ပြည်သူ့ဆရာတော်၊ ကမ္ဘာကြီး၏ ရဟန်းတော်
ရဟန်းတော်သည် မြွေကြီးကို ဖမ်းလာသော လယ်သမားများကို တရားမပြလိုက်ပါ။ ထိုမြွေကြီးကို ငွေပေးပြီး ဝယ်လိုက်သည်။ အလွန်ကြီးမားသော စပါးကြီးဟု ယူဆရမည့် မြွေကြီးကို ရဟန်းတော်က ကိုယ်တိုင်လက်ဖြင့် တောအုပ်ထဲသို့ ပြန်လွှတ်ပေးလိုက်ချိန်တွင် မေတ္တာပို့ ဆုတောင်းတစ်ခုကို ရဟန်းတော်က ရွတ်လျက်ရှိသည်။ မြွေကြီးသည် မေတ္တာတရားကို သိသည့် အလားရန် မီးသတ္တရုမှ ဝေးရာဆီသို့ လျှောခနဲ ထွက်သွားပြီး စိမ်းစို ပိတ်မှောင်နေသော တောအုပ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။ ယင်းကဲ့သို့ ကြုံလျှင် ကြံုသလို တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ခြင်းသည်လည်း ကမ္ဘောဒီးယား ဆရာတော် ဘန်ဆာလု၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသတည်း။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်ဘန်ဆာလုသည် တောအုပ်ကြီးကို သဘာဝအတိုင်း ရှိနေအောင် ရွပ်ရွပ်ချွံချွံ ကာကွယ်ပေးခဲ့သည့် ခရူးဆိတ်စစ်သည် တော်ကြီးအလား ဖြစ်သည်။ လောဘသားများ ဝိုင်းဝန်း ပြစ်မှားနေကြသည့် သစ်ပင်ဝါးပင်၊ ပန်းအလှသားရဲ ပေါများသည့် တောအုပ်ကြီးကို တစ်ပါးတည်းက ထိန်းသိမ်းကာကွယ်ရန် မဖြစ်နိုင်ပေ။ ဒကာ၊ ဒကာမပေါင်း များစွာကို သူ့ဘက် ပါလာအောင် စည်းရုံး ဟောပြောရသေးသည်။ ထို့ကြောင့် အလွန်ကျွမ်းကျင် ပါးနပ်သော ရပ်ရွာ စည်းရုံးလှုပ်ရှားသူဟု ပြောမည်ဆိုလည်း ရမည်ဟု ထင်ပါသည်။ ထို့ကြောင့်ပင် ကုလသမဂ္ဂက ချီးမြှင့်သည့် ဖွံ့ဖြိုးရေးဆုများနှင့် အီကွေတာ ဆုကဲ့သို့သော သဘာဝ ပတ်ဝန်းကျင်ဆုများကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ဗုဒ္ဓသာသနာတော်ဟာ သဘာဝတရားကို ထိန်းသိမ်းတဲ့ နေရာမှာ အဓိက အခန်းကဏ္ဍကနေ ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်က တောသစ်ပင် ဂူမြှောင်တွေရဲ့ အရိပ်အာဝါသကို မှီခိုပြီး တရားထူးရအောင် အားထုတ်ပြသွားခဲ့တယ်။ ဒီလိုနည်းနဲ့ သဘာဝတရား သတ္တဝါတွေကို မေတ္တာထားတတ်အောင် နည်းပေးလမ်းပြ သွားခဲ့တယ်” ဟု ဆရာတော် ဘန်ဆာလုက မိန့်ကြားပါသည်။
ဆရာတော်နှင့် နောက်လိုက် နောက်ပါများ၏ ကြိုးစားမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း အမြဲစိမ်းသစ်တော ဟက်တာဧက ၁၈,၂၆၁ သည် ဘေးမဲ့တောကြီး ဖြစ်သွားခဲ့ပြီး ရှင်ရဟန်းများဟု အမည်ပေးထားသည့် အစုအဖွဲ့ပိုင် သစ်တောကြီးအဖြစ် စိမ်းစိုစွာ မားမားစွင့်စွင့် ရပ်တည်နေလေပြီ။ ဆရာတော်သည် ကမ္ဘောဒီးယား၏ အလွန်ဆိုးရွားသော တရားမဝင် သစ်ခိုးခုတ်ခြင်းနှင့် မြေယာချဲ့ထွင်ခြင်း ကိစ္စကို တိုက်ခိုက်ခြင်း မပြုမီ ပထမဆုံး လုပ်ရသည့် အလုပ်က ဒကာ၊ ဒကာမများကို တရားဟောခြင်း ဖြစ်သည်။ သင်ကြားပြသရာတွင် တောအုပ်ကြီးသည် မိမိတို့ရပ်ရွာ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရေရှည်တည်တံ့စွာ ထောက်ပံ့ ပေးထားနိုင်ကြောင်း အမြင်ဖွင့်ပေးရသည်။ ထိုတောအုပ်ကြီးကို စုပေါင်းကာကွယ်ကြဖို့ လိုက်လံဆော်သြရသည်။
၂၀၀၂ တွင် စတင်ခဲ့သည့် ဆရာတော်၏ လုပ်ငန်းများကို ထိုစဉ်က အချို့က လက်ခံယုံကြည်ကြခြင်း မရှိသေးပေ။ ဒီဘုန်းကြီး သစ်ကောင်းဝါးကောင်းတွေ ထွက်သည့် တောအုပ်ကြီးကို လက်ဝါးကြီးအုပ် စီးပွားလုပ်ချင်လို့ ကြိုးစားနေခြင်းဟု မြင်သည့် ရွာသားများကိုလည်း ရင်ဆိုင်ရသည်။ နောက်ပိုင်းတော့ တောအုပ်ကြီးကို ထိန်းသိမ်းခြင်းသည် ရပ်ရွာ၏ စားဝတ်နေရေးအတွက် အမှန်တကယ် အကျိုးရှိကြောင်း နားလည်လာကြပြီး ရဟန်းတော်၏ လုပ်ငန်းများကို ကူညီလာကြသည်။
“သဘာဝတရားကို မေတ္တာထားတတ်လာအောင် သင်ကြားပေးတဲ့ တရားဓမ္မတွေကို ပြည်သူ ၏များအကြား ပျံ့နှံ့လာစေဖို့ ကြိုးစားရတယ်၊ တောအုပ်ကြီးရဲ့ တန်ဖိုးကို နားလည်လာအောင် သင်ပြရတယ်” ဟု ဆရာတော်က ၎င်း၏ ရပ်ရွာစည်းရုံးရေး လုပ်ငန်းများ အကြောင်းကို မိန့်ကြားပါသည်။
“ဒီတောကြီးသာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ဘဝ တော်တော်ထိခိုက်သွားမယ်” ဟု ရွာသားတစ်ဦးဖြစ်သူ ချန်ရိက ပြောကြားသည်။ “တောထဲသွား မှိုချိုး၊ ချင်းပင်တွေ နုတ်တဲ့နည်းနဲ့ အိမ်အတွက် ဆန်ဝယ်လို့ ရတယ်။ သူများဆီကလည်း ချေးစရာ မလိုဘူး” ဟု ၎င်းက ဆိုပါသည်။ ချန်ရိသည် တောထဲမှ မှိုများနှင့် သစ်စေးများကို စုဝေးပြီး ပြန်ရောင်းချခြင်းဖြင့် တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၀ ပတ်ဝန်းကျင်လောက် ရသည်။ ထိုငွေသည် မြန်မာငွေ တစ်သိန်း နှစ်သောင်းလောက်သာ ရှိပြီး မများလှဟု ယူဆနိုင်သော်လည်း နိုင်ငံတကာ ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်ရကာ တစ်ရက်လျှင် တစ်ဒေါ်လာဝက်အောက် ဝင်ငွေသာရသော ကမ္ဘောဒီးယားပြည်သူ သုံးပုံတစ်ပုံခန့် အတွက်တော့ အလွန်များပြားသော ဝင်ငွေဖြစ်သည်။
ယခုအခါ ဘုန်းတော်ကြီး ဘန်ဆာလု၏ ခေါင်းဆောင်မှုအောက်တွင် ကျေးရွာပေါင်း ခြောက်ရွာမှ ရွာသူရွာသားများ သစ်သူခိုးများဒဏ်မှ တောအုပ်ကြီးကို စုပေါင်း စောင့်ရှောက်ကြပြီး တောအုပ် ရေရှည်တည်တံ့ရေးကို မဖျက်ဆီးသည့် တောထွက်ပစ္စည်းများကို မျှဝေကာ အတူတကွ စားသုံးကြပေသည်။ တောအုပ် ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ရွာသားများ အားလုံး၏ အကြံပေးသည့် နည်းလမ်းများအတိုင်း အားလုံးပါဝင် လုပ်ဆောင်ပေးကြသည်။
“ရှင်ရဟန်းများကလည်း ဝင်မကြိုးစား မကာကွယ်ဘူးဆိုရင် တောအုပ်ကြီးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ရလိမ့်မယ်။ သစ်တောသစ်ပင်ကို ကာကွယ်ရတာဟာ အလွန်အင်မတန်မှ အရေးကြီးတယ်။ ကာဗွန်လို အဆိပ်တွေကို သူက စုပ်ယူပေးပြီး အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အောက်ဆီဂျင်လို အရာတွေကို ထုတ်ပေးတာကိုး” ဟု အရှင်ဘန်ဆာလုက မိန့်ကြားပါသည်။
ရဟန်းတော်များဟု အမည်ရသည့် အစုအဖွဲ့ပိုင် တောအုပ်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကုလသမဂ္ဂက လုပ်ဆောင်ပေးနေသော တောပြုန်းခြင်း၊ မြေဆီလွှာပြုန်းခြင်း လျှော့ချရေး အစီအစဉ်များမှ ကာဗွန်လျှော့ချရေး စီမံကိန်း အသိအမှတ်ပြု အစုအဖွဲ့ပိုင် ကြိုးဝိုင်းသစ်တော ၁၃ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။
ရိုးသားသော တောသူတောင်သားများကို ပညာတတ် ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားထူး တရားကောင်းများသာမက လောကကြီးမှ သက်ရှိသက်မဲ့များနှင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် နည်းပေးလမ်းပြ ဦးဆောင်စည်းရုံးမှုမျိုး လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ရွာသူရွာသားများနှင့် လက်ရည်တစ်ပြင်တည်း စုပေါင်းကာ ရွာပေါင်း ခြောက်ရွာ၏ ရေရှည် စားမကုန်သည့် ထမင်းအိုးကြီးကို တစ်မုဟုတ်ချင်း ကုန်အောင်ပြုလုပ်မည့် သစ်ခုတ်လုပ်ငန်းများမှ စုပေါင်း ကာကွယ်သည့် သတ္တိနှင့် ဇွဲလုံ့လတို့သည်ကား ကြည်ညိုဖွယ် ဖြစ်သည်။ တရားတော်နဲ့ အညီ စိမ်းလန်းသော မေတ္တာတရား ထုံမွှမ်းသည့် လူ့အဖွဲ့အစည်း ရပ်ရွာဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည်မှာကား ဘာသာသာသနာကို စောင့်ရှောက်ခြင်းလည်း အမှန်တကယ် မည်ပါပေသည်။
သန့်ဇင်စိုး
ဆက်စပ်မေးခွန်းများ
အယ်နီညိုကြောင့်၂နှစ်သားရော်ဘာပင်ကို ဘာတွေပြင်ဆင်ဖို့လိုအပ်သလဲ ဆရာတို့
Balai Mon • ဖြေကြားချက် 0 ခု
ဂန္ဓမာ စူပါကျောက်စိမ်းမျိုးက တန်ဆောင်မုန်း နတ်တော်လမှာစပြီးစိုက်ရမှာလာ သို့ အဲဒီလမတိုင်မှီစိုက်ပျိုးရမှာလာ ပန်းသက်တမ်း ဘယ်လောက်ရှိလဲ မီးမထွန်းပဲစိုက်ချင်လိုပါ မီးထွန်းပီးစိုက်တာက သူ့ရာသီချိန်းမဟုတ်တဲ့အတွက် မီးထွန်းပေးရတာလာ တစ်နှစ်ပတ်လုံးစိုက်လို့ရပါသလာ ပြန်လည်ဖြေကြားပေးပါဉီးခင်ဗျာ🙏
bominthu • ဖြေကြားချက် 0 ခု
ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ အဲ့နေ့ထိတော့ရလောက်ပါသေးတယ်နော့ဆျာ သတိမထားမိတာဆရာ အပင်တော်တော်များများမှာ အဲ့အပင်လေးတွေ အဲ့ပုံစံလေးတွေ စဖြစ်နေပီ နောက်ထပ်လေ မန်ကိုဇက် ၂ ကြိမ် ဂရမ်း ၁ ကြိမ် ဒိုင်ဇီ ၁ကြိမ် ပုံမှန်ဝင်ထားပါရဲ့နဲ့ ဘက်တီးရီးယားမဟုတ်ပဲ အဲ့မှို ရောဂါက ဘာကြောင့်ဝင်ရတာလဲဆရာ အချိန်ရရင်ရှင်းပြပေးပါအူးဆရာ
U Yan • ဖြေကြားချက် 2 ခု
ဒူးရင်းပင်အတွက်ဘာမြေဩဇာသုံးးရမလည်းဗျာ
စိုးခန့်ကကို • ဖြေကြားချက် 1 ခု
အရွက်ကဘာဖစ်လည်းဆိုတာသိချင်လို့ပါဗျ
စိုးခန့်ကကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026