွှားနဲ့ ရောဂါတွေလည်း ပိုမိုကျရောက်လေ့ရှိပါတယ်။ အိမ်တွင်းအလှစိုက်ပင်အများစုဟာ နံနက်ခင်းနေရောင်ကို ကောင်းစွာရရှိဖို့လိုအပ်တာကြောင့် နေပြပေးဖို့ လိုအပ်ပါတယ်။ မြို့ပြတွေလို တိုက်ခန်းတွေမှာ အပင်တွေစိုက်ပျိုးတဲ့အခါ သဘာဝနေရောင်ကို ကောင်းစွာမရရှိပါက အပင်တွေကြီးထွားဖို့အတွက် ဖန်တီးထုတ်လုပ်ထားတဲ့ Grow Light မီးသီး၊ မီးချောင်း တွေကို ဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်။ Grow Light အကြောင်းကိုတော့ “အိမ်တွင်းစိုက်ပျိုးတဲ့ အပင်များနဲ့ အလင်းရောင်လိုအပ်ချက်” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

ရေလိုအပ်ချက်

    အိမ်တွင်းအလှစိုက်အပင်အများစု သေကြရတာဟာ စိုက်ပျိုးသူရဲ့ ရေလောင်းမှုမမှန်ကန်တာကြောင့် ဖြစ်ပါတယ်။ စိုက်ပျိုးသူအများစုဟာ ရေမကြာခဏလောင်းတတ်ကြတာကြောင့် အပင်နဲ့ မြေသားဟာ စိုထိုင်းဆများပြီး အမြစ်ပုပ်တာတွေ၊ အပင်ကညှိုးလာတာတွေ၊ အရွက်တွေဝါလာပြီး ကြွေကျတာတွေနဲ့ နောက်ဆုံးမှာ ရောဂါတွေပါ ကျရောက်လာတာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ရာသီဥတုအခြေအနေ၊ အပင်အမျိုးအစား၊ အပင်ထည့်စိုက်ထားတဲ့ အိုးအမျိုးအစား၊ မြေသားအခြေအနေစတဲ့ အချက်တွေအပေါ် မူတည်ပြီး ရေလောင်းပေးသင့်ပါတယ်။ ပလတ်စတစ်အိုးတွေဟာ အခြားသောအိုးတွေထက် ရေထိန်းထားမှု ပိုများတာကြောင့် ပလပ်စတစ်အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ ကောင်းစွာသတိပြုဖို့လိုအပ်ပါမယ်။ အိမ်တွင်း အလှစိုက်အပင် အများစုဟာ ရေများတာမကြိုက်တာမို့ အပေါ်ယံမြေသား ၂ လက်မ မှ ၃ လက်မ လောက်အထိ ကောင်းစွာခြောက်သွေ့ပြီဆိုမှ ရေလောင်းပေးသင့်ပါတယ်။ အချို့ စိုထိုင်းဆများတာကိုကြိုက်နှစ်သက်တဲ့ အပင်တွေဆိုရင် ရေခွက်နဲ့လောင်းချလိုက်တာထက် ရေဖျန်းတဲ့ဗူးလေးတွေနဲ့ ဖျန်းပေးတာက ပိုပြီးသင့်တော်ပါတယ်။ ဒါ့ကြောင့် မိမိစိုက်ပျိုးမယ့် အပင်အမျိုးအစားနဲ့ပတ်သက်ပြီး ကြိုတင်လေ့လာထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ 

မြေဩဇာကျွေးခြင်း 

    ကျန်းမာသန်စွမ်းပြီး လှပတဲ့အပင်နဲ့ ပန်းတွေပွင့်နိုင်ဖို့အတွက် အပင်တွေကို အစာကျွေးဖို့လိုအပ်ပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို များသောအားဖြင့် ၁၃ ပတ်လည် ကွန်ပေါင်းမြေဩဇာကျွေးရလေ့ရှိပါတယ်။ နောက်တစ်ခါ နိုက်ထရိုဂျင် (ယူရီးယား၊ ပုလဲ) မြေဩဇာနဲ့ ဆားခါးတို့ကိုလည်း အချိုးကျထည့်ပေးလို့ရပါတယ်။ မြေဩဇာတွေကို ၁ လ ၁ ကြိမ် (သို့မဟုတ်) ၂ ပတ် ၁ ကြိမ် အနည်းငယ်ခွဲပြီးထည့်ပေးနိုင်ပါတယ်။ နောက်တစ်ခါ ကြက်ဥခွံတို့၊ သောက်ပြီးလို့ကျန်ရှိတဲ့ ကော်ဖီအမှုန့်တို့၊ အုန်းဆံခွံစတာတွေလည်းထည့်ပေးနိုင်ပါတယ်။ ချိတ်ဆွဲပြီးစိုက်ပျိုးရတဲ့ အပင်တွေဆိုရင် ဆန်ဆေးရည်တို့၊ ငါးအမိုင်နိုအက်စစ်ဖျော်ရည်တို့၊ အီးအမ်ဖျော်ရည်တို့ကို လောင်းပေးနိုင်ပါတယ်။ 

မြေလဲပေးခြင်း

    အိမ်တွင်းအလှစိုက်အပင်တွေကို ၁ နှစ် ၁ ကြိမ်မြေလဲပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အိမ်တွင်းအလှစိုက် အပင်တွေအတွက် စပ်မြေပြုလုပ်တဲ့အခါ ဖွဲပြာ၊ ကြက်ချေး၊ နွားချေး၊ မြေဆွေး၊ အုန်းဆံမှုန့်၊ အုန်းဆံမျှင်၊ အုန်းဆံတုံး စတာတွေကို အချိုးကျထည့်သွင်းပေးရပါတယ်။ အကယ်၍ ကိုယ်တိုင် မြေစပ်ဖို့အခက်အခဲရှိတယ်ဆိုရင်တော့ အသင့်သုံးစပ်မြေတွေကို အွန်လိုင်းရော အပြင်မှာပါ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အချိန်ကြာမြင့်င့်စွာ မြေမလဲဘဲထားမယ်ဆိုရင် မြေကြပ်ပြီး အမြစ်ကြီးထွားမှုကို ထိခိုက်နိုင်သလို ပိုးမွှားနဲ့ ရောဂါတွေလည်း ခိုအောင်းနိုင်ပါတယ်။ 

    အိမ်တွင်းအလှစိုက်အပင်တွေမှာ ပိုး၊ ရောဂါကျရောက် ဖျက်ဆီးထားတာတွေ့ရမယ်ဆိုရင် ဖျက်ဆီးခံထားရတဲ့ အပင်အစိတ်အပိုင်းတွေကို ချက်ချင်းဖယ်ရှားနိုင်တာ အကောင်းဆုံးပါပဲ။ အိမ်ထဲမှာ စိုက်ပျိုးတာဖြစ်လို့ ဓာတုပိုးသတ်ဆေးတွေကိုတော့ မသုံးစေချင်ပါဘူး။ သဘာဝပိုးသတ်ဆေးတွေကိုပဲ ပြုလုပ်စမ်းသပ်သုံးစွဲကြည့်ဖို့ အကြံပြုလိုပါတယ်။ အကယ်လို့ ဓာတုပိုးသတ်ဆေး အသုံးပြုချင်တယ်ဆိုရင်တော့ အပင်ကို အိမ်အပြင်မှာထားပြီးတော့မှပဲ အသုံးပြုစေချင်ပါတယ်။ နောက်ထပ် သတိပေးချင်တာတစ်ခုကတော့ အိမ်တွင်းအလှစိုက်အပင်အချို့ဟာ စားမိရင် မအီမသာဖြစ်ပြီး အဆိပ်အနည်းငယ်သင့်နိုင်တာကြောင့် ကလေးငယ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မစားမိစေဖို့ သတိပြုသင့်ပါတယ်။ 

Source - www.pennington.com 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်